spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းဘီးလင်းတိုက်ပွဲအတွင်း ခရီးသွားအမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရ

    ဘီးလင်းတိုက်ပွဲအတွင်း ခရီးသွားအမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း ခရီးသွားအမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ယမန်နေ့ နံနက် ၁၀ နာရီခန့်က သပြေနီကျေးရွာအနီးရှိ စစ်ကောင်စီ တံတားစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

    တိုက်ပွဲကြောင့် မော်လမြိုင်-ရန်ကုန်ကားလမ်း နာရီနှင့်ချီ ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း တိုက်ပွဲဖြစ်ပွားချိန် သပြေနီကျေးရွာအနီးတွင် ရပ်နားထားသည့် ရန်ကုန်မြို့မှ ရေးမြို့နယ်၊ ကော့ဒွတ်ကျေးရွာသို့ ပြန်လာသည့် ခရီးသည်တင်ယာဉ်ငယ်တစ်စီး ပစ်ခတ်ခံခဲ့ရသည်။

    ခရီးသည်တင်ယာဉ်ငယ် ပစ်ခတ်ခံရမှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် ကော့ဒွတ်ကျေးရွာမှ အသက် ၃၇ နှစ်အရွယ် မိကေသီဦးဆိုသည့် ခရီးသည် ဝမ်းဗိုက်တွင် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေရသည်။

    “ကေသီဦးက ပြန်လာတဲ့ချိန်မှာ ထိတာ။ အဲချိန်က ဘီးလင်းမှာ တိုက်ပွဲဖြစ်နေတာ။ ဗိုက်မှာထိသွားတာ။ ညတုန်းက ခွဲစိတ်ပြီးပြီ။ ဒီမနက်မှာတော့ စကားနည်းနည်းပြန်ပြောနိုင်ပြီ။ ရွာတော့ပြန်မရောက်သေးဘူး” ဟု နီးစပ်သည့် ကော့ဒွတ်ဒေသခံတစ်ဦးက ဆိုသည်။

    ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်း ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တွင် ခရီးသည်တင်ကားများနှင့် လူမှုကယ်ဆယ်ရေးကားများ မိုင်းခွဲ ပစ်ခတ်ခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိသည့်အတွက် ခရီးသွားပြည်သူများ လုံခြုံရေး စိုးရိမ်ရသည့်အခြေအနေ ရှိနေသည်။

    ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့ကလည်း သထုံမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်းတွင် ခရီးသည်တင်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အမျိုးသား ၂ ဦးသေဆုံးကာ ခရီးသည် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

    ၎င်းပြင် ယမန်နှစ်က ကျိုက်ထိုမြို့မှ တောင်တန်းမေတ္တာ လူမှုကူညီရေးအသင်းကား မော်လမြိုင်သို့ လူနာပို့ဆောင်ရန် ထွက်ခွာမောင်းနှင်လာစဉ် ဝင်းပြန်ကျေးရွာအနီးအရောက်တွင် လက်နက်ဖြင့် ပစ်ခတ်ခံရပြီး ကားပေါ်ပါလူနာအမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks