spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းPDF ကို ထောက်ပံ့သည်ဆိုပြီး ကျိုက်ထိုမြို့ခံ မောင်နှမ နှစ်ဦး ဖမ်းဆီးခံရ

    PDF ကို ထောက်ပံ့သည်ဆိုပြီး ကျိုက်ထိုမြို့ခံ မောင်နှမ နှစ်ဦး ဖမ်းဆီးခံရ

    -

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပံ့သည့်စွပ်စွဲချက်ဖြင့် ကျိုက်ထိုမြို့ခံက မောင်နှမ နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

    ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်နေ ကိုပြည့်စုံထွန်းဆိုသူကို စစ်ကောင်စီတပ်က ဩဂုတ်လ ၁၂ ရက်နေ့က လမ်းတွင် ပိတ်ဆို့ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

    ယင်းနောက် ဩဂုတ်လ ၁၃ ရက်နေ့တွင် ကိုပြည့်စုံထွန်း၏ အစ်မဖြစ်သူကို စစ်ကောင်စီတပ်တို့က အင်အားအလုံးအရင်းဖြင့် နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ကျိုက်ထိုမြို့ခံတစ်ဦးက ပြောသည်။

    “ကိုပြည့်စုံထွန်းတို့ မောင်နှမ နှစ်ဦးကို ကျိုက်ထိုအခြေစိုက် တပ်မ – ၄၄ ဌာနချုပ်မှာ စစ်ကြောရေးလုပ်နေတယ်လို့ သတင်းကြားရလို့ မိသားစုတွေက သွားရောက်စုံစမ်းတဲ့အခါမှာ စစ်တပ်ဘက်က မရှိဘူးဆိုပြီးပြောလာတယ်။ ဒီနေ့အထိ ကိုပြည်စုံထွန်းတို့ မောင်နှမ နှစ်ဦးနဲ့ အဆက်အသွယ်မရသေးဘူး” ဟု ၎င်းမြို့ခံက ဆက်ပြောသည်။

    ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့၊ ကော့စနိုင်ရပ်ကွက်ရှိ ကော့စနိုင်လူမှုကူညီရေးအသင်းဝင် ၄ ဦးအပါအဝင် ကျိုက်ထိုမြို့ခံ ၈ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေများဖြင့် အမှုဖွင့်ခဲ့သည်။

    အလားတူ ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မွန်ပြည်နယ်အတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး အရပ်သား ၂၂ ဦး ဖမ်းဆီးခဲ့ကြောင်း ရာမညဖယ်ဒရယ်အင်အားစု (NRFF) က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks