spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းသထုံ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်ယာဉ်မိုင်းဆွဲခံရပြီး အမျိုးသား ၂ ဦးသေ၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

    သထုံ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်ယာဉ်မိုင်းဆွဲခံရပြီး အမျိုးသား ၂ ဦးသေ၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်ယာဉ်ငယ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံပြီး အမျိုးသား ၂ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။

    စက်တင်ဘာလ ၁ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်က မြဝတီဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဖြိုးဝေကျော်ဆိုသူ မောင်းနှင်လာသည့် Toyota Hiace ခရီးသည်တင်ယာဉ်ငယ်သည် ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၃/၆ နှင့် ၁၃၃/၇ ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။

    ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် ခရီးသည်တင်ယာဉ်ငယ်ပေါ် လိုက်ပါလာကြသည့် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၈ ဦးအနက် ယာဉ်မောင်း ဖြိုးဝေကျော်နှင့် ခရီးသည် ကိုကျော်မျိုးသူဆိုသူတို့နှစ်ဦး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်။

    ၎င်းပြင် လိုက်ပါလာသည့် အမျိုးသမီးခရီးသည် ၅ ဦးလည်း မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    “ဒဏ်ရာရတဲ့အထဲကမှ အမျိုးသမီးတစ်ဦးက ဒဏ်ရာပြင်းထန်တယ်။ ကားပေါ်မှာက ဒရိုက်ဘာ၊ စပယ်ရာနဲ့အတူ အသက် ၄ လအရွယ်ကလေးငယ်တစ်ဦး၊ ၄ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ခရီးသည် ၁၁ ဦး၊ စုစုပေါင်း ၁၃ ဦးလိုက်ပါလာကြတာလို့ သိရပါတယ်။ ခရီးသည်တင်ကားလည်း ပျက်ဆီးမှုတွေရှိခဲ့တယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

    မိုင်းဆွဲတိုက်ခိုက်ခံရသည့် ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာသူများသည် ပဲခူးတိုင်းဘက်ကဖြစ်ကြောင်းလည်း ဆိုသည်။

    ခရီးသည်တင်ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို သထုံအခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအသင်းတို့မှ သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းများ တိုက်ခိုက်ခံရခြင်း၊ စစ်ကောင်စီလုံခြုံရေးဂိတ်များ တိုက်ခိုက်ခံရခြင်း၊ တံတား မိုင်းခွဲခံရခြင်း မကြာခဏဖြစ်ပွားလေ့ရှိသည့်အပြင် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များလည်း ပစ်ခတ်ခံရခြင်း၊ မိုင်းဆွဲခံရခြင်းများလည်း မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဒေသခံတို့၏ ပြောကြားချက်များအရ သိရသည်။

    ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့ကလည်း ရန်ကုန်-မော်လမြိုင်ကားလမ်း ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီးရှိ မစောတံတားတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အရပ်သားပြည်သူ ၂ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks