spot_img
Thursday, March 13, 2025
More
    spot_img
    Homeသတင်းလောင်းလုံးတွင် စစ်ကောင်စီ စစ်ကြောင်းက ဒေသခံလူငယ် သုံးဦးထက်မနည်းကို သတ်ဖြတ်ခဲ့

    လောင်းလုံးတွင် စစ်ကောင်စီ စစ်ကြောင်းက ဒေသခံလူငယ် သုံးဦးထက်မနည်းကို သတ်ဖြတ်ခဲ့

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စုဘက်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်တို့က ဒေသခံလူငယ်အမျိုးသား သုံးဦးထက်မနည်းကို သတ်ဖြတ်ခဲ့ကြောင်း ထားဝယ်ခရိုင်သပိတ်ကော်မတီအဖွဲ့ထံမှ သိရသည်။

    စစ်ကောင်စီတပ် စစ်ကြောင်းသည် အောက်တိုဘာ ၁၂ ရက်နေ့က အောက်ရေဖြူကျေးရွာအုပ်စုဘက်ကို စစ်ကြောင်းထိုး စတင်ဝင်ရောက်လာခဲ့သည်။

    ထိုစစ်ကောင်စီ စစ်ကြောင်းသည် အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လည်ပိုင်းခန့်က ဘေးလွတ်ရာသို့ ဆိုင်ကယ်ဖြင့် ထွက်ပြေးလာသည့် အသက် ၃၀ ဝန်းကျင် ကဒက်ငယ်ထိန်ရွာခံ ကိုမင်းအောင် (ခ) ကိုကန်းကန်းဆိုသူကို ဖမ်းဆီးခဲ့ပြီး အောက်ရေဖြူကျေးရွာနှင့် ကဒက်ငယ်ထိန်ရွာကြားတွင် ပစ်သတ်ခဲ့သည်။

    ယင်းနေ့တွင်ပင် အောက်ရေဖြူရွာမှ အသက် ၂၅ နှစ်အရွယ် ကိုမင်းကိုကိုဆိုသူလည်း စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ခံခဲ့ပြီး ရုပ်အလောင်းကို အောက်တိုဘာလ ၂၁ ရက်နေ့က ညင်းမော်ကျေးရွာတွင် တွေ့ရှိခဲ့သည်ဟု ဆိုသည်။

    ကိုမင်းကိုကိုနှင့် အတူ အမည်မသိ အခြားလူငယ်တစ်ဦး၏ ရုပ်အလောင်းကိုလည်း တွေ့ရှိခဲ့ပြီး နှစ်ဦးစလုံး လည်ပင်း ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ဟု ထားဝယ်ခရိုင် သပိတ်ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “သူတို့စစ်ကြောင်းဝင်တဲ့အချိန်မှာ ပြည်သူတွေကိုဖမ်းတယ်။ နောက်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ နှစ်ဖက်ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်။ နှစ်ဖက်ပစ်ခတ်မှုဖြစ်တဲ့ချိန်မှာ ကျည်ထိတဲ့ပြည်သူတွေလည်းရှိတယ်။ စစ်ကောင်စီက လမ်းသွားလမ်းလာသူတွေကိုလည်း ဖမ်းတယ်။ လမ်းမှ သတ်ဖြတ်ခံရတာလည်း ရှိတယ်။ စစ်ကောင်စီ ပစ်ခတ်တဲ့လက်နက်ကြီးတွေကြောင့် ဒေသခံတွေရဲ့အိမ်ပေါ်ကိုကျတာလည်းရှိတယ်။ ပြီးတော့ လောင်းလုံးအပေါ်ပိုင်းအိမ်တစ်လုံးနဲ့ အောက်ပိုင်းအိမ်တစ်လုံးကိုလည်း မီးရှို့လိုက်တယ်” ဟု ၎င်းက ပြောသည်။

    လောင်းလုံးမြို့ အောက်ပိုင်းကျေးရွာများဖြစ်သည့် ဂေါ့အင်း၊ ကဒက်ငယ်ထိန်၊ ကထိန်ကြီး၊ စပ်ပြဲ စသည့် ကျေးရွာများဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့တို့သည် အောက်တိုဘာလ အောက်တိုဘာလ ၁၉ ရက်နေ့က ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။

    သို့သော် လောင်းလုံး အပေါ်ပိုင်းဖြစ်သည့် သဗျာရွာ၊ မင်းရပ်ရွာ၊ သာယာကုန်းရွာအပြင် အနီးအနားရှိကျေးရွာတို့တွင် စက်တင်ဘာလ ၂၂ ရက်နေ့ထိ စစ်ကောင်စီ စစ်ကြောင်းတို့က လှည့်လည် သွားလာနေဆဲဖြစ်ပြီး လူသူမရှိသည့်အိမ်၊ ဘုန်းကြီးကျောင်းတို့တွင် ဝင်ရောက်စခန်းချ နေထိုင်နေကြောင်း ဆိုသည်။

    “စစ်ကြောင်းဝင်လာတဲ့အချိန်က ဒေသခံအများစုက ထွက်ပြေးကြတာပေါ့နော်။ လောင်းလုံးအောက်ပိုင်းက ဒေသခံတော်တော်များများကတော့ ပြန်လာကြပြီ။ မြို့ပေါ်မှာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံတွေတော့ တချို့ကပဲ ပြန်လာကြတာ။ တချို့က ပြန်မလာကြသေးဘူး။ လောင်းလုံးအပေါ်ပိုင်းက ဒေသခံတွေကတော့ ပြန်မလာရဲသေးဘူး” ဟု ထားဝယ်ခရိုင် သပိတ်ကော်မတီအဖွဲ့ဝင်က ဆက်ပြောသည်။

    လောင်းလုံမြို့အောက်ပိုင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်တို့က ဒေသခံရာနှင့်ချီကို ဖမ်းဆီးခံထားရပြီး၊ အများစု ပြန်လည်းလွှတ်မြောက်လာသော်လည်း လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရသူများလည်းရှိနေသည်။

    လောင်းလုံမြို့နယ်အတွင်း အင်အား ၁၀၀ ကျော်ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တို့သည် လူငယ်သုံးဦးကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကျည် ထိမှန်ခြင်း၊ ပစ်ခတ်ပေါက်ကွဲသံများကြောင့် ထိန့်လန့်သေဆုံးခဲ့ရသည့် ဒေသခံလည်း ရှိနေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,400SubscribersSubscribe
    spot_img

    Latest posts