spot_img
Wednesday, March 12, 2025
More
    spot_img
    Homeသတင်းမူဝါဒလမ်းစဉ်မတူ၍ PNLO နှစ်ဖွဲ့ကွဲခြင်းဖြစ်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြော

    မူဝါဒလမ်းစဉ်မတူ၍ PNLO နှစ်ဖွဲ့ကွဲခြင်းဖြစ်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြော

    -

    ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှစ်ဖွဲ့ကွဲခြင်းသည် မူဝါဒလမ်းစဉ်မတူ၍ ကွဲခြင်းဖြစ်ကြောင်း PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

    ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အတွင်း နှစ်ဖွဲ့သီးခြား ရပ်တည်သွားမည်ဆိုပြီး ယခုရက်ပိုင်းအတွင်း နှစ်ဖက် ထုတ်ပြန်ကြေညာလာသည်။

    PNLO နှစ်ဖွဲ့ ကွဲသွားသော်လည်း စစ်ရေး၊ နိုင်ငံရေး ကွဲခြင်း မဟုတ်ကြောင်း၊ အဖွဲ့အစည်းနှစ်ခုအကြား စစ်ရေး ပဋိပက္ခဖြစ်လာစရာ မရှိဟု ၎င်းက ဆိုသည်။

    ဗိုလ်မှူးကြီး ခွန်ဥက္ကာက “PNLO ခွဲထွက်အဖွဲ့က သူ့လမ်းသူသွားပါစေ။ ကျနော်တို့ ကျန်ခဲ့တယ်ဆိုတဲ့ သဘောဖြစ်ပြီးတော့ ဒီလိုလမ်းခွဲတာလည်း လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော် ၄၀ ခန့် ကျနော်တို့ ပအိုဝ်းဖြူနဲ့ ပအိုဝ်းနီ ကွဲဖူးတယ်ဗျ။ ကျနော်ကိုယ်တိုင်ပါတယ်။ အဲဒီတုန်းကတော့ ကျနော်တို့က စစ်ရေးလည်း ကွဲတယ်။ နိုင်ငံရေးလည်းကွဲတယ်။ အဲဒါကြောင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ကြတယ်ဗျ။ နှစ်ဖွဲ့ကြားမှာ ၁၀ နှစ်ကြာတယ်။ ၁၀ နှစ်ကြာပြီးမှ ကျနော်တို့ အပစ်ရပ်ပြီး ပြန်စကားပြောကြတယ်။ အခုကြတော့ အဲဒီလို မဟုတ်ပါဘူး။ စစ်ရေးရော နိုင်ငံရေးရော အဲဒီလို ကွဲတာ မဟုတ်ပါဘူး။ အဓိကတော့ နိုင်ငံရေးအရ ကွဲတယ်။ မူဝါဒလမ်းစဉ် မတူလို့ ကွဲတာ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးအရ ကွဲတယ်ဆိုတဲ့ ပဋိပက္ခတော့ နိုင်ငံရေးအရပဲ ရှိတာပေါ့ဗျာ။ မီဒီယာမှာ ပြောကြမယ်။ ပြစ်တင်ကြမယ်။ ဒီလောက်ပဲ ရှိမယ်။ စစ်ရေးအရတော့ ပဋိပက္ခမရှိပါဘူး။ စစ်ရေးအရ ကွဲတာလည်း မဟုတ်ပါဘူး။ ကျနော်တို့ကတော့ ကြားနေပြီးမှ ဘယ်သူမှ ရန်သူမထားရေးဆိုတဲ့ မူပါ၊ ဒါကြောင့် စိတ်ပူစရာ မရှိပါဘူးလို့ မူဝါဒအရ ကွဲတာတော့ ကွဲလေ့ကွဲထားရှိပါတယ် အဖွဲ့အစည်းတိုင်းမှာ” ဟု ပြောသည်။

    လက်ရှိ PNLO ဥက္ကဋ္ဌ ဖြစ်သူသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို သွေဖီ ချိုးဖောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာကြောင်း၊ စစ်ရေးဖော်ဆောင်လာကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ (PNO) နှင့် စစ်ကောင်စီကို ရန်သူသတ်မှတ်၍ တိုက်ခိုက်လာကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက စက်တင်ဘာ ၁၀ ရက်နေ့ ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

    အလားတူ ဆီဆိုင်မြို့အပါအဝင် မဲနယ်တောင်ဒေသတွင်း၊ မြို့ပြကျေးရွာများ ပျက်စီးဆုံးရှုံးစေခြင်းနှင့် ပအိုဝ်းပြည်သူများ စစ်ပြေး၊ စစ်ရှောင် များပြားစေခဲ့ကြောင်း ထို့ကြောင့် PNLO ၏ ဦးဆောင်နာယက တစ်ဦးအနေဖြင့် လက်ရှိ ခွန်သူရိန် ဦးဆောင် (PNLO – ခွဲထွက်) မှ အပြီးအပိုင် နုတ်ထွက်ကြောင်း PNLO – ခွဲထွက်အဖွဲ့၏ လုပ်ဆောင်မှု အဝဝသည် မိမိနှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    မိမိတို့ အနေဖြင့် NCA လမ်းကြောင်းကို ဆုတ်ကိုင်ထားပြီးအရပ်သားများကို အကာအကွယ်ပေးရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောသည်။

    “ဟုတ်ပါတယ် နှစ်ဖွဲ့ပုံစံ မူဝါဒ မတူတော့ NCA ကို ကျနော်တို့က ဆုတ်ကိုင်တယ်။ NCA လမ်းကြောင်းအတိုင်း အရပ်သားတွေကို အကာအကွယ်ပေးမယ်။ လူသားချင်းစာနာမှုအထောက်အကူဆိုင်ရာတွေကို ရှာပေးမယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာရင်လည်းပဲ ပါဝင်တက်ရောက်သွားမယ်ပေါ့ဗျာ။ အဲဒီလို ကျနော်တို့က ဒီမူကို ကိုင်တာပေါ့။ ကျနော်တို့ ရဲ့ဘော်တချို့ကတော့ အဲဒီမူကို ပစ်ပယ်ပြီးတော့ လက်နက်ကိုင်တိုက်မှ ရမယ်ဆိုပြီးတော့ NCA ကို ချိုးဖောက်ပြီးတော့ သူတို့က လမ်းခွဲသွားတာပေါ့။ ဒါကြောင့် ခွဲသွားတဲ့အဖွဲ့ကို ကျနော်တို့က ခွဲထွက်လို့ ခေါ်ပါတယ်။ အဲဒီခွဲထွက်အဖွဲ့နဲ့ ကျနော်တို့နဲ့ မဆိုင်တော့ဘူးဆိုပြီး ကြေညာတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

    ယခုနှစ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင် စစ်ကောင်စီ၊ PNO/PNA နှင့် PNLO/PNLA မဟာမိတ်ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။

    ယင်းနောက် ဆီဆိုင်မြို့ကို PNLO/PNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်နိုင်ခဲ့ပြီး မတ်လကုန်ပိုင်တွင် စစ်ကောင်စီနှင့် PNO/PNA တို့က မြို့ကို ပြန်လည် ထိုးစစ်ဆင်သိမ်းပိုက်ထားသည်။

    ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲချုပ် (PNLO) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သော ပအိုဝ်းကိုယ်စားပြု လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,400SubscribersSubscribe
    spot_img

    Latest posts