spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီ ဖမ်းဆီးသွားသည့် ရေးဒေသခံလူငယ် ၄ ဦး မိသားစုဝင်တို့နှင့် အဆက်သွယ်မရဟု ဆို

    စစ်ကောင်စီ ဖမ်းဆီးသွားသည့် ရေးဒေသခံလူငယ် ၄ ဦး မိသားစုဝင်တို့နှင့် အဆက်သွယ်မရဟု ဆို

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့နှင့် ပတ်သက်နေသည် ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးသွားသည့် ရေးဒေသခံ လူငယ် ၄ ဦး မိသားစုဝင်တို့နှင့် အဆက်သွယ်မရသေးကြောင်း ၎င်းတို့မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။

    အောက်တိုဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အတွင်း ဖမ်းဆီးခံထားရသည့် အဆိုပါ လူငယ် ၄ ဦးတို့တွင် မောင်ပုံချစ် ချောင်းတောင်ကျေးရွာနှင့် ရေးမြို့ပေါ် အောင်မေတ္တာရပ်ကွက်နေ လူငယ်အမျိုးသားတစ်ဦးအပါအဝင် မအေးချမ်း၊ မငယ်ငယ်တို့ပါဝင်ပြီး ၎င်းတို့နေအိမ်တွင်ရှိ နေစဥ် စစ်ကောင်စီက အင်အား ၅၀ ဝန်းကျင်ဖြင့် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ခြင်းဖြစ်သည်။

    “ဧည့်စာရင်းစစ်မယ်ဆိုပြီးတော့ အိမ်ထဲကို ဝိုင်းပြီး လူငယ်တွေကို ကားပေါ် ခေါ်တင်သွားတယ်၊ ဘယ်သူမှ ထွက်မကြည့်ရဲဘူး၊ ကားတွေလာပြီး ရဲလား၊ စစ်သားလား မသိ အင်အားများတယ်၊ ဖမ်းပြီး ဘယ်ကိုခေါ်ဆောင်သွားလဲ မသိသေးဘူး” ဟု ဖမ်းဆီးခံလူငယ် ၄ ဦးတို့၏ မိသားစုဝင်နှင့် နီးစပ်သူ ရေးမြို့ခံတစ်ဦးက ပြောသည်။

    ယင်းလူငယ် ၄ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် လက်ရှိ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို သတင်းမရရှိဘဲ မိသားစုဝင်များနှင့်လည်း အဆက်သွယ်ပြတ်နေ ခြင်းကြောင့် မိသားစုဝင်ဖြစ်သူတို့က စိုးရိမ်ပူပင်နေရသည်ဟု ဆိုသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပို့နေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရသည့် ရေးဒေသခံလူငယ် ၅ ဦးအနက် ၂ ဦးကို တရားစွဲလိုက်ပြီး ကျန် ၃ ဦးမှာလည်း ယနေ့ထိ မိသားစုဝင်တို့နှင့် အဆက်သွယ်မရသေးကြောင်း ဒေသခံများထံမှ သိရသည်။

    စစ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း နေထိုင်သည့် လူငယ်များကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PDF) တို့နှင့် အဆက်အသွယ်ပြုလုပ်ခြင်း၊ ထောက်ပို့ခြင်းစသည့် စွပ်စွဲချက်တို့ဖြင့် ဖမ်းဆီးခံရသူ အများအပြားရှိသည့်အပြင် လူမှုကူညီရေးအသင်းဝင်များလည်း ဖမ်းဆီးခံရမှုများ တိုးမြင့်လာနေသည်။

    လက်ရှိတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ပတ်သက်နေသည့်လူငယ်များကို စစ်ကောင်စီမှ အရပ်ဝတ်ဖြင့် အသွင်းယူပြီး လိုက်လံ စုံစမ်းလျှက်ရှိတာကြောင့် ဖမ်းဆီးများ ဆက်တိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီအသိုင်းအဝိုင်းများထံမှ သိရသည်။

    နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ယခုအောက်တိုဘာလ ၁၁ ရက်နေ့အထိ ဖော်ပြထားသည့်စာရင်းအရ စစ်အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနှင့် ဆက်စပ်မှုကြောင့် လူပေါင်း ၂၇၅၄၁ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks