Homeသတင်းထားဝယ် ဆီသယ်သင်္ဘော မီးလောင်မှုတွင် သေဆုံးသူ ၈ ဦး၊ ဒဏ်ရာရသူ သုံးဦးရှိ

ထားဝယ် ဆီသယ်သင်္ဘော မီးလောင်မှုတွင် သေဆုံးသူ ၈ ဦး၊ ဒဏ်ရာရသူ သုံးဦးရှိ

-

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စာပြင်ရပ်ကွက်၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းမြေနေရာရှိ ဆီသယ်သင်္ဘော မီးလောင်မှုဖြစ်စဉ်တွင် သေဆုံးသူ ရှစ်ဦး၊ ထိခိုက်ဒဏ်ရာရသူ သုံးဦးရှိပြီး တစ်ဦးပျောက်ဆုံးနေကြောင်း လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။

ဓာတ်ပုံ – ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ (ထားဝယ်)

ဆီသယ်သင်္ဘောသည် အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့ပြီး ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းမှသာ မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု ထားဝယ်မြို့အခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သင်္ဘောက စက်သုံးဆီသယ်တဲ့ သင်္ဘောဆိုတော့ မီးကို မနေ့ညနေပိုင်းကစလို့ တစ်ညလုံးငြှိမ်းသတ်ခဲ့ရတာပါ။ ဒီနေ့မနက်ပိုင်းမှဘဲ မီးငြိမ်းသွားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထိုဆီသယ်သင်္ဘော မီးလောင်မှုအတွင်း အမျိုးသား ခုနှစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးသွားပြီး၊ အမျိုးသား နှစ် ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နောက်ထပ်အမျိုးသား တစ်ဦးလည်း ပျောက်ဆုံးနေကြောင်း ဆိုသည်။

ဆီသယ်သင်္ဘော မီးလောင်မှုကြောင့် သင်္ဘောပေါ်ရှိ ဒီဇယ်ဆီ လီတာ ၅၀၀၀၀ နှင့် ဓါတ်ဆီလီတာ ၅၀၀၀၀ ဆုံးရှုံးသွားသည်ဟုလည်း သိရသည်။

ဆီသယ်သင်္ဘောမီးလောင်မှုကို မီးသတ်တပ်ဖွဲ့နှင့်အတူ ထားဝယ်မြို့အခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအသင်းများ၊ မြို့ခံပြည်သူများ၏ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ယန့ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်မှသာ မီးငြှိမ်းသတ်နိုင်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts