Wednesday, March 11, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီတို့ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းပြီး လက်နက်တပ်ဆင်ပေးနိုင်ရန် စတင်ဆောင်ရွက်နေ

    စစ်ကောင်စီတို့ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းပြီး လက်နက်တပ်ဆင်ပေးနိုင်ရန် စတင်ဆောင်ရွက်နေ

    -

    စစ်ကောင်စီတပ်တို့သည့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ဖွဲ့စည်းပြီး ရပ်ကျေး/ရွာကျေးအဆင့်အထိ လက်နက်တပ်ဆင်ပေးနိုင်ရန် စတင်ကြိုးပမ်းလုပ်ဆောင်နေပြီးဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်း‌ရေး ဗဟိုကြီးကြပ်ကွပ်ကွဲမှုအဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု စစ်ကောင်စီက အမိန့်ထုတ်ပြန် ကြေညာလိုက်သည်။

    ထို့နောက် ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးရုံးတွင် စစ်ကောင်စီမှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ကို အစည်းအဝေးခေါ်ကာ အသက် ၃၀ နှင့် ၆၀ ကြားရှိ အမျိုးသားတို့ကို ကျေးရွာလုံခြုံရေးဆိုင်ရာတွင် ပါဝင်နိုင်ရန်စည်းရုံးလျှက်ရှိသည်ဟု သိရသည်။

    “အခုလိုခေါ်တာက ကျေးရွာအတွင်းလောက်ပဲ။ ဟိုကိုသွားရမယ်။ ဒီကိုသွားရမယ်မဟုတ်ဘူး။ ဥပမာပြောရမယ် ဆိုရင် ကိုယ့်ကျေးရွာအတွက်ကို ကြည့်ရှုစောင့်ရှောက်တာလောက်ပဲပေါ့။ အဲ့လိုပဲ သူတို့ (စစ်ကောင်စီ) ပြောတာပေါ့နော်။ နောက်ဆက်တွဲက ဘယ်လိုလာမလဲမသိသေးဘူး။ လတ်တလောတော့ အဲ့လိုပဲ သူတို့ပြောတာ။ ကိုယ့်ကျေးရွာရဲ့အုပ်ချုပ်ရေးမှူးကို ဝိုင်းဝန်းစောင့်‌ရှောက်ပေးပေါ့။ သူတို့အနေနဲ့လည်း မလာထိရအောင် အဲ့လိုတွေတော့ရှိတယ်ပေါ့။ ဖြစ်နိုင်မဖြစ်နိုင်တာက သူတို့အပိုင်းပေါ့နော်” ဟု ရေးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    ၎င်းအပြင် ရပ်ကျေးအုပ်ချုပ်ရေးမှုတစ်ဦးလျှင် အမျိုးသား ၅၀ ဦးနှုန်းဖြင့် စစ်ကောင်စီထံစာရင်းပေးသွင်းနိုင်ရန် စည်းဝေးတွင်ပြောဆိုထားပြီး စာရင်းပေးသွင်းထားသူတို့ကို စစ်သင်တန်း ၁ လပို့ချပြီးနောက် လက်နက်တပ်ဆင်ပေးမည်ဟု ၎င်းကဆက်ပြောသည်။

    “လက်နက်ကတော့ သင်တန်းမတက်ဖူးဘဲနဲ့တော့ တပ်ဆင်ပေးဖို့ မဖြစ်နိုင်ဘူး။ စစ်သင်တန်းတက်ဖူးတဲ့ ပြည်သူ့စစ်တွေကိုတော့ လက်နက်တပ်ဆင်ပေးတာရှိတယ်။ ယုံကြည်တဲ့သူတွေကို တပ်ဆင်ပေးတယ်ပေါ့။ သင်တန်းတက်လိုတဲ့သူ သူတို့ယုံကြည်တဲ့ သူဆိုတော့ သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးသွားမယ်။ သူတို့ယုံကြည်ရတဲ့သူဆိုတာက ကျေးရွာသော် လည်းကောင်း၊ ရပ်ကွက်သော်လည်းကောင်း၊ သူတို့ထောက်ခံမှု တွေနဲ့သွားမှ အဲ့လိုမဟုတ်ဘူးဆိုရင်တော့ သူတို့ပေးမှာမဟုတ်ဘူး” ဟု စစ်ကောင်စီနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

    ၎င်းအပြင် တစ်ရက်လျှင် ၆၈၀၀ကျပ်နှင့် ၈၀၀၀ ကြား အကျိုးခံစားခွင့်ပေးသွားမည့်အပြင် စားနပ်ရိက္ခာအလုံအလောက်လည်း ထောက်ပံ့ပေးသွားမည်ဟု စစ်ကောင်စီမှ ပြောဆိုထားသည်ဟု သိရသည်။

    စစ်ကောင်စီတို့သည် စစ်မှုထမ်းဥပဒေအပြင် ယခုတဖန် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဆိုကာ အိမ်ထောင်ဦးစီးအရွယ်ရှိသည့် အမျိုးသားအားလုံးကို ပြည်သူ့စစ်လုပ်ရန် ဆွဲသွင်းလာတာကြောင့် ဒေသခံတို့က စိုးရိမ်ကြောက်လန့် နေကြသည်။

    လက်ရှိတွင် ရေးမြို့နယ်၊ ဘီးလင်း၊ သထုံ၊ ချောင်းဆုံ၊ ရေးမြို့နယ်တို့မှာ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ဖွဲ့စည်းအတွက် စတင်လှုပ်ရှားနေပြီးဖြစ်သည်။

    အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ နိုင်ငံကို မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိရန်အတွက် လုပ်ဆောင်သင့်သည့်အရာတို့ကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ပြည်သူပါသည့် လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဩဂုတ် ၂၅ ရက်နေ့က ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks