spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီ၏ ကန့်သတ်ပိတ်ပင်မှုကြောင့် ပြည်ပထွက်ခွာသူတို့ငွေကြေးအကုန်အကျများပြီး ဆုံးရှုံးမှုလည်းများနေ

    စစ်ကောင်စီ၏ ကန့်သတ်ပိတ်ပင်မှုကြောင့် ပြည်ပထွက်ခွာသူတို့ငွေကြေးအကုန်အကျများပြီး ဆုံးရှုံးမှုလည်းများနေ

    -

    စစ်ကောင်စီမှ အသက် ၂၂ နှစ်နှင့်အထက် လူငယ်တို့ကို ပုံစံအမျိုးမျိုးဖြင့် ပြည်ပထွက်ခွင့် ကန့်သတ်နေခြင်းကြောင့် ပြည်ပထွက်ခွာလိုသည့် လူငယ်တို့ ပြင်ဆင်ဆောင်ရွက်ရမည့်အချက်အလက်များလာပြီး ငွေကုန်ကြေးကျလည်းများလျှက်ရှိသည်ဟု သိရသည်။

    ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူတိုင်း Oversea Worker Identification Card – OWIC ကတ်မဖြစ်မနေ လုပ်ဆောင်သွားရမည်ဟု စစ်ကောင်စီအလုပ်သမားရေးရာဝန်ကြီးဌာနမှ ညွှန်ကြားထားသော်လည်း အသက် ၂၂ နှစ်နှင့်အထက်လူငယ်တို့ကို ကတ်လုပ်ခွင့်ပိတ်ပင်ထားခြင်းကြောင့် မှောင်ခိုပြုလုပ်နိုင်ရေး ငွေပုံအောပေးနေရသည်ဟု ပြည်ပထွက်ခွာရန် ပြင်ဆင်နေသူတို့မှ သိရသည်။

    ယခင် OWIC ပြုလုပ်မည့်သူတို့သည် လူကိုယ်တိုင်သွားရောက် လျှောက်ထားလျှင် ငွေကျပ်ထောင်ဂဏန်းခန့်သာကုန်ကျနေပြီး ပွဲစားမှတစ်ဆင့်ပြုလုပ်မည်ဆိုပါက ငွေကျပ်တစ်သိန်းဝန်းကျင် ကုန်ကျနေသော်လည်း လက်ရှိတွင် မှောင်ခိုပြုလုပ်ရန် ၁၅ သိန်းမှ သိန်း ၃၀ ဝန်းကျင်အထိ ပေးဆောင်နေရသည်ဟု သိရသည်။

    "နိုင်ငံခြားဘက်မှာ အလုပ်သမား မယူတာမဟုတ်ဘူး ဒီအရွယ်က အလုပ်လုပ်ရတဲ့အရွယ်လေ ၂၄ ၊၂၅ နှစ်ဆို သူတို့ပိုတောင်လိုချင်တယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံဘက်မှာပဲ ပိတ်ထားတယ်။ အသက် ၂၂ နှစ်အထက်မှာ ရှိတဲ့သူတွေကို မြန်မာနိုင်ငံမှာ OWIC ကတ်မလုပ်ပေးတော့ဘူး။ သူတို့ပိတ်ထားတယ်။ သူတို့ကို လာဘ်ငွေတွေ အများကြီးပေးနိုင်မှ ခိုးလုပ်ပေးတယ်။ ပြောချင်တာက သွားရဖို့အတွက်လမ်းကြောင်းရှင်းရတာ ငွေပုံပေးရင် သူတို့မစစ်ဆေးတော့ဘူး ဘာမလုပ်ဘူး သွားရတဲ့အထိလုပ်ပေးတာ ငွေပုံပေးနိုင်ရင်ပေါ့” ဟု စင်ကာပူတွင် အလုပ်လုပ်သူတစ်ဦးမှ သိရသည်။

    ဒါ့အပြင် ကိုယ်ရေးအချက်အလက်၊ passport size ဓာတ်ပုံတစ်ပုံ၊ Work Permit ၊ passport စာအုပ်၊ Visa မိတ္တူနှင့် ဘွဲ့လက်မှတ်/ ဆယ်တန်းအောင်လက်မှတ် မိတ္တူ တို့ဖြင့် ပူတွဲလျှောက်ထားရမည်ဟု ဆိုသည်။

    ပြည်ပထွက်ခွာရန် passport၊ smart card ၊ OWIC အပြင် အခြား အချက်အလက်တို့ကို စုံလင်လင်ပြင်ဆင်ထားသော်လည်း လေဆိပ်နှင့် နယ်စပ်ဂိတ်များမှ စစ်ဆေးခံယူရပြီး လှည့်ပြန်နေရခြင်းကြောင့် လေယာဉ်ခနှင့် အခြားခရီးသွားစရိတ်တို့ ဆုံးရှုံးနေရသည်ဟုလည်း ကိုးရီးယားရောက် လူငယ်တစ်ဦးက ဆိုသည်။

    “တချို့တွေကတော့ လိုအပ်တဲ့ အချက်အလက်တွေအစုံပြင်ဆင်ပြီးသွားတာ ဟိုရောက်တော့ သူစစ်ဆေးတော့ အသက် ၂၄/၂၃နှစ် ရှိနေတော့ သူတို့မပေးသွားဘူး။ပြန်လာရတယ်။ လေယာဉ်လက်မှတ်ပါ ဝယ်ထားတော့ လေယာဉ်ခတွေရော ရှုံးရတယ် မသွားရလို့။ နေတိုင်းလိုလို မသွားရဘဲ ပြန်လာရတဲ့သူတွေများတယ်။ ထွက်ခွလို့ ရမရဆိုတာ သူတို့(စကစ) ရဲ လက်ထဲမှာပဲရှိနေတယ်လေ၊ တချို့က သွားလို့ ရတယ်။ ဘာကြောင့်လဲတော့ သေချာမသိဘူး။ တစ်ယောက်နဲ့ တစ်ယောက်အခြေအနေမတူဘူး အဲလိုဖြစ်နေတယ်။”ဟု ကိုရီးယားတွင် အလုပ်လုပ်နေသူ တစ်ဦးက ပြောသည်။

    ပြည်ပထွက်ခွာသူတို့အနက် လက်ရှိတွင် အသက် ၂၃ နှစ်နှင့် အသက် ၃၂ နှစ်ကြားရှိ လူငယ်တို့ကို ရန်ကုန်လေဆိပ်တွင် စစ်ဆေးရေးတင်းကြပ်လျှက်ရှိပြီး Show Money ၊ Return Ticket ၊ Hotel Booking တို့အပြင် မိဘ (သို့မဟုတ်) အာမခံသူတစ်ဦး၏ လက်မှတ်တို့ စစ်ဆေးလျှက်ရှိရာ အချက်အလက်မပြည့်စုံသူတို့ကို ငွေကြေးတောင်းခံသည့်အပြင် လှည့်ပြန်စေခြင်းတို့တို့ ဆက်တိုက်လုပ်ဆောင်လျှက်ရှိသည်။

    ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်တွင်လည်း ပြည်ပသို့ အလည်အပတ်ဗီဇာ PVနှင့် ထွက်မည့်သူ ၇၀ ခန့် တာဆီးခံရပြီး လေဆိပ်မှ လှည့်ပြန်ခံရသည့်အပြင် သြဂုတ်လအတွင်း လေဆိပ်ရဲမှ ပြည်ပထွက်ခွင့်မပြုဘဲ ပြည်လွှတ်လာသည့်လူဦးရေ ရာနှင်ချီရှိလာပြီးဖြစ်သည်ဟု သိရသည်။

    တစ်ဖက်တွင်လည်း ပြည်ပရောက် မြန်မာလုပ်သားတို့ ဝင်ငွေအခွန် ပုံမှန်ပေးဆောင်ရန် စစ်ကောင်စီမှ မကြာခဏထုတ်ပြန် ပြောဆိုနေသည့်အပြင် မြန်မာသံရုံးတို့မှလည်း အတင်းအကြပ်ဖိအားပေးနေသည်ဟု ပြည်ပရောက်မွန်လူငယ်တို့မှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks