Wednesday, March 11, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီ၏ နောက်ဆုံးထွက်ပေါက်ဖြစ်သည့် ပြည်သူ့လုံခြုံရေးအဖွဲ့ကို ဆန့်ကျင်ရန် MSFC၊ MSRF နှင့် MSDF တို့မှ ပူးတွဲသတိပေး

    စစ်ကောင်စီ၏ နောက်ဆုံးထွက်ပေါက်ဖြစ်သည့် ပြည်သူ့လုံခြုံရေးအဖွဲ့ကို ဆန့်ကျင်ရန် MSFC၊ MSRF နှင့် MSDF တို့မှ ပူးတွဲသတိပေး

    -

    စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွင် ပြည်သူ့တို့ လုံးဝမပါဝင်ပတ်သတ်ရန်နှင့် ဆန့်ကျင်သွားရန် မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာန (MSFC- DoD)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့ ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် ပူးတွဲသတိပေးစာတစ်ရပ် ထုတ်ပြန်ထားသည်ဟု သိရသည်။

    စစ်ကောင်စီမှ နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်း၊ ခရိုင်၊ မြိုနယ်အဆင့်ဆင့်သာမက ရပ်ကွက်၊ကျေးရွာများတွင် စစ်သင်တန်းပေးခြင်းနှင့် လက်နက်တပ်ဆင်ပေးခြင်းတို့ပါဝင်ပြီး အသက် ၃၅ နှင့် ၆၅ နှစ်အကြား အရပ်သားအမျိုးသားများကို ပစ်မှတ်ထားကာ ရပ်/ကျေးများတွင် စတင်လူစုလျှက်ရှိသည်။

    စိတ်ဓါတ်အင်အားနှင့် တိုက်ခိုက်ရေးစွမ်းရည်အဖက်အဖက်မှ ကျဆင်းနေသည့် စစ်ကောင်စီအဖွဲ့တို့သည် အသက် ၃၅ နှစ်နှင့် ၆၅ နှစ်ကြားရှိပြည်သူတို့ကို ရပ်ကွက်၊ကျေးရွာလုံခြုံရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရန် ရည်ရွယ်ထားသော်လည်း စစ်ကောင်စီမှ ရှေ့တန်းသို့ မကြာမီပို့ဆောင်နိုင်မည့်အခြေအနေတို့ကြောင့် စစ်ကောင်စီအဖွဲ့တို့အား လုံးဝမကူညီရန် နိုင်ဒင်းပလဟံသာ (MSFC-DoD) မှ ဆိုသည်။

    “သူတို့တွေ တစ်သက်လုံးလုပ်လာတာ ပြည်သူအတွက်ဆိုတာမရှိဘူး။ သူတို့အတွက် ကာကွယ်ဖို့ပဲ အဖွဲ့ဖွဲနေတာ။ ပြီးတော့ အသက် ၃၅နှစ် အထက်တွေက အိမ်ထောင်ဦးစီးတွေ ဖြစ်တယ်။မိသားစုလည်းရှိတယ်။ သူတို့က ပြောတာပေါ့ ကင်းစောင့်ရမယ်။ စာနယ်ရိက္ခာတွေပို့ရမယ်။သူတို့ပြောတာတစ်ပုံစံ၊ ပေးလုပ်တာကတစ်ပုံစံ။ အခုတော့ ကင်းစောင့်ပေါ့ကြာရင် သူတို့စစ်တပ်တွေအင်အားမရှိရင် ကိုယ့်ကို အရှေ့တန်းကို ပို့မှာပေါ့။ အဲ့ကြောင့် သူတို့ခေါ်ရင် သူတို့ဘက်ကို သွားမပတ်သက်ဖို့။ ပြီးတော့ သူတို့ အတင်းအကြပ်ခေါ်ရင်လည်း တော်လှန်းရေးအဖွဲ့နဲ့ အဆက်သွယ်ယူပြီး အကူညီတောင်းလို့ရတယ် ” ဟု ဆိုသည်။

    ၎င်းအပြင် ထိုအဖွဲ့အား အမျိုးမျိုးပါဝင်လုပ်ဆောင်ကူညီနေသူများကို သိရှိပါက သတင်းပေးပို့သွားရန်နှင့် ၎င်းတို့အား ပြည်သူ့သစ္စာဖေါက်ဟု သတ်မှတ်ကာ ပြတ်ပြတ်သားသားအရေးယူသွားမည်ဟုလည်း သတိပေးပြောဆိုသည်။

    "စစ်တပ်အဖွဲ့တွေကို အသက်ဆက်ပေးသလို မလုပ်ဘဲဖို့နဲ့၊ သူတို့(စကစ)အဖွဲ့ကို စိတ်ရောကိုယ်ပါ ဝိုင်းဝန်းနေတဲ့သူတွေကို အရင်ဦးဆုံးအနေနဲ့ ကျနော်တို့အသိပေးမယ်၊ အဲ့ထက်လွန်သွားရင် ကျနော်တို့က ဖမ်းဆီးအရေးယူထားမယ်၊ အကယ်လို့ လက်လှမ်းမှီတဲ့နေရာမဟုတ်ဘူးဆိုရင် အခြားမဟာမိတ်အဖွဲ့တွေကို အကူညီတောင်းပြီး အရေးယူနိုင်ဖို့ လုပ်ဆောင်သွားမယ်" ဟု နိုင်ဒင်းပလဟံသာက ဆိုသည်။

    လက်ရှိ ရေးမြို့နယ် တောင်ဘုံကျေးရွာနှင့် သောင်ပြင်ကျေးရွာအပြင်အခြား မြို့နယ်ဒေသအသီးသီးတွင် လူစုဆောင်းမှု စတင်လုပ်နေသည်ဟု သိရသည်။

    စစ်မှုထမ်းသင်တန်းဆင်းသူတို့ကို ရှေ့တန်းပို့ဆောင်ပြီး အသက်သေဆုံးမှုတို့ ရှိနေခြင်းကြောင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဟု ဆိုကာ အိမ်ထောင်ဦးစီးအရွယ်ရှိသည့် အမျိုးသားတို့ကို ပြည်သူ့စစ်လုပ်ရန် ဆွဲသွင်းလာခြင်းကြောင့် ဒေသခံတို့ စိုးရိမ်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks