spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းကျိုက္ခမီတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှု ဆက်လက်ဖြစ်ပွားနေ

    ကျိုက္ခမီတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှု ဆက်လက်ဖြစ်ပွားနေ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဆက်လက်ဖြစ်ပွားနေပြီး ရေလုပ်သားများအပြင် မြို့ခံတို့တွင်လည်း ကူးစက်ပြန့်ပွားလာသည်ဟု မြို့ခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်အတွင်း ကျိုက္ခမီပင်လယ်ပြင်တွင် ငါးဖမ်းနေသည့် စက်လှေနှင့်ကျားဖောင်ရှိ ငါးဖမ်းလုပ်သားများ ဝမ်းပျက်ဝမ်းလျှော့ရောဂါ စတင်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆ ဦးထိ ရှိလာခဲ့သည်။

    လက်ရှိတွင် ထပ်တိုးသေဆုံးသူ မရှိသော်လည်း မြေပြင်တွင် ကူးစက်ခံရပြီး ကျိုက်ခမီဆေးရုံတွင် ဆေးကုသခံနေရသူ ရာဂဏန်းထိ ရှိလာနေသည်ဟု ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ဆိုသည်။

    “လက်ရှိနောက်ဆက်တွဲအနေအထားကတော့ ဖြစ်နေဆဲပဲ။ ပင်လယ်ရေလုပ်သားတွေဘက်က လျော့လာပြီးတော့ ဒေသတွင်းတွေဘက် ပိုပြီးကူးစက်လာတာပေါ့။ ယနေ့ချိန်ထိ ဖြစ်နေတုန်းပဲ။ ဖြစ်နေတဲ့သူတွေလည်း သက်သာလာတယ်။ ဖြစ်နေတုန်းကတစ်ချက်တော့ ပြင်းထန်တယ်။ အလူးအလဲခံရတာပေါ့။ ယခင်ကတော့ သေဆုံးမှုအနည်းငယ်ရှိတယ်။ ခုနောက်ပိုင်းတော့ သေဆုံးမှုတွေထပ်မတိုးဘူး။ ဝမ်းသွားတဲ့အရေအတွက် တွေတော့ ရှိနေတုန်းပါပဲ” ဟု ၎င်းက ပြောသည်။

    ယခင်က ကိုယ်ခံအားနည်းပြီး တစ်ကိုယ်ရေသန့်ရှင်းမှုမရှိသည့် ပင်လယ်ရေလုပ်သားတို့တွင်သာ အဓိကကူးစက်ဖြစ်ပွားမှုခဲ့သော်လည်း ယခု မြို့တွင်းဘက်ပါ ကူးစက်ပြန့်ပွားလာခြင်းကြောင့် အထူးဂရုပြုရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

    “လက်ရှိဖြစ်နေတဲ့ အနေအထားအရဆိုရင် ကူးစက်တာ။ အစားအစာကြောင့် ဖြစ်တာမဟုတ်ဘူး။ ရေတွေကြောင့်လည်းပါတယ်။ နောက်တစ်ခုကြတော့ ဒေသတွင်းမှာပါ ဖြစ်လာကြတော့ ရေတစ်မျိုးတည်းလို့ ပြောလို့မရတော့ဘူး။ ဖြစ်တဲ့ဒေသက ယင်လုံအိမ်သာအလုံအလောက်မရှိဘူး။ မရှိတဲ့ခါကြတော့ ဒီမစင်စွန့်တဲ့ခါမှာ မသန့်ရှင်းတော့ အဲ့ကလည်းကူးတာပေါ့။ ယင်လုံအိမ်သာမရှိတာလည်း ပါမယ်။ အစားအသောက်တော့မဟုတ်ပါဘူး” ဟု အထက်ပါ ကူညီကယ်ဆယ်ရေးလုပ်နေသူ ပြောသည်။

    ကျိုက္ခမီမြို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်ပျံ့ပွားမှုကြောင့် စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး စားသောက်ဆိုင်များ၊ ထမင်းဆိုင်များအပါအဝင် လမ်းဘေးဈေးဆိုင်များ ယာယီပိတ်ထားရန် မြို့အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားချက်ထုတ်ထားကြောင်း မြို့ခံတို့ထံမှ သိရသည်။

    ကျိုက္ခမီမြို့ပေါ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်တို့က ကလိုရင်းဆေးများဝေငှခြင်း၊ ကျန်းမာရေးအသိပညာပေးချင်းများ ဆောင်ရွက်လျက် ရှိကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks