spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် နေအိမ်တစ်လုံးထဲ စစ်တပ်ဝင်ရောက်စီးနင်းရာမှ အဘွားအိုတစ်ဦးအပါ ၅ ဦးသေဆုံး

    ကျိုက်ထိုတွင် နေအိမ်တစ်လုံးထဲ စစ်တပ်ဝင်ရောက်စီးနင်းရာမှ အဘွားအိုတစ်ဦးအပါ ၅ ဦးသေဆုံး

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာ ဘဲလေးစားသောက်ဆိုင်အနီးရှိ နေအိမ်တစ်လုံးထဲကို စစ်ကောင်စီတပ်တို့မှ ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့ရာမှ အသက် ၉၀ နှစ်အရွယ် အဘွားအိုတစ်ဦးအပါအဝင် ၅ ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ဘဲလေးစားသောက်ဆိုင်အနီးရှိ နေအိမ်တစ်အိမ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ ရောက်ရှိနေသည်ဆိုပြီး စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့သည်။

    ထိုသို့ စစ်ကောင်စီတပ်မှ နေအိမ်ထဲ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာမှ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်း၊ ပစ်ခတ်မှုကြောင့် အသက် ၉၀ နှစ်အရွယ် အိမ်ရှင် အဘွားအိုနှင့် အသက် ၂၀ နှင့် ၃၀ ကြား လူငယ် ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    “အိမ်ရှင်အဘွားလည်း သေသွားတယ်။ ကျန်တဲ့ ၄ ယောက်ကတော့ လူငယ်တွေဖြစ်ကြတယ်။ စစ်တပ်ကတော့ အဲအိမ်မှာ PDF တွေရောက်နေတယ် သတင်းရလို့ဆိုပြီး ဝင်စီးတာ။ နှစ်ဖက်ပစ်ခတ်မှုဖြစ်သေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    စစ်ကောင်စီအားထောက်ခံ တယ်လီဂရမ်ချန်နယ်များမှာတော့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တပ်ဖွဲ့ဝင်များ စုနေသည့် ဘဲလေးစားသောက်ဆိုင်အနီးရှိ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း KRF အလောင်း ၄ လောင်း တွေ့ရှိသည်ဆိုပြီး ရေးသားဖော်ပြထားသည်။

    ၎င်းပြင် ပစ္စတိုသေနတ် ၃ လက်၊ ကျည် ၄၀ တောင့်နှင့် ကျည်အိမ် ၄ သိမ်းဆည်းရမိကြောင်း KRF တပ်ဖွဲ့ဝင် ၇ ဦးခန့် ထွက်ပြေးလွတ်မြောက်သွားကြောင်းလည်း ရေးသားထားသည်။

    ကျိုက်ထို နေအိမ် ဝင်ရောက်စီးနင်းပစ်ခတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျိုက်ထိုတော်လှန်ရေးအင်အားစုဘက်က တစုံတရာထုတ်ပြန်လာခြင်းမရှိသေးပေ။

    ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကျိုက်ထိုမြို့နယ်၊ ကင်းမွန်းချောင်းကျေးရွာ၊ ကဒတ်ချောင်းတွင် အရက်လာသောက်သည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ကျိုက်ထိုတော်လှန်ရေးအင်အားစုတို့က ဖမ်းဆီးသွားခဲ့သည်။

    ယင်းဖြစ်စဉ်ဖြစ်ပြီးနောက် ကျိုက်ထိုမြို့နယ်ရဲမှူး၊ ရဲအုပ်အပါအဝင် ဒေသခံ ၅ ဦးထက်မနည်းကို စစ်ကောင်စီက PDF ‌တွေကို သတင်းပေးတာ။ ထောက်ပံ့နေတာဆိုပြီး ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks