spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းကြာအင်းဆိပ်ကြီးတွင် လက်နက်ကြီးကွဲကျပြီး ကလေးအပါ နှစ်ဦးသေ၊ နှစ်ဦး ပြင်းထန်ဒဏ်ရာရ

    ကြာအင်းဆိပ်ကြီးတွင် လက်နက်ကြီးကွဲကျပြီး ကလေးအပါ နှစ်ဦးသေ၊ နှစ်ဦး ပြင်းထန်ဒဏ်ရာရ

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ် ခမရ ၂၈၄ မှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး၊ နှစ်ဦးပြင်းထန် ဒဏ်ရာရရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    အောက်တိုဘာလ ၁၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကြာအင်းဆိပ်ကြီးအခြေစိုက် စစ်ကောင်စီ ခမရ ၂၈၄ မှ ၈၀ မမ လက်နက်ကြီး နှစ်လုံး ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

    စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျခတ်ချောင်းကျေးရွာအတွင်း တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေး ၂ ဦး၊ သက်ကြီးပိုင်းအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

    ထိုလက်နက်ကြီးကျည်ထိမှန် ပြင်းထန်ဒဏ်ရာရရှိသူများကို ကြာအင်းဆိပ်ကြီးဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူခဲ့ရာမှ နောက်နေ့တွင် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးနှင့် သက်ကြီးပိုင်းအမျိုးသားတို့က သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

    “လက်နက်ကြီးကျတာက အိမ်နဲ့ အလွန်နီးတော့ အများကြီး ထိသွားတယ်။ ဒဏ်ရာက ပြင်းတော့ ညတွင်းချင်းပဲ ကြာအင်းဆိပ်ကြီး ဆေးရုံကို ပို့ဆောင်လိုက်တာ။ မနက်ကျတော့ အသက် ၁၂ နှစ် ကလေးတစ်ဦးနဲ့ သက်ကြီးပိုင်းအမျိုးသားက ဆေးရုံမှာပဲ ဆုံးသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

    စစ်ကောင်စီတပ် ခမရ ၂၈၄ မှ ကျခတ်ချောင်းကျေးရွာအတွင်း လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေကြောင်း ကျခတ်ချောင်းကျေးရွာသည် ခမရ ၂၈၄ မှ နှစ်မိုင်ခန့် ကွာဝေးသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ကျခတ်ချောင်းကျေးရွာတွင် စစ်ကောင်စီထောက်ခံသူနှင့် Non CDM များသည့်ကျေးရွာဖြစ်ပြီး စစ်တပ်အာဏာသိမ်းချိန်မှ ယနေ့ထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်းလည်း ဆိုသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အောက်တိုဘာ ၂ ရက်နေ့ ညနေပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်တို့မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း လက်နက်ကြီးသည် ရော်ဘာခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks