spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းရေး-သံဖြူဇရပ်ကားလမ်းတွင် ကင်းပုန်းဝတ်နေသည့် စစ်တပ်က အမျိုးသားနှစ်ဦးကို ပစ်သတ်

    ရေး-သံဖြူဇရပ်ကားလမ်းတွင် ကင်းပုန်းဝတ်နေသည့် စစ်တပ်က အမျိုးသားနှစ်ဦးကို ပစ်သတ်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်တို့က အမျိုးသားနှစ်ဦးကို ပစ်သတ်လိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ရေး-သံဖြူဇရပ်ကားလမ်းတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်တို့က မြို့ဟောင်းကုန်းကျေးရွာဘက်မှ မော့ကနင်ကျေးရွာဘက်သို့ လမ်းလျှောက်လာသည့် အမျိုးသားနှစ်ဦးကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

    ပစ်သတ်ခံရသည့် အမျိုးသားနှစ်ဦးသည် လူငယ်များဖြစ်ပြီး မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘူးဟု ဒေသခံတို့ထံမှ သိရသည်။

    “ရေးလမ်းတလျှောက်မှာက ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေက နေရာတိုင်းပါပဲ။ သူတို့ မင်္သကာတာတွေ့ရင် ပစ်ထည့်တာပဲ။ တချို့ကလည်း သူတို့ကိုတွေ့တော့ လန့်ပြီး မောင်းပြေးတာ ဟိုက ပစ်ထည့်လိုက်တာလဲရှိတယ်။ ပစ်ခတ်ခံရတာကတော့ ခဏခဏပဲ ကြားနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်ကတော့ ထိုအမျိုးသားနှစ်ဦးသည် KNU/PDF ဟု စွပ်စွဲထားပြီး ၎င်းတို့ကို ရပ်တန့် အစစ်ဆေးခံရန်ပြောကြားစဉ် ထွက်ပြေးသည့်အတွက် ခြောက်လှန့်ပစ်ခတ်ခဲ့ရာမှ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

    ၎င်းပြင် ၎င်းတို့နှင့်အတူ ထိုင်းနိုင်ငံထုတ် ရှေ့ထွက်မိုင်း တစ်လုံး၊ ဖြူ့စ် နှစ်ချောင်း၊ ပေ ၄၀ ခန့်အရှည်ရှိ ဝါယာကြိုးခွေ တစ်ခွေ၊ ဓါတ်ခဲအိမ် တစ်ခုနှင့် ကရင်ရိုးရာအင်္ကျီ နှစ်ထည်လည်း သိမ်းဆည်းရမိကြောင်း ရေးသားထားသည်။

    ရေး-သံဖြူဇရပ်ကားလမ်းတွင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဘက်က တစ်စုံတစ်ရာထုတ်ပြန်လာခြင်းမရှိသေးပေ။

    ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း မော့ကနင်ကျေးရွာ အမြှောက်တပ်အနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့တို့က ဆိုင်ကယ်စီးလာသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ပစ်သတ်ခဲ့သေးသည်။

    တော်လှန်ရေးတပ်ဖွဲ့တို့ စိုးမိုးထိန်းချုပ်ထားသည့် သံဖြူဇရပ်-ရေး-ထားဝယ်လမ်းပိုင်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေပြီး လမ်းပိုင်းတလျှောက်ရှိ စစ်ကြောင်းထိုးထာ၊ ကင်းပုန်းဝပ်တာတွေအပြင် ကုန်းမြင့်နေရာများတွင် အထိုင်ချတပ်စွဲထားသည်လည်း ရှိသည်။

    လက်ရှိတွင် ရေး-သံဖြူဇရပ်-ထားဝယ် လမ်းပိုင်းတလျှောက် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာနေသည့်အနေအထားရှိပြီး မကြာခဏလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks