spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီ၏ ဒေသန္တရအမိန့်ကြောင့် ဒေသခံများ ဖမ်းဆီး၊ ငွေညှစ်ခံနေရ

    စစ်ကောင်စီ၏ ဒေသန္တရအမိန့်ကြောင့် ဒေသခံများ ဖမ်းဆီး၊ ငွေညှစ်ခံနေရ

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း နိုင်ငံရေးအကြောင်းပြ၍ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူ မစီးရအမိန့်နှင့် ညမထွက်ရအမိန့် စစ်ကောင်စီက ထုတ်ပြန်ထားရာ မလိုက်နာသူများကို ငွေတောင်းခံခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

    “ဒေသန္တရအမိန့်နဲ့ပတ်သက်ပြီးတော့ ရဲတွေ လုပ်စားနေတာပေါ့၊ ဒေသန္တရအမိန့်က လိုအပ်လို့ ထုတ်တာကို လက်ခံတယ်။ သို့သော် အမိန့်အပေါ်ကို မူတည်ပြီးတော့မှ တည်ဆဲဥပဒေရဲ့ အသစ် ပြဌာန်တဲ့ ဥပဒေတွေက ရဲတွေ လုပ်စားသလို ဖြစ်သွားတယ်ပေါ့” ဟု ပေါင်မြို့ ဒေသခံ တစ်ဦးက ပြောသည်။

    စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သူများ၊ ရဲတပ်ဖွဲ့ဝင်များ မကြာခဏပစ်ခတ်ရှင်းလင်းခံနေရသည့် ပေါင်မြို့နယ်အတွင်း အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရအမိန့်နှင့် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်တို့ကို ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

    အဆိုပါ ဒေသန္တရအမိန့်တို့ကို ဖောက်ဖျက်လျှင့် ဒဏ်ငွေ ၃ သိန်းမှ ၁၀ သိန်းကျပ်အထိ စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များက တောင်းယူနေသည်ဟု ဆိုသည်။

    ထို့အပြင် ပြီးခဲ့သည့်သြဂုတ်လ နောက်ဆုံးအပတ်တွင် သားဖြစ်သူအား ကျောင်းကြိုးပို့သွား နေသည့် ဇင်းကျိုင်မြို့က သားအဖနှစ်ဦးနှင့် အခြားပန်းရံ (လက်သမား) လုပ်ကိုင်သူ အမျိုးသား နှစ်ဦးတို့ကို ဖမ်းဆီးငွေညှစ်သည့်ဖြစ်စဥ်များရှိခဲ့သည်။

    “ကျွန်တော်တူတစ်ယောက်က အလုပ်က ပြန်လာတော့ ည ၇ နာရီဖြစ်နေပြီ၊ ဆိုင်ကယ် နှစ်ယောက်စီးပြီးတော့ ဇင်းကျိုက်ဘူတာအနားက ဖြတ်လာတယ်။ ရဲတွေက ဖမ်းပြီးတော့ ပိုက်ဆံ ၆ သိန်း တောင်းလိုက်တယ်။ တစ်ယောက်ကို ၃ သိန်းလို့ ပြောတယ်” ဟု ဇင်းကျိုက် ဒေသခံတစ်ဦးက ပြောသည်။

    စစ်ကောင်စီ၏ ညမထွက်ရအမိန့်နှင့် အမျိုးသားနှစ်ဦးဆိုင်ကယ်အတူမစီးရအမိန့်တို့ကြောင့် ဈေးရောင်းသူများ၊ လယ်ယာလုပ်ကိုင်သူများ၊ ငါး၊ ဖားရှာဖွေသူများ စသည့်ဒေသခံများအတွက် အခက်အခဲဖြစ်နေသည်ဟု ဆိုသည်။

    လက်ရှိအခြေအနေအရ ပေါင်မြို့နယ်ရှိ အလှပ်၊ ထန်းပင်ချောင်း၊ ထန်းပင်ချောင်းကြီး၊ ရင်းငြိမ်ရဲ ကင်းစခန်းနှင့် ဇင်းကျိုက်နယ်မြေရဲစခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များသည် ယမန်နှစ်က ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်အပေါ် အခွင့်ကောင်းယူပြီး ဒေသခံများကို ဖမ်းဆီး၊ ငွေညှစ်မှု အများဆုံးပြုလုပ်နေဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks