Wednesday, March 11, 2026
More
    spot_img
    Homeသတင်းကော့သောင်းနယ်စပ်မှ ထိုင်းဘက်သို့ လူငယ်အမျိုးသားများ ထွက်ခွင့်ပိတ်

    ကော့သောင်းနယ်စပ်မှ ထိုင်းဘက်သို့ လူငယ်အမျိုးသားများ ထွက်ခွင့်ပိတ်

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့မှတဆင့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ လူငယ်အမျိုးသားများ ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီက ယနေ့ စက်တင်လာလ ၂ ရက်နေ့ကစပြီး ပိတ်ပင်လိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်မှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားများ ၇ ရက်သက်တမ်းရှိ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ဖြင့် ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

    “ထိုင်းဘက်ခြမ်းကို ၇ ရက်ကတ် သွားလာခွင့်က ဒီနေ့ပိတ်လိုက်ပြီ။ လောလောဆယ် စာအုပ်ကြီးတော့ ရသေးတယ်လို့ ပြောတယ်။ စာအုပ်အစုံရှိတဲ့လူတွေက သွားလာလို့ ရသေးတယ်။ နောက်ဆို မပြောတတ်ဘူး” ဟု ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။

    လက်ရှိတွင် ၇ ရက်သက်တမ်းရှိ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ဖြင့် သွားလာသည့်လူငယ်အမျိုးသားများကိုသာ ပိတ်ပင်ခြင်းဖြစ်ပြီး ၁၄ ရက်သက်တမ်းရှိ Boder Pass စာအုပ်နှင့် ပတ်စ်စပို့ဖြင့် သွားလာသူများကို ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း ဆိုသည်။

    စစ်မှုထမ်းရမည့်အသက်အရွယ်အကျုံးဝင်အမျိုးသားများကို အဓိက ပိတ်ပင်ခြင်းဖြစ်ကြောင်း အမျိုးသမီးများ ဖြတ်သန်းသွားလာ၍ ရနေသေးကြောင်းလည်း မြို့ခံတို့က ပြောသည်။

    “အကြောင်းရင်းကတော့ စစ်မှုထမ်းဥပဒေကြောင့်လည်း ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ အဓိကက အမျိုးသားတွေကို ကန့်သတ်ပိတ်ပင်လို့ပေါ့။ အဲဘက်မှာက တစ်နေ့ကို လူငယ်တွေ ရာနဲ့ချီ ထွက်နေကြတယ်ဆိုတော့လေ” ဟု အထက်ပါ ကော့သော့မြို့ခံက ပြောသည်။

    စစ်ကောင်စီက ထိုသို့ ပိတ်လိုက်ခြင်းကြောင့် ၇ ရက်သက်တမ်းရှိ နယ်စပ်ဖြတ်ကျော်စာအုပ်များဖြင့် ထိုင်းဘက်သို့ ထွက်သွားသူများ ပြန်ဝင်မရပဲ အခက်အခဲဖြစ်နေသည်ဟု သိရသည်။

    စစ်ကောင်စီက နိုင်ငံအတွင်း လုပ်သားရှားပါးလာခြင်း၊ နိုင်ငံခြားကို လုပ်အားယိုစိမ့်မည်ဆိုသည့်အကြောင်းပြချက်ဖြင့် ပြည်ပထွက်လူငယ်များကို ပိတ်ပင်တားဆီးခြင်း၊ ကန့်သတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်လာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks