spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းစက်သုံးဆီဝယ်ယူနိုင်ရန် ဆီဝယ်ခွင့်ကဒ်လက်မှတ် လိုအပ်လာမည်ဟု ဆီလုပ်ငန်းရှင်တို့ဆို

    စက်သုံးဆီဝယ်ယူနိုင်ရန် ဆီဝယ်ခွင့်ကဒ်လက်မှတ် လိုအပ်လာမည်ဟု ဆီလုပ်ငန်းရှင်တို့ဆို

    -

    စစ်ကောင်စီမှ စက်သုံးဆီကို တန်းတူညီမျှဝယ်ယူနိုင်ရန် ခွဲတမ်းစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ခြင်းကြောင့် စက်သုံးဆီဝယ်ယူရန်အတွက် အဝယ်ကဒ်လက်မှတ်တစ်ခု ပြုလုပ်ရန် လိုအပ်လာမည်ဟု မွန်ပြည်နယ် ဆီလုပ်ငန်းရှင်တို့က ဆိုသည်။

    ဆီဝယ်ခွင့်လက်မှတ်ကို မည်သည့်ပုံစံဖြင့် ပြုလုပ်ရန် အတိအကျညွှန်ကြားခြင်းမရှိသေးသော်လည်း စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာန၊ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးရေးကော်မတီတို့မှ စီစဉ်နေဆဲဖြစ်ခြင်းကြောင့် မကြာမီထုတ်ပြန်ရန်ရှိသည်ဟု ဆီလုပ်ငန်းရှင်တို့ကဆိုသည်။

    စက်သုံးဆီ ဝယ်ယူရရှိရန်ခက်ခဲနေချိန်တွင် တန်းစီဝယ်ယူသူအချို့ တဖန်ပြန်လည်ရောင်းချနေသည့်ပြဿနာကို ဖြေရှင်းနိုင်သော်လည်း အကြိမ်ကြိမ်ပြန်လည်အသုံးပြုနိုင်လျှင် ထူးခြားမှုမရှိကြောင်းလည်း မော်လမြိုင်မြို့ ဆီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

    “ ဓာတ်ဆီဈေးကောင်းနေတော့ အခွင့်အရေးယူနေတာတွေလည်းရှိတယ်ပေါ့၊ ကဒ်နဲ့ လာထုတ်ရင်တော့ အဆင်ပြေမယ်ထင်တယ်၊ တစ်ယောက်ဆိုရင် တစ်ရက်ကို တစ်ခါပဲထုတ်လို့ရတယ်ဆိုတော့ တန်စီးနေတာလည်း မဖြစ်တော့ လိမ်လည်မှုတွေလည်း မဖြစ်ဘူးပေါ့။ ဒါပေမဲ့ အဲစမတ်ကဒ်က အခြားသူတွေလည်း သုံးလို့ရနေတယ်၊ အကန့်သတ်နဲ့ပဲ ရောင်းပေးရင်တော့ အဆင်မပြေဘူး ” ဟု ဆိုသည်။

    ၎င်းအပြင် အဆိုပါစနစ်ကို အကောင်အထည်ဖော်ရန် စက်သုံးဆီဆိုင်များတွင် မော်တော်ယာဉ်တစ်စီးချင်းစီအတွက် ဆီဝယ်ယူမှုမှတ်တမ်းများကို စောင့်ကြည့်ထိန်းချုပ်နိုင်မည့် ဆော့ဝဲကုမ္ပဏီတို့ကိုလည်း ရွေးချယ်ထားပြီးဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။

    ယခင် စစ်အာဏာရှင်ဟောင်းများလက်ထက်ဖြစ်သည့် ဗိုလ်ချုပ်နေဝင်းနှင့် ဗိုလ်ချုပ်သန်းရွှေ စစ်အစိုးရလက်ထက်တို့တွင် မော်တော်ယာဉ်ပိုင်ရှင်များကို ဝယ်ယူခွင့်စာအုပ်ထုတ်ပေးကာ ခွဲတမ်းစနစ်ဖြင့် ပြန်လည်ရောင်းချမည့်အစီအစဉ်အတိုင်းဖြစ်မည်ဟုလည်း ယာဉ်မောင်းတစ်ဦးက သုံးသပ်သည်။

    “ အဲ့တုန်းက ဆီစာအုပ်ကိုလည်း ပိုက်ဆံနဲ့လုပ်ရတယ်။ပြီးတော့ကိုယ်ရဲ့ ကားလိုင်စင်၊ ဆိုင်ကယ်လိုင်စင်တွေ စာအုပ်မှာရှိတဲ့ နံပါတ်နဲ့တူနေမှ သူတို့ရောင်းချပေးတယ်။ ကိုယ်လိုသလောက်တော့ သူတို့မရောင်းချပေးဘူး။ အကန့်အသက်နဲ့ပဲ။ အဲတုန်းကတော့ ဆီဆိုင်အကုန်လုံးက အစိုးရဆိုင်တွေဖြစ်နေတယ်။ အခုတော့ အဲလိုပုံစံမျိုးပဲ ပြန်ဖြစ်တော့မယ် ထင်တယ်။ ဒါပေမဲ့ ပုဂ္ဂလိကဆိုင်တွေမှာ ဘယ်လိုစီစဉ်မလဲတော့ မသိသေးဘူး”ဟု ခရီးသွားပို့ဆောင်သူတစ်ဦးက ပြောသည်။

    စစ်ကောင်စီလက်ထက်တွင် မကြာခဏကြုံတွေ့နေရသည့် စက်သုံးဆီရှာပါးမှုပြဿနာသည် ပြီးခဲ့သည့် သြဂုတ်လအတွင်း ထပ်မံဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ ဝယ်ယူခက်ခဲလျှက်ရှိသည်ဟု သိရသည်။

    ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့တွင် စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာသန်း ၁၀၀ ထုတ်ရောင်းပေးခဲ့သည်ဟု စစ်ကောင်စီဗဟိုဘဏ်မှ ကြေညာခဲ့သော်လည်း ပြည်နယ်နှင့် မြို့နယ်အသီးသီးရှိ ဆီဆိုင်းများတွင် အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသည့်အပြင် တန်းစီဝယ်ယူနေရဆဲဖြစ်သည်ဟု သိရသည်။

    ယနေ့စက်သုံးဆီဈေးကွက်တွင် ၉၂ တစ်လီတာ ကျပ် ၃၁၉၀၊ ၉၅ တစ်လီတာ ကျပ် ၃၃၂၅၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၃၃၈၀ ပေါက်ဈေးသတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် ကျပ် ၅၀၀ ကျော်ပေါက်ဈေးရှိနေပြီး ၎င်းပေါက်ဈေးနှင့် ရောင်းဝယ်သူတို့ကိုလည်း လိုက်လံဖမ်းဆီးလျှက်ရှိသည်ဟု ယာဉ်မောင်းတို့ထံမှ သိရသည်။

    လက်ရှိတွင် စာသုံးဆီများကိုဆီထုတ်ယူခွင့်စာအုပ်စနစ်ဖြင့် စတင်ရောင်းချနေခဲ့ပြီး တစ်ဖက်တွင်လည်း စက်သုံးဆီများကို ဆီဝယ်ခွင့်ကဒ်ဖြင့် ရောင်းချတော့မည်ဟုသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks