Wednesday, March 11, 2026
More
    spot_img
    Homeသတင်းစစ်သင်တန်းသို့ အငှားလိုက်မည့်သူရှားလာပြီး နေအိမ်အထိအဓမ္မခေါ်ယူစုဆောင်းနေ

    စစ်သင်တန်းသို့ အငှားလိုက်မည့်သူရှားလာပြီး နေအိမ်အထိအဓမ္မခေါ်ယူစုဆောင်းနေ

    -

    မွန်ပြည်နယ်အတွင်း စစ်သင်တန်းတက်ရောက်ရန် အငှားလိုက်မည့်သူ ရှားလာသည့်နောက် စစ်မှုထမ်းအသက်အရွယ်တွင်အကြုံးဝင်သူတို့ကို နေအိမ်အထိအဓမ္မခေါ်ယူစုဆောင်းနေသည်ဟု သိရသည်။

    စစ်ကောင်စီမှ ယခင်က စစ်မှုထမ်းမည့်သူတို့ကို ရပ်ကျေးအုပ်ချုပ်ရေးမှုးမှတစ်ဆင့် စာရင်းကောက်ယူပြီးနောက် သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာရှိ အမှတ်(၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်နေသော်လည်း လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးရုံး(လဝက)နှင့် ချိတ်ဆက်ကာ စာရင်းပါရှိသူတို့ကို နေအိမ်အထိ ကားဖြင့်ခေါ်ဆောင်နေသည်ဟု သိရသည်

    ယခုသြဂုတ်လအတွင်း ကျိုက်ထိုမြို့နယ်တွင် စစ်မှုထမ်းသင်တန်း အပတ်စဉ် ( ၅ ) တက်ရောက်ရန် ပြည်သူတို့ကို နေအိမ်အထိ နေ့ရောညပါ အဓမ္မခေါ်ယူနေခြင်းကြောင့် ဒေသခံတို့ ထိန့်လန့်လျှက်ရှိသည်ဟု ကျိုက်ထိုဒေသခံတစ်ဦးက ဆိုသည်။

    “လက်ရှိခေါ်နေတာက အမျိုးသမီးတွေမပါသေးဘူးပေါ့၊ အမျိုးသားတွေပဲခေါ်နေတာ။ သူတို့ခေါ်တာက နေ့ဘက်တွေ ညဘက်တွေ ကားနဲ့လာကြပြီး အဲ့ဒီအိမ်မှာ သူတို့စာရင်းနဲ့တိုက်ရိုက်ခေါ်တာ။ တိုက်ရိုက်လာတာ။ ဘယ်လိုမှ အုပ်ချုပ်ရေးမှူးကိုတောင် အကြောင်းမကြားတဲ့အပိုင်းတွေပေါ့နော်။ လဝက ကနေပေးတဲ့စာရင်းနဲ့ တိုက်ရိုက်လာခေါ်တဲ့ ပုံစံရှိတယ်” ဟု ဆိုသည်။

    ၎င်းအပြင် စစ်မှုထမ်းစာရင်းတွင် အမည်ပါနေသူတို့ကို လာရောက်ခေါ်ယူစဉ် နေအိမ်တွင်မရှိပါက မိဘ(သို့မဟုတ်) မိသားစုဝင်တစ်ဦးဦးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

    “ထွေအုပ်နဲ့ချိတ်ပြီးတော့ အိမ်ကိုဝင်လာတာပေါ့နော်။ ဝင်လာပြီးတော့ ဘယ်အိမ်ဘယ်အိမ်ပါလဲဆိုတာကို မေးတယ်။ အကယ်လို့ လာခေါ်တဲ့အချိန် နာမည်ပါတဲ့သူမရှိဘူးဆိုရင် မိဘ မိသားစုကို ထွေအုပ်ရုံးကို ခေါ်သွားတယ်။ ပြန်လွှတ်တယ်။ သူတို့ခေါ်တဲ့သူ အိမ်ပြန်ရောက်ရင် ဘယ်ချိန်မှာ ပြန်လွှတ်ပေးပါဆိုပြီး ပြောတယ်။ တစ်ချို့ကလည်း စစ်မှုထမ်းအတွက်ပါတယ် မလိုက်ဘူး။ မလိုက်ဘူးဆိုရင် ပိုက်ဆံ ၁ သိန်းတောင်းတယ်” ဟု ၎င်းကဆက်ပြောသည်။

    ကျိုက်ထိုမြို့နယ်တွင် စစ်မှုထမ်းသင်တန်းမတက်ရောက်လိုသူတို့ အုပ်ချုပ်ရေးမှုးရုံးတွင် ငွေကျပ် ၁ သိန်းပေးဆောင်ကာ ဖြေရှင်းနိုင်ခဲ့သော်လည်း လတ်တလောတွင် ငွေကြေးဖြင့် မဖြေရှင်းနိုင်တော့ကြောင်း ဆိုသည်။

    စစ်မှုထမ်း အပတ်စဉ်(၁) သင်တန်းဆင်းများကို ရှေ့တန်းသို့ ပို့ခဲ့သည့်အပြင် အပတ်စဉ်(၂)၊ (၃)၊ (၄) တွင် တက်ရောက်နေသူတို့ မိသားစုနှင့်အဆက်သွယ်ပြတ်တောက်လျှက်ရှိခြင်းကြောင့် စစ်မှုထမ်းသင်တန်းသို့ ငွေဖြင့် လူငှားလိုက်မည့်သူရှားပါးသွားကြောင်း ဒေသခံများမှ စုံစမ်းသိရှိရသည်။

    လူငှားလိုက်မည့်သူရှားလာခြင်းကြောင့် ငှားခဈေးနှုန်းမြင့်တက်သွားပြီး ကျိုက်ထို၊ ချောင်းဆုံနှင့် ရေးမြို့နယ်တွင် ဒေသခံတို့ ရပ်ကျေးအုပ်ချုပ်ရေးမှုးထံ လစဉ်ငွေကျပ်တစ်သောင်းနှင့်အထက် ပေးဆောင်နေရသည်ဟု သိရသည်။

    မွန်ပြည်နယ်အတွင်း စစ်ကောင်စီမှ စစ်သားစုဆောင်းရေးကို အရှိန်မြှင့်လာနေသည့်အပြင် လာမည့်စစ်မှုအထမ်းအပတ်စဉ်(၅)တွင် အမျိုးသမီးတို့ကိုပါခေါ်ယူမည်ဟု ပြောဆိုထားခြင်းကြောင့် လူငယ် အမျိုးသား၊အမျိုးသမီးငယ်အများစု နေရပ်စွန့်ခွာ တိမ်းရှောင်မှုတိုးလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks