Homeသတင်းလွတ်ရှမ်းကျေးရွာ စစ်ကောင်စီတပ်စခန်းကို KNLAနှင့် PDF ပူးပေါင်းတပ်တို့ သိမ်းပိုက်

လွတ်ရှမ်းကျေးရွာ စစ်ကောင်စီတပ်စခန်းကို KNLAနှင့် PDF ပူးပေါင်းတပ်တို့ သိမ်းပိုက်

-

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ် – ဘုရားသုံးဆူကားလမ်းပေါ်ရှိ လွတ်ရှမ်းကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ နံနက်ပိုင်း ၈ နာရီအချိန်ခန့်က KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။

အင်အား ၁၀၀ ခန့်ရှိသည့် လွှတ်ရှမ်းတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့မှ ဝန်းရံပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် များက စခန်းစွန့် ထွက်ပြေးသွားကြရာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်လျက်ရှိဟု ဆိုသည်။

“အခုက နယ်မြေရှင်း လင်းရေးလုပ်နေတယ်၊ အနန်းကွင်းစခန်းဘက်မှာလည်း ပိတ်ဆို့ တိုက်နေရတုန်းပဲ” ဟု စခန်းသိမ်းစစ်ဆင်းရေးတွင် ပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့များ၏ ထိခိုက် သေဆုံးမှု၊ ဖမ်းဆီးခံရမှုနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအခြေအနေကို အချက်အလက်စုစည်းပြီးမှသာ သတင်းထုတ်ပြန်ပေးမည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့်သြဂုတ်လ ဒုတိယအပတ်မှစတင်ပြီး သံဖြူဇရပ် – ဘုရားသုံးဆူကားလမ်းမပေါ်ရှိ စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာကုန်နှင့် လွှတ်ရှမ်းတပ်စခန်းကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့ဘက်က စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့သည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်များကြောင့် ကြာအင်းဆိပ်မြို့နယ်အတွင်းရှိ အနန်းကွင်း၊ လွတ်ရှမ်း၊ တညှင်၊ သံပုရာ၊ ကျောက်ဘီလူး၊ ကျားမီတို့နှင် ဖာယာစသည့်ကျေးရွာများမှ ဒေသခံပြည်သူ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts