Wednesday, March 11, 2026
More
    spot_img
    Homeသတင်းကော့သောင်းနယ်စပ်မှ ထိုင်းသို့ လူငယ်အမျိုးသားများ ဖြတ်သန်းခွင့် ပြန်ရ

    ကော့သောင်းနယ်စပ်မှ ထိုင်းသို့ လူငယ်အမျိုးသားများ ဖြတ်သန်းခွင့် ပြန်ရ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ လူငယ်အမျိုးသားများ ဖြတ်သန်းခွင့် ပြန်ပြုလိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    စစ်မှုထမ်းအသက်အကျုံးဝင် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား လူငယ်အမျိုးသားများ ၇ ရက်သက်တမ်းရှိ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ဖြင့် ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီက စက်တင်ဘာလ ၂ ရက်နေ့က စတင်ပိတ်ပင်ခဲ့သည်။

    ထိုသို့ပိတ်ပင်ပြီး တစ်ရက်အကြာ စက်တင်ဘာလ ၃ ရက်နေ့မှာတော့ ၇ ရက်သက်တမ်းရှိ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ဖြင့် လူငယ်အမျိုးသားများကို နယ်စပ်ဖြတ်ခွင့် ပြန်ခွင့်ပြုနေကြောင်း မြို့ခံတို့ထံမှ သိရသည်။

    “ပြန်ဖြတ်လို့ရနေပြီလို့ လှေသမားတွေက ပြောတယ်။ ပုံမှန်အတိုင်းပဲ တုံးထုခ ၅၀၀ ကျပ် ပေးပြီး ဖြတ်နေကြတယ်။ အမျိုးသမီးတွေကတော့ အစကတည်းက ဖွင့်ပေးထားတယ်။ ဟိုနေ့ကတော့ အမျိုးသားတွေက ကော့သောင်းမှတ်ပုံတင် ရှိတဲ့သူတွေကိုပဲ ပေးဖြတ်တယ်။ မနေ့ကစပြီး အကုန်လုံးကို ပြန်ပေးဖြတ်နေပြီ” ဟု ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။

    ကော့သောင်းနယ်စပ်မှ ထိုင်းဘက်သို့ ၇ ရက်သက်တမ်းရှိ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်အပြင် နိုင်ငံကူးလက်မှတ်အလည်ဗီဇာဖြင့် လာသူအားလုံးကိုလည်း ပုံမှန်အတိုင်း ဝင်ရောက်ခွင့်ပြုနေသည်ဟု ဆိုသည်။

    “ပတ်စပိုစ့်နဲ့ရော၊ အလည်ဗီဇာနဲ့ရော၊ ၇ ရက်ကတ်နဲ့ရောက အကုန်သွားလာလို့ ရနေပြီ။ ဟိုနေ့က ပိတ်လိုက်လို့ လူတွေ ရာနဲ့ချီ အဲနယ်စပ်ဂိတ်မှာ သောင်တင်နေကြတယ်။ ပြီးတော့ မြိတ်၊ ကော့သောင်းဘက်က ကုန်သည်တွေလည်း ဝင်ထွက်လုပ်မရတော့ အတော်လေး အခက်ခဲ ဖြစ်သွားခဲ့ ကြတယ်” ဟု အထက်ပါ ကော့သောင်းမြို့ခံက ပြောသည်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းအဆင်မပြေမှုများကြောင့် လူငယ်များ ပြည်ပထွက်ခွာမှု များလာသည့်အတွက် စစ်ကောင်စီက နယ်စပ်ဂိတ်များမှတဆင့် ပြည်ပထွက်ခွာမှုကို ပိတ်ပင်၊ ကန့်သတ်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks