spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းဂျပန်နိုင်ငံသို့သွားမည့် လူငယ် ၂၀ ဦးဝန်ကျင်း ထိုင်းတွင် ၅ လကျော်ကြာ ဒုက္ခရောက်နေ

    ဂျပန်နိုင်ငံသို့သွားမည့် လူငယ် ၂၀ ဦးဝန်ကျင်း ထိုင်းတွင် ၅ လကျော်ကြာ ဒုက္ခရောက်နေ

    -

    ဂျပန်နိုင်ငံသို့ အလုပ်လုပ်ကိုင်ရန်အတွက် မွန်ပြည်နယ်အပါအဝင်၊ရန်ကုန်မြို့နှင့် မြန်မာပြည်အထက်ပိုင်းမှ လူငယ် ၂၀ ဦးဝန်းကျင်တို့ ထိုင်းနိုင်ငံတွင် ၅ လ ကျော်ကြာ ဒုက္ခရောက်နေသည်ဟု လူငယ်မိသားစုဝင်မှ ပြောပြချက်အရ သိရသည်။

    အဆိုပါ လူငယ် ၂၀ ဝန်းကျင်တို့သည် စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေကို ရှောင်တိမ်းလိုသည့်အပြင် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်လိုခြင်းကြောင့် ပြီးခဲ့သည့်မတ်လတွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုထံ လျှောက်ထားပြီး အေဂျင်စီမှ ဂျပန်သို့အမြန်သွားနိုင်ရန်ဟုဆိုကာ ထိုင်းနိုင်ငံသို့ခေတ္တပို့ဆောင်ထားရာမှ ယနေ့အထိ စောင့်ဆိုင်းနေရသည်ဟု သိရသည်။

    အေဂျင်စီမှ အချိန်ရွှေ့စောင့်ခိုင်းနေသည်မှာ လက်ရှိတွင် ၅ လကျော်ကြာမြင့်လာပြီးဖြစ်သော်လည်း ဂျပန်နိုင်ငံသို့ထွက်ခွာမည့်ရက်ကို အတိအကျမပြောသေးသည့်အပြင် ငွေကြေးလည်းပြန်မပေးကြောင်း သိရသည်။

    “သူတို့ခုထိ ဂျပန်ကိုမရောက်သေးဘူးပေါ့နော်၊ ပိုက်ဆံအကုန်လုံးက အေဂျင်စီလက်ထဲမှာပဲအကုန်ရှိနေတာ။ အေဂျင်စီက ပိုက်ဆံပြန်ပေးမယ်တဲ့ ဒါမဲ့ ခုထိပြန်မပေးရသေးဘူး။ နောက်သုံးရက်စောင့် နောက်သုံးရက်စောင့်ရင်းနဲ့ ခုဆို ၅ လကျော်လာပြီး။ ပိုက်ဆံရပြီးရင်လည်း ထိုင်းမှာလုပ်ချင်ရင်လုပ်၊ အခြားနိုင်ငံပြောင်းချင်ပြောင်းမှာပေါ့” ဟု မွန်လူတစ်ဦး၏ ဖခင်ဖြစ်သူက ဆိုသည်။

    ၎င်းအပြင် ဂျပန်နိုင်ငံသို့ အမြန်သွားရောက်လိုခြင်းကြောင့် လမ်းခရီစရိတ်အားလုံး အေဂျင်စီမှ တောင်းဆိုထားသလောက်ပေးဆောင်ထားပြီး စာချုပ်တစ်စုံတစ်ရာ ချုပ်ဆိုထားခြင်းမရှိကြောင်းလည်း သိရသည်။

    လက်ရှိထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် လူငယ်တို့ကို နေရာထိုင်ခင်းပေးထားသော်လည်း အခန်းခနှင့် စားသောက်စရိတ် ကိုယ်တိုင်ရှာဖွေပေးဆောင်နေရသည်ဟု သိရသည်။

    “ခလေးတွေကလည်း ငိုရမလား ရယ်ရမလား။ ဒီကမိဘတွေလည်း ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားနေကြတာပဲ။ ဒီနိုင်ငံမှာတော့ ဒီအခြေအနေနဲ့တော့ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ နေတဲ့နေရာက အေဂျင်ကတော့ စီစဉ်ထားပေးတယ်။ ဒါမဲ့ အခန်းကြေးတော့ကိုယ့်ဘာကိုယ်ပေးရတယ်။ အေးဂျင်ကလည်း ဖုန်းဆက်လို့လည်းမရတော့ဘူး။ အဆက်အသွယ်ဖြတ်လိုက်ပြီး။ သွားရမလား၊ မသွားရဘူးလား ဘာမှမသိတော့ဘူး” ဟု ဖခင်ဖြစ်သူက ဆိုသည်။

    ယခုနှစ်အတွင်း ပြည်ပသို့ အလုပ်လုပ်ကိုင်လိုသူ အရင်နှစ်တို့ထက်များပြားနေသည့်အတွက် တရားမဝင်အေဂျင်စီတို့လည်း များလာကာ ၎င်းတို့နှင့်ချိတ်ဆက်၍ ပြည်ပထွက်အလုပ်လုပ်သူများ အခက်အခဲ၊ဒုက္ခများအပြင် ငွေကြေးလိမ်လည်ခံရခြင်းများနှင့်လည်း ကြုံတွေ့နေရသည်။

    လက်ရှိတွင် ပြည်ပသို့အလုပ်သမားစေလွှတ်ရာတွင် တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ တရားမဝင်လမ်းကြောင်းမှစေလွှတ်သည့် တရားမဝင်အေဂျင်စီများရှိသကဲ့သို့ လူအစုအဖွဲ့ဖြင့် အမှန်တကယ်လုပ်ကိုင်နေသည့် တရားဝင်အေဂျင်စီများ၏ အမည်နှင့်အချက်အလက်တို့ကိုအသုံးပြုကာ ငွေကြေးလိမ်လည်နေခြင်းများလည်းရှိနေပြီး စစ်ကောင်စီမှ အရေးယူဆောင်ရွက်နိုင်ခြင်းမရှိပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks