Wednesday, March 11, 2026
More
    spot_img
    Homeသတင်းပေါက်တော စစ်သုံ့ပန်းနှင့် အကျဉ်းသားဆေးကုသည့်နေရာ ဗုံးကြဲခံရမှုကြောင့် ၁၇ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ

    ပေါက်တော စစ်သုံ့ပန်းနှင့် အကျဉ်းသားဆေးကုသည့်နေရာ ဗုံးကြဲခံရမှုကြောင့် ၁၇ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ

    -

    ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာရှိ စစ်သုံ့ပန်းများနှင့် အကျဉ်သားများအား ဆေးကုသပေးနေသည့်နေရာကို စက်တင်ဘာလ ၈ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင့် ရက္ခိုင့်တပ်တော AA က ထုတ်ပြန်သည်။

    စစ်သုံ့ပန်းများနှင့် အကျဉ်သားများအား ဆေးကုသပေးနေသည့်နေရာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် စုစုပေါင်း ၁၇ ဦးသေဆုံးပြီး၊ အလတ်စား၊ အပြင်းစား၊ စိုးရိမ်ရ ဒဏ်ရာရရှိသူ ၁၀ ဦး ရှိသည်ဟုလည်း AA က ထုတ်ပြန်ထားသည်။

    သေဆုံးသူများထဲတွင် စစ်ကောင်စီသုံ့ပန်းအရာရှိကြီးတချို့၊ စစ်ကောင်စီသတင်းပေးသံသယဖြင့် ဖမ်းဆီးစစ်ဆေးနေသူ၊ ပြစ်ဒဏ်ကျခံနေရသူ၊ AA အကျဉ်းစခန်းတာဝန်ရှိသူ၊ AA ကျန်းမာရေးဝန်ထမ်းနှင့် အနီးပတ်ဝန်းကျင်က ကလေးအပါအဝင် အရပ်သားပြည်သူတို့ ပါဝင်သည်ဟု ဆိုသည်။

    စက်တင်ဘာလ ၆ ရက်နေ့ကလည်း စစ်တွေမြို့ရှိ စစ်ကောင်စီ အမှတ် ၁၂၊ ရဲတပ်ရင်းနှင့် ပွိုင့်ရေတပ်စခန်းတိုမှ ပေါက်တောမြိုအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟုလည်း AA ဆိုထားသည်။

    စစ်ကောင်စီက နိုင်ငံတဝန်း တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မြို့၊ ရွာများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံ၊ ဈေး အစရှိသည့် နေရာတို့ကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသည်။

    စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများ အစုလိုက်အပြုံလိုက် သေဆုံးသည့်ဖြစ်စဉ်များလည်း နိုင်ငံအနှံ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသည်ဟုလည်း AA က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks