spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းတစ်လကြာ ဖမ်းဆီးခံထားရသည့် အ.ထ.က(ဝဲခမိ)မှ ဆရာ/မ ၅ ဦး ပြန်လည်လွတ်မြောက်လာ

    တစ်လကြာ ဖမ်းဆီးခံထားရသည့် အ.ထ.က(ဝဲခမိ)မှ ဆရာ/မ ၅ ဦး ပြန်လည်လွတ်မြောက်လာ

    -

    အချိန်ကာလ တစ်လကြာ ဖမ်းဆီးခံထားရသည် မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ် ၊အ.ထ.က (ဝဲခမိ) မှ ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ ဆရာမ ၅ ဦး ပြီးခဲ့သည့် သြဂုတ် ၃၁ ရက်နေ့တွင် ထိခိုက်မှုမရှိဘဲ ပြန်လည်လွတ်မြောက်လာသည်ဟု ဝဲခမိဒေသခံတို့မှ သိရသည်။

    အဆိုပါ ဆရာ၊ဆရာမ(၅) ဦးတို့ကို ပြီးခဲ့သည် သြဂုတ် ၃၁ ရက်နေ့က ဝဲခမိရွာအနီးတစ်နေရာတွင် ပို့ဆောင်ထားပြီးနောက် ဒေသခံတို့မှ ကားဖြင့် ပြန်လည်ကြိုလာခဲ့သည်ဟု ဝဲခမိဒေသခံတစ်ဦးက ဆိုသည်။

    "ပြန်လွတ်လာတာ ၂ ရက်လောက်ရှိပါပြီး၊ ဘာမှထွေထူးတော့မရှိဘူးပေါ့လေ၊ အဲ့နေတုန်းက ဥက္ကဌအိမ်မှာ လူများနေတော့ ဘာဖြစ်နေလဲလို့ သွားကြည့်တာ ဆရာ ဆရာမအဖွဲ့တွေ ပြန်လွတ်လာတယ်လို့ ကြားတယ်ပေါ့လေ၊ အားလုံး အေးအေးဆေးဆေးပါပဲ"ဟု ဆိုသည်။

    ပြန်လည်လွတ်မြောက်လာသည့် ဆရာ၊ ဆရာမ ၅ ဦးတို့ကို သဖြူဇရပ်မြို့နယ်ပညာရေးရုံးတွင် စစ်ကောင်စီအဖွဲ့တို့က စစ်ဆေးမေးမြန်းမှုလုပ်ဆောင်ခဲ့သည်ဟုလည်း သံဖြူဇရပ် ပညာရေးရုံအဖွဲ့နှင့် နီးစပ်သူတို့မှ သိရသည်။

    ပြီးခဲ့သည့် သြဂုတ် ၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြောက်ကျားဝတ်ဝတ်ဆင်ထားသည့် အင်အား(၁၅)ဦးခန့်ရှိ အဖွဲ့တစ်ဖွဲ့မှ အဆိုပါ အ.ထ.က (ဝဲခမိ) စာသင်ကျောင်းသို့ ရောက်ရှိလာပြီး ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ(၅)ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

    KNU တပ်မဟာ ၆ မှ သတိပေးထုတ်ပြန်ချက်ကို မလိုက်နာခြင်းကြောင့် ဝဲခမိရွာမှ Non CDM ဝန်ထမ်း ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု KNU တပ်မဟာ ၆ ဥက္ကဌ ပဒိုစောလစ္စတန်မှ KIC သတင်းဌာနတွင် ပြောကြားသည်။

    ယခင်ဖမ်းဆီးမှူဖြစ်ပွားသည့်အချိန်မှ ယနေ့အထိ အ.ထ.က(ဝဲခမိ)ကျောင်း ပုံမှန်ဖွင့်လှစ်လျှက်ရှိသည်ဟုလည်း သိရသည်။

    KNU အစည်းအရုံး တပ်မဟာ ၆ ဒူးပလာယာခရိုင်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် နုတ်ထွက်ခြင်း၊ နယ်မြေပြောင်းရွေ့လုပ်ဆောင်ကြရန်နှင့် လိုက်နာမှုမရှိသူများကို အရေးယူဆောင်ရွက်သွားမည်ဟု ဇွန်လ ၂၈ ရက်နေ့တွင် ဒူးပလာယာခရိုင်မှ သတိပေးစာ ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks