spot_img
Wednesday, January 7, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီ ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် နိုင်ငံရေးပါတီများကို ဆန့်ကျင်တိုက်ဖျက်သွားမည်

    စစ်ကောင်စီ ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် နိုင်ငံရေးပါတီများကို ဆန့်ကျင်တိုက်ဖျက်သွားမည်

    -

    စစ်ကောင်စီ ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများကို စစ်ကောင်စီ၏ အပေါင်းအပါများအဖြစ် သတ်မှတ်ကာ ဆန့်ကျင်တိုက်ဖျက်သွားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (MSFC’s Anti-Sham Election Committee) က ထုတ်ပြန်သည်။

    စစ်ကောင်စီ ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်သွားရန်အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေးကော်မတီတရပ်ကို စက်တင်ဘာလ ၁၇ ရက်နေ့က ဖွဲ့စည်းခဲ့သည်။

    စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲသည် အတုအယောင်မျှသာဖြစ်ပြီး ၄င်းတို့၏ လူမဆန်သော စစ်ရာဇဝတ်မှုများကို ဖျောက်ဖျက်ကာ နိုင်ငံရေးထွက်ပေါက်တခုအဖြစ် အသုံးချပြီး နိုင်ငံရေးတွင် ဆက်လက်နေရာ ရရှိရေးအတွက် စစ်ကောင်စီက အားထုတ်ခြင်းမျှသာဖြစ်သည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေးကော်မတီက ထုတ်ပြန်ထားသည်။

    “ထုတ်ပြန်ထားတဲ့ အချက်အတိုင်း စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ ကျွန်မတို့က တောင်းဆိုထားတယ်။ ကျွန်မတို့ကတော့ ကြိုပြောထားပြီးသားပါပဲ။ ကိုယ်ရေးကိုယ်တာကို ပစ်မှတ်ထားပြီး လုပ်ဆောင်နေတာမဟုတ်ဘူး။ အလုပ်ကိုပဲ ကျွန်မတို့ ပစ်မှတ်ထားတယ်။ ကျွန်မတို့ဘက်က သတိပေးနေပါလျက်နဲ့ ဝင်ပူးပေါင်းတယ်ဆိုရင်တော့ တစ်ခုခုဖြစ်သွားခဲ့ရင် ကိုယ်ပဲခံရပါမယ်။ ကျွန်မတို့ ဘယ်လို အရေးယူမလဲဆိုတာကိုတော့ ပြည်သူတွေကို ချပြပြီးသားပဲ။ အဲ့ကြောင့် တစ်ယောက်နဲ့ တစ်ယောက် မကျုးလွန်ခင်မှာ ကျွန်မတို့ဘက်က အသိပေးချင်ပါတယ်” ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ ဒု-အဖွဲ့ခေါင်းဆောင် မိသုတဇဝ်က ပြောသည်။

    ပြည်သူလူထုအနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ငန်းများ မိမိတို့မျိုးဆက်၌သာ ရပ်တန့်သွားရန်အတွက် ၄င်းတို့ကြိုးပမ်းဖော်ဆောင်နေသော ရွေးကောက်ပွဲအား ဆန့်ကျင်ခြင်းအားဖြင့် နိုင်ငံရေးထွက်ပေါက်မပေးရန်လည်း မွန်ပြည်ဖက်ဒရယ်ကောင်စီက တိုက်တွန်းတောင်းဆိုထားသည်။

    နိုင်ငံတကာအနေဖြင့်လည်း စစ်ကောင်စီ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုပဲ နည်းပညာ၊ ငွေကြေးအစရှိသည့် မည်သည့် ကူညီမှုမျိုးမှ မပြုလုပ်ရန်လည်း မွန်ပြည်ဖက်ဒရယ်ကောင်စီက အလေးအနက် တိုက်တွန်း ထုတ်ပြန်ထားသည်။

    စစ်ကောင်စီက ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲမသမာမှု အကြောင်းပြပြီး လူထုမှရွေးကောက်တင်မြှောက်ထားသည့် အစိုးရထံမှ နိုင်ငံတော်အာဏာကို အကြမ်းဖက် သိမ်းယူခဲ့သည်။

    စစ်ကောင်စီသည် ပြည်သူလူထုတရပ်လုံး၏ ဆန့်ကျင်မှုကိုခံနေရပြီး စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အစရှိသဖြင့် အဘက်ဘက်တွင် ကျရှုံးနေသည်ကို တုံ့ပြန်နိုင်ရန် နိုင်ငံရေးထွက်ပေါက်တခုအနေဖြင့် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်လာခဲ့သည်။

    စစ်ကောင်စီက လာမည့်ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်ရေးဆိုပြီး အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ သန်းခေါင်စာရင်းကောက်ခံသွားမည်ဟု ကြေညာထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts