Thursday, March 12, 2026
More
    spot_img
    Homeသတင်းသီပေါမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

    သီပေါမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

    -

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ပြီး သြဂုတ်လ ၁၂ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

    သီပေါမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ ၂၃ တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီမှ Y12 အမျိုးအစား လေယာဉ်များဖြင့် တိုက်ခိုက်နေကြောင်း ဒေသခံတို့က ဆိုသည်။

    “မြို့ပေါ်မှာတော့ စစ်တပ်ရှိတဲ့နေရာတွေမှာ ပစ်သံကြားရတယ် ကျန်တဲ့နေရာတွေမှာတော့ တိုက်ပွဲမတွေ့ရဘူး။ စစ်တပ်က လေယာဉ်နဲ့ကြဲနေတာ မြို့လယ်ခေါင်ကိုလဲကျတယ်။ နာရီစင်နား၊ နောက်ပြီး ဆေးရုံဘက်ကိုလည်းကျတယ်လို့ကြားတယ်။ အဲဒီဘက်တော့ ကိုယ်တိုင်သွားမကြည့်နိုင်လိုက်ဘူး။ လောလောဆယ်လမ်းတွေလည်း ပိတ်နေတော့ ရှောင်လို့မရသေးဘူးဗျ” ဟု သီပေါ ဒေသခံတစ်ဦးက ပြောသည်။

    သြဂုတ်လ ၉ ရက်မှစတင်ကာ သီပေါမြို့ဝန်းကျင်တွင် တိုက်ပွဲများစတင်ဖြစ်ပွားလာပြီးနောက် မြို့ပေါ်သို့ တိုက်ပွဲများ ကူးစက်လာခြင်းဖြစ်သည်။

    သြဂုတ်လ ၁၀ ရက်နေ့တွင် သီပေါမြို့နယ် ညောင်ပင်ကုန်းအကျဉ်းထောင်တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကျဉ်းသားများလွတ်မြောက်သွားကြောင်း TNLA နှင့် နီးစပ်သူတို့ထံမှ သိရသည်။

    သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာ စစ်ဆေးရေးဂိတ်နှင့် ခမရ ၅၀၃၊ ၅၀၄ တို့တွင်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လေကြောင်းဖြင့် ဆက်တိုက် တိုက်ခိုက်နေကြောင်း TNLA က ထုတ်ပြန်ထားသည်။

    သီပေါမြို့တွင် စစ်ဒေသကွပ်ကဲမှု ဌာနချုပ် (စကခ ၁) လက်အောက်ခံ ခမရ ၅၀၃၊ ၅၀၄ နှင့် ခလရ ၂၃ တို့ အခြေစိုက်ထားသည်။

    မြို့နယ် ၆ ခုရှိသည့် ကျောက်ခဲခရိုင်မှ ကျောက်မဲ၊ နောင်ချို၊ နမ္မတူ၊ မိုင်းလုံနှင့်မိုင်းငေါ့မြို့တို့ကို TNLA မှ သိမ်းပိုက်ထားပြီး သီပေါမြို့သည် TNLA မှ သိမ်းပိုက်ရန် နောက်ဆုံးကျန်နေသည့် မြို့ဖြစ်သည်။

    ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA မှ သီပေါမြို့အပါအဝင် မြို့နယ် ၁၂ ခုကို သိမ်းပိုက်ထားပြီး အဆိုပါ သိမ်းပိုက်ရရှိထားသည့် မြို့နယ်တို့တွင် ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် ဥပဒေရှေ့နေများကို လုပ်ငန်းတာဝန်လွဲပြောင်းခြင်း၊ တာဝန်ခံအပ်ခြင်းနှင့် ရာထူး အပ်နှင်းခြင်းကို TNLA က သြဂုတ်လ ၁၁ ရက်နေ့တွင် ကျင်းပခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks