Monday, March 9, 2026
More
    spot_img
    Homeသတင်းနိုင်ငံရေးအခြေအနေကြောင့် ယခုနှစ် မွန်တော်လှန်ရေးနေ့အခမ်းအနား အကျဉ်းချုံးသာ ကျင်းပမည်

    နိုင်ငံရေးအခြေအနေကြောင့် ယခုနှစ် မွန်တော်လှန်ရေးနေ့အခမ်းအနား အကျဉ်းချုံးသာ ကျင်းပမည်

    -

    လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေကြောင့် ဝါခေါင်းလပြည့်နေ့ (သြဂုတ်လ ၁၉ ရက်နေ့) တွင် ကျရောက်မည့် ၇၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို အကျဉ်းချုံးသာ ကျင်းပသွားမည်ဟု ကျင်းပရေးကော်မတီထံမှ သိရသည်။

    မွန်တော်လှန်ရေးနေ့အခမ်းအနားကို မွန်လူငယ်၊ မွန်ပြည်သူတို့ ဦးဆောင်ပြီး မွန်ခေါင်းဆောင်များ အုတ်ဂူတည်ရှိရာ မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဝင်းစိန်တောရသာသနာ့ဝင်းထဲတွင် စည်ကားသိုက်မြိုက်စွာ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သည်။

    သို့သော်လည်း လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေကြောင့် ယခုနှစ် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မော်လမြိုင်မြို့တစ်နေရာတွင် ကျဆုံးလေပြီးသော မွန်အာဇာနည်းခေါင်းဆောက်များကို ဂါရဝပြုသည့် အစီအစဉ်ဖြင့် အကျဉ်းချုံးသာ ကျင်းပသွားရန် စီစဉ်ထားသည်ဟု ကျင်းပရေးကော်မတီထံမှ သိရသည်။

    “မော်လမြိုင်မြို့ပေါ်မှာ အကျဉ်းချုံး ကျင်းပသွားဖို့ စီစဉ်ထားတယ်။ ကျန်တဲ့ နေရာတွေကလည်း သူ့ရွာနဲ့သူတော့ အရင်လိုပဲ အသီးသီးကျင်းပသွားကြမှာပါ။ ဒါပေမဲ့ ဟောပြောပွဲ အစီအစဉ်တွေတော့ မရှိတော့ဘူး။ ကျဆုံးလေပြီးလေ မွန်အာဇာနည်ခေါင်းဆောင်တွေကို ဂါရဝပြုတဲ့ အစီအစဉ်ပဲ လုပ်သွားမှာ ဖြစ်တယ်။ ဒီနိုင်ငံရေးအခြေအနေနဲ့က သိပ်ပြီးတော့လည်း မလုပ်ရဲကြဘူး” ဟု ကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    မွန်တော်လှန်ရေးနေ့တွင် ကျဆုံးလေပြီးသော မွန်တော်လှန်ရေးခေါင်းဆောင်ကြီးများဖြစ်သည့် နိုင်အောင်ထွန်း (ပငရွာ)၊ နိုင်နွန်လာ(နှီးပဒေါ)၊ နိုင်ဖိုးစိန်(ကမာဝက်)၊ နိုင်မွန်ချမ်း(ကမာဝက်)၊ နိုင်သိမ်းမောင်(ပေါင်မြို့)၊ ဝင်းစိန်တောသာသနာ့ဝင်းထဲရှိ မွန်ပြည်သစ်ပါတီခေါင်းဆောင်များဖြစ်သည့် နိုင်ရွှေကျင်၊ နိုင်ထင်နှင့် နိုင်ရော့စ အုတ်ဂူတို့တွင် မွန်လူငယ်၊ မွန်ပြည်သူလူထုတို့က သွားရောက်ဂါရဝပြုလေ့ရှိသည်။

    မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်သူ၊ မွန်လူငယ်များဦးဆောင်ပြီး ကျင်းပလေ့ရှိသည့်အပြင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဒေသတို့တွင်လည်း အသီးသီးကျင်းပလေ့ရှိသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် မွန်တော်လှန်ရေးအဖွဲ့အစည်းတို့ကလည်း မွန်တော်လှန်ရေးနေ့အခမ်းအနားအထိမ်းအမှတ်ကို ကျင်းပလေ့ရှိသည်။

    မော်လမြိုင်မြို့အရှေ့ခြမ်းရှိ ဇာသပြင်ကျေးရွာ ရဲစခန်းအား ကောဇာသက္ကရာဇ် ၁၃၁၀ (၁၉၄၈) ခုနှစ် ဝါခေါင်လပြည့်နေ့တွင် အင်အား ၂၀ ကျော်ရှိ မွန်လူငယ်တစ်စုက စတင်ဝင်ရောက်စီးနင်းခဲ့သည့် နေ့ရက်ကို အစွဲပြုပြီး မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်လာခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks