spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းနမ့်ဆန်မြို့ကို စစ်တပ်က လေကြောင်းဖြင့်တိုက်ခိုက် အရပ်သား ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

    နမ့်ဆန်မြို့ကို စစ်တပ်က လေကြောင်းဖြင့်တိုက်ခိုက် အရပ်သား ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

    -

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ကို စစ်ကောင်စီက သြဂုတ်လ ၁၂ ရက်နေ့ ညက လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်သည်။

    စစ်တပ်က အရပ်သားများကို ဦးတည်ပြီး ည ၁၁ နာရီခွဲကနေ ၁၂ နာရီဝန်းကျင်ထိ လေကြောင်းဖြင့် ၃ ကြိမ်လာရောက်ပြီး ဗုံး ၆ လုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

    လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့ မြို့လယ်ရပ်ကွက်ရှိ EPC ရုံးအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရုံးဝန်းရှိ အသက် ၃၀ အရွယ် ဒေသခံ ၁ ဦး သေဆုံးသွားကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    စစ်တပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် EPC ရုံးဝန်းအတွင်းရှိ ထရန်စဖော်မာ စက်များထိခိုက်ပျက်စီးသွားသည့်အပြင် အနီးနားရှိ မြို့မဂိုဏ်ချုပ်ကျောင်းနှင့် ဒေသခံနေအိမ် ၅ လုံးလည်း ထိခိုက်ပျက်စီးသွားသည်ဟု ထုတ်ပြန်ထားသည်။

    သြဂုတ်လ ၆ ရက်နေ့ကလည်း PSLF/TNLA အုပ်ချုပ်သည့် ကွတ်ခိုင်မြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဒေသခံ ၆ ဦး သေဆုံးကာ၊ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ်နှင့် ဆိုင်ခန်းပေါင်း ၄၀၀ ကျော်လည်း မီးလောင်ပျက်စီးသွားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks