spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းကွမ်လှာရွာအဝင်လမ်း ရာဘာခြံတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

    ကွမ်လှာရွာအဝင်လမ်း ရာဘာခြံတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာအဝင်လမ်း ရာဘာခြံတွင် ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၇ နာရီကျော်အချိန်ခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ကွမ်လှာကျေးရွာနေ အသက် ၃၄ နှစ်အရွယ် ဦးမျိုးဝင်းသည် ရွာအဝင်လမ်းရှိ ရာဘာခြံတွင် လက်နက်ကိုင် ၁၀ ဦးခန့်ပါသည့် လူတစ်စုတို့က လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

    “သိသလောက်က အဲလူက ကွမ်လှာကပဲ။ သန်မြန်သူမောင်းနေတဲ့သူလို့ ပြောနေကြတာပဲ။ ဒီမနက်မှာ ဘယ်သူလာပစ်သွားတာလဲတော့ မသိဘူး။ သေသွားတယ်” ဟု ကွမ်လှာဒေသခံတစ်ဦးက ပြောသည်။

    ဦးမျိုးဝင်းသည် နဖူးကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ဖြင့် အခင်းဖြစ်ပွားသည့်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ဆိုသည်။

    ဦးမျိုးဝင်း ပစ်သတ်ခံရမှုသည် မွန်ပြည်သစ်ပါတီ NMSP-AD နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ လက်ချက်ဟု စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်တွင် ရေးသားဖော်ပြနေသည့်အပေါ် မွန်ပြည်သစ်ပါတီ NMSP-AD က ငြင်းဆိုထားပြီး စစ်ကောင်စီက သတင်းအတု ဖြန့်ဝေနေသည်ဟု ဆိုသည်။

    NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညာမွန်က “အဲသေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်ကိုတော့ ကျနော်တို့ ဘာမကြားရသေးဘူး။ ဘယ်သူပဲ ပစ်သတ်ခံရခံရ ကျနော်တို့ကိုပဲ စွပ်စွဲနေတာ။ အဲဒီ စစ်တပ်ထောက်ခံတယ်လီဂရမ်ချန်နယ်က သတင်းအတုတွေပဲ ဖြန့်ဝေနေတာ။ ဟိုနေ့က မော့ကနင်းမှာ PDF တွေ ပစ်ခတ်ခံရတဲ့ ပစ်စဉ်တွေလည်း သတင်းအတုတွေ လိုက်လံဖြန့်ဝေနေတာ” ဟု ပြောသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်နေ ဦးကျော်နိုင် (ခ) အပစ်ဆိုသူကို လက်နက်ကိုင်တစ်စုတို့က လာရောက်ပစ်သတ်သွားခဲ့သေးသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ စစ်ကောင်စီထောက် တိုင် ဒလန်ဆိုသူများ၊ စစ်ကောင်စီနှင့် နီးစပ်သူတွေ မကြာခဏ ပစ်ခတ်ရှင်းလင်းခံရလေ့ရှိသည်။

    စုဆောင်းထားသည့်အချက်အလက်များအရ မုဒုံမြို့နယ်တွင် စက်တင်ဘာလအတွင်း သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ် သုံးကြိမ်ထက်မနည်းရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks