Thursday, March 12, 2026
More
    spot_img
    Homeသတင်းမွန်တွင် အိမ်ခြံမြေစျေးနှုန်း ကျပ်သိန်း ၂၀၀ အထိ မြင့်တက်လာဟု ဆို

    မွန်တွင် အိမ်ခြံမြေစျေးနှုန်း ကျပ်သိန်း ၂၀၀ အထိ မြင့်တက်လာဟု ဆို

    -

    ယခုရက်ပိုင်းအတွင်း ရွှေစျေးနှုန်းနှင့် ဒေါ်လာငွေလဲလှယ်မှုနှုန်း စံချိန်တင် မြင့်တက်လာမှုတို့ ကြောင့် မွန်ပြည်နယ်၏ အိမ်ခြံမြေစျေးကွက်အတွင်း ကျပ်သိန်း ၂၀၀ အထိ ဈေးနှုန်းမြင့်တက် လာသည်ဟု အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

    လက်ရှိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တည်နေရာအပေါ် မူတည်ပြီး ပေ ( ၄၀+ ၆၀) ပတ်လည် တစ်ကွက်လျှင် အနိမ့်ဆုံး ကျပ်သိန်း ၂၀၀၀ ဝန်းကျင်ကနေ အမြင့်ဆုံးကျပ်သိန်း ၆၀၀၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

    “ရွှေ‌ဈေးနှင့် ဒေါ်လာဈေးတက်ရင် မြေလည်း အနည်းငယ် လိုက်တက်တယ်၊ ရွှေ‌ဈေးက သိန်း ၇၀ ကနေ ၇၆ ထိ ဖြစ်လာပြီးဆိုတော့ မြေက သိန်း ၂၀၀၀ ရောင်းတဲ့နေရာမှာ သိန်း ၂၂၀၀ လောက် တက်လာတယ်” ဟု မွန်ပြည်နယ် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။

    ယခုသြဂုတ်လဆန်းပိုင်းအခြေအနေအရ မွန်ပြည်နယ်၏ အိမ်ခြံမြေဈေးကွက်မှာ ဝယ်လိုအားများပြီး ရောင်းလိုအားနည်းပါးလာသည်ဟု ဆိုသည်။

    “နည်းနည်းသန့်တဲ့ နေရာမှာဆိုရင် သိန်း၂၀၀၀ ကနေ ၂၅၀၀ ကြာမှာရှိတယ်၊ မြိုင်သာယာမြေက ဈေးကြီးတာပေါ့နော်။ ပြီးခဲ့တဲ့နှစ်လကဆို ‌ကျပ်သိန်း ၁၀၀၀ ကို မြိုင်သာယာမှာ ကြိုက်တဲ့ နေရာဝယ်လို့ရတယ်။ အခုသိန်း ၂၀၀၀ ရှိရင်လည်း ကြိုက်တဲ့နေရာ ဝယ်လို့မရဘူး။ ရနိုင်တဲ့ နေရာမှ ရတယ်” ဟု မော်လမြိုင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။

    မြန်မာ့ကျပ်ငွေဈေးနှုန်း ဆက်တိုက်ကျဆင်းနေသည့်အတွက် အိမ်ခြံမြေလုပ်ငန်းရှင်များသည် မူလက ဝယ်ထားသည့် ဈေးနှုန်းအတိုင်း ပြန်လည်မ‌ရောင်းချနိုင်သလို ရောင်းလိုက်သည့် ဈေးနှုန်းအတိုင်းလည်း ပြန်လည်ဝယ်ယူရန် အခက်ခဲနှင့်ရင်ဆိုင်ကြုံနေကြရသည်။

    လက်ရှိ မွန်ပြည်နယ်တွင် မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ်ငွေ ၇၇ သိန်းကျော်ရှိပြီး အမေရိကန်ပြင်ပဈေးကွက် တစ်ဒေါ်လာကို မြန်မာငွေကျပ် ၆၂၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks