Wednesday, March 11, 2026
More
    spot_img
    Homeသတင်းထိုင်းကုန်ပစ္စည်းတို့ကို ထိုင်းဘတ်ငွေဖြင့်သာ အရောင်းအဝယ်ပြုလုပ်လာ

    ထိုင်းကုန်ပစ္စည်းတို့ကို ထိုင်းဘတ်ငွေဖြင့်သာ အရောင်းအဝယ်ပြုလုပ်လာ

    -

    ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ထိုင်း- မြန်မာနယ်စပ်နှင့် ဝေးလံသည့်ကျေးရွာတို့တွင် ထိုင်းဘတ်ငွေစတင်အသုံးပြုလာပြီး အထူးသဖြင့် ထိုင်းကုန်ပစ္စည်းတို့ကို ဘတ်ငွေဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေသည်ဟု သိရသည်။

    မြန်မာကျပ်ငွေ ဆက်တိုက်ကျဆင်းမှုကြောင့် ထိုင်းကုန်ပစ္စည်းရောင်းဝယ်သူအများစု ပြီးခဲ့သည့် သြဂုတ်လ ဒုတိယအပတ်မှစ၍ အရောင်းအဝယ် ရပ်နားခဲ့ရာ လက်ရှိတွင် ထိုင်းဘတ်ငွေဖြင့်သာရောင်းချလာရသည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ်မှ ထိုင်းကုန်ပစ္စည်း ရောင်းဝယ်သူတစ်ဦးက ဆိုသည်။

    “ကျွန်တော်တို့က ထိုင်းက‌နေပဲ ပစ္စည်းချနေတော့လေ မြန်မာငွေနဲ့ ပြန်ရောင်းရင် သိပ်မကိုက်ဘူး။ တခါတလေ သုံးလေးရက်‌ဆိုင်ပိတ်လိုက်ရတယ်။ မြန်မာငွေကျနေတော့လေ။ ဖြစ်နိုင်ရင် ထိုင်းဘတ်ပဲရချင်တယ်။ ထိုင်းဘတ်က တက်နေတော့။ နောက်ပြီး အခုက ကိုယ့်ကားဆိုတော့ နဲနဲသက်သာသေးတယ်။ အချို့ကားသမားတွေဆို မြန်မာငွေ‌တောင် မယူဘူး။ ထိုင်းဘတ်ပဲ ယူတာများတယ်။ အရောင်းအဝယ် လုပ်ရတဲ့လုပ်ငန်းတွေဆိုရင် ဘတ်ငွေပဲ သုံးများတယ်” ဟု ၎င်းက ပြောသည်။

    အလှကုန်၊ စားသောက်ကုန်၊ ဆေးဝါးပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းတို့ကို ဘတ်ငွေဖြင့်သာရောင်းချလာခြင်းကြောင့် ဘတ်ငွေအသုံးပြုမှု တွင်ကျယ်လာသည်ဟုလည်း ဆက်ပြောသည်။

    “အခုရွာတွေမှာ ဘတ်ငွေကို တော်တော်များများ သုံးလကြတယ်။ ဘာလိုဆို ရွာမာ ထိုင်းဘတ်ယူတဲ့ဆိုင်ရှိလာတော့လေ။ အချို့က သူတို့ ထိုင်းကနေ ပြန်လာရင် သူတို့ ငွေမလဲတော့ဘူး။ အချို့က ရွာမာရှိတဲ့ဈေးဆိုင်မှာ ပစ္စည်းယူပြီး ထိုင်းက‌နေ ဘတ်နဲ့ ရှင်းတယ်။ လိုမှပဲ သွားလဲလိုက်ကြတယ်” ဟု ၎င်းက ပြောသည်။

    ထိုင်းနိုင်ငံနှင့် အချိတ်အဆက်ရှိသူ၊ ကူးသန်းရောင်ဝယ်မှုဆိုင်ရာ အဆက်သွယ်ရှိသူ၊ ဘတ်ငွေနှင့်အလှမ်းမဝေးသူတို့ အသုံးပြုနိုင်သော်လည်း သာမန် နေစားဒေသခံတို့ ဘတ်ငွေအသုံးမပြုနိုင်သေးကြာင်း သိရသည်။

    အလားတူ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင်လည်း ဈေးဆိုင်အများစုသည် မြန်မာကျပ်ငွေကို လက်မခံကြသလို၊ အသုံးပြုသူလည်း ရှားပါးလာကြသည်ဟု သိရသည်။

    မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသွားသည့်နောက် ထိုင်းကုန်စည်များကို မြန်မာဘက်တင်သွင်းမှု ရပ်တန့်သွားခဲ့သည့်အပြင် ထိုင်း-မြန်မာနယ်စပ် ငွေကြေးရောင်းဝယ်ရေးနှင့် ငွေလွှဲပြောင်းရေးလုပ်ငန်တို့ သြဂုတ်လ ၁၄ ရက်မှ ယနေ့အထိ ရပ်တန့်နေခဲ့သည်ဟု သိရသည်။

    သြဂုတ်လ ၁၄ ရက်နေ့တွင် မြန်မာငွေကျပ်တစ်သိန်းလျှင် ဘတ် ၅၀၀ အောက်အထိ စံချိန်တင်ကျဆင်းခဲ့ရာ ယနေ့တွင် ကျပ်ငွေတစ်သိန်းလျှင် ၆၁၀ ဘတ်အထိ ဈေးပြန်လည်ဦးမော့လာနိုင်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks