spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းပျက်စီးသွားသည့်မိုးစပါးအတွက် ကူညီထောက်ပံ့ရာတွင် စစ်ကောင်စီစိုက်ပျိုးရေးဌာနနှင့်နီးစပ်သူတို့သာရရှိ

    ပျက်စီးသွားသည့်မိုးစပါးအတွက် ကူညီထောက်ပံ့ရာတွင် စစ်ကောင်စီစိုက်ပျိုးရေးဌာနနှင့်နီးစပ်သူတို့သာရရှိ

    -

    ပဲခူးတိုင်းဒေသကြီးတွင် နစ်မြုပ်သွားသည့် မိုးစပါးတို့အတွက် မျိုးစေ့ထောက်ပံ့မှုနှင့်ရိတ်သိမ်းခြွေလှေ့စက်များကို စစ်ကောင်စီစိုက်ပျိုးရေးဌာမှ ချိတ်ဆက်ဆောင်ရွက်ပေးနေသော်လည်း လုံလောက်မှုမရှိသည့်အပြင် စိုက်ပျိုးရေးဌာနနှင့်နီးစပ်သူတို့သာရရှိနေသည်ဟု ပဲခူးတောင်သူတို့မှ သိရသည်။

    ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့တွင်စစ်ကောင်စီတာဝန်ရှိသူတို့က ပဲခူးမြို့နယ်၊ မုန်တိုင်းကျေးရွာအုပ်စု၊ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့တွင် မိုးစပါးရေကြီးနစ်မြုပ်တောင်သူတို့နှင့် သီးခြားတွေ့ဆုံပြီး သွင်းအားစုမြေသြဇာတို့ကို ထောက်ပံ့ခဲ့သော်လည်း တောင်သူအားလုံးမရရှိနေဟု သိရသည်။

    ၎င်းအပြင် မိုးစပါးပြန်လည်ကြဲစိုက်ရန်၊ မျိုးစေ့နှင့်အခြားသွင်းအားစုတို့ကို ဆက်လက်ထောက်ပံ့မည်ဟုပြောဆိုထားပြီး မည်သည့်အချိန် မည်သည့်ပမာဏ ကူညီထောက်ပံ့မည်ကိုလည်း အတိအကျမသိရှိရကြောင်း သနပ်ပင်မြို့နယ်မှ တောင်သူတစ်ဦးက ဆိုသည်။

    “မြေသြဇာတွေဘာတွေထောက်ပံ့ပေးရင်အစိုးရနဲ့နီးစပ်တဲ့သူတွေပဲရရင်ရတယ်၊ မနှစ်ကလည်း ကျတော်တို့ ဘက်တော့မရောက်ဘူး၊ ရက်ပိုင်းတုန်းက လယ်သမားတွေကိုအစည်းအဝေးခေါပြီး ပုံတွေလာရိုက်တာတော့ ရှိတယ်၊ဘယ်လောက်ပေးမယ်ဘာညာကမသိသေးဘူး၊မျိုးစေ့ရရင်လည်း ရေမရှိတော့ချောင်းနဲ့မြစ် အနားက လယ်တွေပဲစိုက်လို့ရ ”ဟု ၎င်းကပြောသည်။

    ပဲခူးတိုင်းဒေသကြီးအတွင်း ဇူလိုင်၂၆ မှစ၍ မိုးအဆက်မပြတ်ရွာသွန်းကာရေကြီးရေလျှံခဲ့သဖြင့် စိုက်ပျိုးမြေဧကပေါင်း ၁၀၀၀၀ ကျော်ခန့် ရေလွှမ်းမိုးမှုဖြစ်ပြီး စပါးပင်များပြန်ပေါ်ချိန်တွင် မျိုးစေ့အားလုံး
    ပုပ်သိုးပျက်စီးကာ ရိတ်သိမ်း၍မရနိုင်ဟု တောင်သူတို့က ဆိုသည်။

    ထို့ကြောင့် စိုက်ပျိုးသုံးရေးအသုံးစရိတ်များ အဆမတန်ကုန်ကျနေသည့်ကာလတွင် ပြန်လည်ပြင်ဆင်မှုမလုပ်နိုင်သေးဘဲ မျိုးစေ့ ၊ မြေသြဇာ နှင့် စိုက်ပျိုးထောက်ပံ့စရိတ်မျှော်လ့င်နေကြောင်း ပဲခူးမြို့နယ်မှ မိုးစပါး ၁၀ ဧကစိုက်ပျိုးထားသည့် တောင်သူတစ်ဦးက ပြောသည်။

    “ရေနစ်မြုပ်ကုန်တော့ ဒီပဲခူးမြို့ထဲမှာစပါး တစ်ဝက်ကျော်လောက်ပျက်စီးကုန်တာပေါ့၊ ပြန်စိုက်ပြန်ကြဲဖို့က အချိန်လည်း မလောက်တော့ဘူး။ အနိမ့်ပိုင်းဆိုကုန်တယ်ဘာမှပြန်မရတော့၊ အကုန်မြုပ်သွားတဲ့သူတွေကို မျိုးစေ့ပေးမယ် ကြားတယ်၊အချို့လယ်ကစက်နဲ့ထွန်ယက်ပြီးတော့ မြေသြဇာပြန်ကြဲပေးပြီး နည်းနည်းပါးပါးတော့ ပြန်ရနိုင်တယ်" ဟု၎င်းကဆိုသည်။

    ရေကြီးရေလျှံမှု မဖြစ်မီကပင် ပဲခူးတိုင်းဒေသကြီးရှိ တောင်သူအများစုတို့သည် သွင်းအားစုစရိတ်ကြောင့် ယခုနှစ်မိုးစပါးရာသီတွင် စိုက်ဧကလျော့ချ စိုက်ပျိုးထားသည်ဟုလည်း သိရသည်။

    မိုးစပါးစိုက်ခင်းအများအပြားပျက်စီးသွားပြီး အထွက်နှုန်းကျဆင်း၍ အရှုံးပေါ်နိုင်သည့်အတွက် ချေးယူထားသည့်စိုက်ပျိုးစရိတ်ချေးငွေများ ပြန်ဆပ်နိုင်ရန် အခက်ခဲရှိနိုင်သည်ဟုလည်း တောင်သူတို့က ဆိုသည်။

    ဇူလိုင်လ နောက်ဆုံးအပတ်တွင် ရေကြီးမှုကြောင့် ပဲခူးတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်ရှိမြို့နယ်တို့တွင် မိုးစပါစိုက်ဧက သောင်းနှင့်ချီ ပျက်စီးခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks