spot_img
Tuesday, January 27, 2026
More
    spot_img
    Homeသတင်းဘီးလင်းတိုက်ပွဲအတွင်း ကလေးတစ်ဦးအပါ သုံးဦးဒဏ်ရာရ

    ဘီးလင်းတိုက်ပွဲအတွင်း ကလေးတစ်ဦးအပါ သုံးဦးဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ကလေးတစ်ဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

    စက်တင်ဘာ ၉ ရက်နေ့က ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်း စစ်ကောင်စီ သံတံတားစစ်ဆေးရေးဂိတ်နှင့် မစောတံတားဂိတ်တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်။

    တိုက်ပွဲအတွင်း ရန်ကုန်မြို့မှ ရေးမြို့နယ်၊ ကော့ဒွတ်ကျေးရွာသို့ ပြန်လာသည့် ခရီးသည်တင်ယာဉ်ငယ်တစ်စီး ပစ်ခတ်ခံခဲ့ရပြီး ယာဉ်ပေါ်လိုက်ပါလာသည့် ကော့ဒွတ်ကျေးရွာနေ အသက် ၃၇ နှစ်အရွယ် မိကေသီဦး ကျည်ထိမှန် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

    ၎င်းပြင် တိုက်ပွဲဖြစ်နေချိန် သပြေနီကျေးရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အသက် ၁၄ နှစ်အရွယ် မနန်းရွှေရည်နှင့် အသက် ၅၅ နှစ်အရွယ် ဒေါ်မိတေးတို့နှစ်ဦးလည်း ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်။

    ကျည်ထိမှန်ဒဏ်ရာရရှိသူများကို ဘီးလင်းနှင့် သထုံခရိုင်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေရသည်ဟု နီးစပ်သူတို့ထံမှ သိရသည်။

    ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်း ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တွင် ခရီးသည်တင်ကားများနှင့် လူမှုကယ်ဆယ်ရေးကားများ မိုင်းခွဲ ပစ်ခတ်ခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိသည့်အတွက် ခရီးသွားပြည်သူများ လုံခြုံရေး စိုးရိမ်ရသည့်အခြေအနေ ရှိနေသည်။

    ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့ကလည်း သထုံမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်းတွင် ခရီးသည်တင်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အမျိုးသား ၂ ဦးသေဆုံးကာ ခရီးသည် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

    ယမန်နှစ်ကလည်း ကျိုက်ထိုမြို့မှ တောင်တန်းမေတ္တာ လူမှုကူညီရေးအသင်းကား မော်လမြိုင်သို့ လူနာပို့ဆောင်ရန် ထွက်ခွာမောင်းနှင်လာစဉ် ဝင်းပြန်ကျေးရွာအနီးအရောက်တွင် လက်နက်ဖြင့် ပစ်ခတ်ခံရပြီး ကားပေါ်ပါလူနာအမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts