spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းခရီးသွားပြည်သူများအပေါ် တင်းကြပ်စွာစစ်ဆေးနေခြင်းကို ဖြေလျှော့သင့်ဟုဆို

    ခရီးသွားပြည်သူများအပေါ် တင်းကြပ်စွာစစ်ဆေးနေခြင်းကို ဖြေလျှော့သင့်ဟုဆို

    -

    လာမည့် ပွင့်လင်းရာသီတွင် မွန်ပြည်နယ်အတွင်း လာရောက်လည်ပတ်သည့် ခရီးသွားများအပေါ် တင်းကြပ်စွာစစ်ဆေးနေခြင်းကို ပြန်လည်ဖြေလျှော့ပေးသင့်ကြောင်း ခရီးသွားဧည့်လမ်းညွန်တို့က ပြောသည်။

    ယခုနှစ် ခရီးသွားရာသီအချိန်တွင် မွန်ပြည်နယ်ကို ပြည်တွင်း၊ ပြည်ပခရီးသွားများနှင့် ပိုမိုစည်ကားအောင် ဆောင်ရွက်မည်ဟု မွန်ပြည်နယ်ဝန်းကြီးချုပ်ဦးအောင်ကြည်သိန်းက ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့က ပြည်နယ်အစိုးရရုံးတွင် ပြုလုပ်ခဲ့သည့် မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

    သို့သော် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၏ ပြောဆိုချက်သည် လက်တွေ့တွင် မဖြစ်နိုင်ဘူးဟု ခရီးသွားဧည့်လမ်းညွှန်တို့က ပြောသည်။

    ပြည်နယ်အတွင်း ဝင်ရောက်လာသည့် ခရီးသွားပြည်သူများကို ရာဇဝတ်သားသဖွယ် ပြုမှုပြီး၊ စစ်ဆေးမှု လုပ်ဆောင်နေခြင်းသည် ခရီးသွားဝင်ရောက်မှု လျော့နည်းစေသည့် အကြောင်းရင်းတစ်ရပ် ဖြစ်နေသည်ဟုလည်း ဆိုသည်။

    မော်လမြိုင်မြို့မှ ဧည့်လမ်းညွန်တစ်ဦးက “ကျွန်တော်တို့ တစ်နေရာသွားတယ်။ ကျွန်တော်တို့ စစ်ဆေးမှုနဲ့ အမြဲတမ်းကြုံနေရတယ်။ မှတ်ပုံတင်စစ်မယ်။ ခန္ဓာကိုယ် စစ်ဆေးမယ်။ ရထားမှာဆိုရင် ခရီးသွားတွေ ရထားကို မစီးရဲဘူး။ ရထားတစ်တွဲလုံးက ရဲတွေကြီးပဲ။ အဲ့လိုမျိုး ခရီးသွားတွေကို တင်းကြပ်ထားတယ်။ အဲ့တာကို ဖြေလျှော့ပေးရမယ်။ ကျွန်တော်တို့ဒေသမှာ နေတဲ့လူတွေတောင်မှ တစ်နေရာသွားဖို့ကို စိုးရိမ်ကြောင့်ကြနေရတယ်။ တစ်ခြားပြည်နယ်နဲ့ တိုင်းက လာတဲ့သူတွေဆိုရင် သူတို့ ပိုပြီးတင်းကြပ်နေတယ်။ မွန်ပြည်နယ်ကို လာတဲ့ခရီးသွား အကုန်လုံးက ကြောက်နေရတယ်။ ဒါတွေက မဖြစ်သင့်အရာတွေပေါ့နော်” ဟု ဆိုသည်။

    မွန်ပြည်နယ်အတွင်း ခရီးသွားဝင်ရောက်မှု မရှိသည့်အတွက် လက်ရှိတွင် ခရီးလုပ်ငန်း ရာနှင့်ချီ လုပ်ငန်းရပ်ဆိုင်းထားရကြောင်းလည်း ပြည်နယ်အတွင်းရှိ ခရီးသွားဧည့်လမ်းညွှန်တို့ထံမှ သိရသည်။

    “မဖြစ်မနေသွားရတဲ့ခရီးသွားတွေရှိတယ်။ လူမှုရေးကဏ္ဍ၊ ဘာသာရေးကဏ္ဍ အဲ့တာတွေနဲ့ ရှင်သန်ကြတယ်။ အမှန်ဆိုရင်တော့ ဟိုအရင်ကလို ပုံစံမျိုး ပေါ်ပေါ်တီတီနဲ့ မလာကြပါဘူး။ လည်ပတ်ရုံပဲ သွားနေကြတယ်။ အချို့ဧည့်လမ်းညွန်းတွေဆို လုံးဝရပ်သွားကြတယ်။ အာဏာသိမ်းမသိမ်းခင်ကဆို ဧည့်လမ်းညွန်တွေ လေးရာ ငါးရာလောက်ရှိရာကနေ အခုဆို မွန်၊ ကရင်ပေါင်းမှ ၄၅ ယောက်လောက်ပဲ စကစမှ သက်တမ်းတိုးထားတယ်” ဟု အထက်ပါ ခရီးသွားဧည့်လမ်းညွှန်က ပြောသည်။

    မွန်ပြည်နယ်အတွင်း ပွင့်လင်းရာသီ သီတင်းကျွတ်ကာလတွင် သံဖြူဇရပ်မြို့နယ်ရှိ ကျိုက္ခမီရေလယ်ဘုရားပွဲ၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဘုရားပွဲ၊ မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ကျိုက်တမော့ဘုရားပွဲ တို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားရန် စစ်ကောင်စီက စီစဉ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks