spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းပြည်သူတို့စိုးရိမ်နေသည့် သမဝါယမစနစ် ကျင့်သုံးနိုင်မည်မဟုတ်ဟုဆို

    ပြည်သူတို့စိုးရိမ်နေသည့် သမဝါယမစနစ် ကျင့်သုံးနိုင်မည်မဟုတ်ဟုဆို

    -

    ပြည်တွင်း စီးပွားရေးကြပ်တည်းချိန်တွင် စစ်ကောင်စီမှသမဝါယမစနစ်တစ်ခု ဖော်ဆောင်ရန်စတင်ကြိုးပမ်းနေပြီး နိုင်ငံတစ်ဝှမ်း တိုက်ပွဲပြင်းထန်နေပြီး ဒီမိုကရေစီစနစ် မကျင်သုံးနိုင်သေးခြင်းကြောင့် ပြည်သူတို့စိုးရိမ်နေသည့် သမဝါယမစနစ်ကို အကောင်ထည်ဖော် ကျင့်သုံးနိုင်မည်မဟုတ်ဟု မွန်ပြည်နယ်အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်တို့က သုံးသပ်ပြောဆိုသည်။

    ခေတ်အဆက်ဆက် ဌာနဆိုင်ရာတာဝန်ရှိသူတို့ လာဘ်စားမှုများပြားနေခြင်းနှင့် ပြည်သူတို့ သမဝါယမပိုင်းဆိုင်ရာ အခြေခံနည်း သေချာစွာနာလည်းထားခြင်းမရှိပါက အကောင်ထည်ဖော်ကျင့်သုံးရန် ခက်ခဲနိုင်သည်ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    “အောင်မြင်ဖို့က အချက်အများကြီးလိုအပ်တယ်၊ အဓိက လာဘ်စားဖို့နည်းသထက် နည်းနေရမယ်၊ ဒါမဲ့ဒီနိုင်ငံ ကိုယ်၌ကလာဘ်စားတာအဖြစ်များနေတော့၊ နောက်ပြီးပညာရေးစနစ်နဲ့လည်း သက်ဆိုင်တယ်၊ အဲ့စနစ်ကျင့်သုံးဖို့ စအကောင်အထည်ဖော်တာနဲ့ အစိုးရပိုင်းဆိုင်ရာဌာနဆိုင်ရာတွေက သမဝါယမပိုင်းဆိုင်ရာ အသိနည်းပညာတွေ supporting လိုအပ်တဲ့ training တွေပေးထားရမယ်၊ ပြည်သူတွေ သိထားသင့်တဲ့ သမဝါယမဆိုင်ရာအပိုင်းတွေနဲ့စီးပွားရေးနဲ့ဆိုင်တဲ့ အသိတွေစသဖြင့် ၅နှစ် ၆နှစ်ကြာပြင်ဆင်ရမယ်၊ နောက်ပြီး သမဝါယမစနစ်က ဒီမိုကရေစီစနစ်ကျင့်သုံးနိုင်မှသင့်တော်မယ်၊ ဌာနဆိုင်ရာတိုင်းက လာဘ်စားမှုက အရင်ရောအခုရောဆိုးဝါးတဲ့အအနေထားဖြစ်နေပြီး သားဆိုတော့ ပြည်သူတွေရဲ့ သမဝါယမအပိုင်းသိတဲ့နည်းတွေ အောက်ခြေမခိုင်၊ မဖွံ့ဖြိုးနေရင် အဲ့နှစ်ချက်က ဖြစ်နေတော့ အောင်မြင်ဖို့မဖြစ်နိုင်ဘူး ” ဟုပြောသည်။

    ထို့ပြင် နည်းစနစ်မှန်ကန်စွာဖြင့် အောင်မြင်စွာကျင့်သုံးပါက ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းနှင့်ပြည်သူလူထုအတွက်ပါများစွာ အထောက်အကူ ပြုနိုင်သည်ဟု ၎င်းကဆက်ပြောသည်။

    လက်ရှိတွင် လွတ်လပ်သည့်ဈေးကွက်စီးပွားရေးစနစ် free market စနစ် ကျင့်သုံးနေသည့်အပေါ်တွင် အောင်မြင်သည်အထိ မလုပ်ဆောင်နိုင်ခြင်းကြောင့် ကမောက်ကမဖြစ်နေအချိန်တွင် သမဝါယမစနစ်ကို ကျင့်သုံးလျှင် လွယ်ကူအောင်မြင်နိုင်သည်ဟုသုံးသပ်မိသောကြောင်း စစ်ခေါင်ဆောင်ကပြောဆိုလိုက်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

    “၂၀၀၈ဖွဲ့စည်းပုံဥပဒေအတိုင်းဆိုရင် သမဝါယမစနစ်ကို အားမပေးထားဘူး ဈေးကွက်စီးပွားရေးစနစ်ပဲ ဆိုတော့ ၊ သူတို့လဲပြောချင်သာပြောတာပဲ အဲ့အချိန်အကြာကြီးအာဏာကရှိချင်မှရှိအုံးမှာလေ။ သမဝါယမဘက်ကို အားပေးရင် ဥပဒေထဲက ဈေးကွက်စီးပွားရေးစနစ်ကိုဖျက်သိမ်းရမှာလား အမျိုးမျိုးရှိနေအုံးမယ်ေ” ဟုပြောသည်။

    လက်ရှိ စစ်ကောင်စီအကြီးအကဲမှ ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြောဆိုထားသည့် သမဝါယမစနစ်သည် ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကဲ့သို့ စီမံကိန်းစီးပွားရေးစနစ်အောက်မှ သမဝါယမစနစ်ဖြစ်သလား သို့မဟုတ် ဈေးကွက်စီးပွားရေးစနစ်အောက်မှ သမဝါယမစနစ်ဖြစ်သလား ဆိုသည်ကို ပြောဆိုထားခြင်းမရှိသေးပေ။

    ခေတ်အဆက်ဆက်မအောင်မြင်ခဲ့သည့်သမဝါယမစနစ်ကို ပြန်လည်အကောင်ထည်ဖော်ပါကမှောင်ခိုလုပ်ငန်းကို ပြန်လည်အသက်သွင်းလိုက်သည့်သဘော ဖြစ်နေခြင်းကြောင့် ပြည်သူလူထုများ စိုးရိမ်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks