Thursday, March 12, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားကောလိပ် (MNC)နှင့် မဟာချူလာလောင်ကွန်းတက္ကသိုလ် (MCU) တို့ကြား နားလည်မှုစာချွန်လွှာတစ်ရပ် ချုပ်ဆိုနိုင်ရန်ပြင်ဆင်

    မွန်အမျိုးသားကောလိပ် (MNC)နှင့် မဟာချူလာလောင်ကွန်းတက္ကသိုလ် (MCU) တို့ကြား နားလည်မှုစာချွန်လွှာတစ်ရပ် ချုပ်ဆိုနိုင်ရန်ပြင်ဆင်

    -

    မွန်အမျိုးသားကောလိပ် (MNC)နှင့် ထိုင်းနိုင်ငံရှိ မဟာချူလာလောင်ကွန်းတက္ကသိုလ်တို့ကြား လာမည့်နှစ်များတွင် အဆင့်မြင့်ပညာရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နားလည်မှုစာချွန်လွှာ (MOU) စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ရန် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

    လာမည့် ဒီဇင်ဘာလအတွင်း (MOU)စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ရေး MCU university, ASEAN Studies Centre, International Buddhist Studies College (IBSC)နှင့် မွန်အမျိုးသားကောလိပ် (MNC) တာဝန်ရှိသူတို့အကြား သြဂုတ်လ ၈ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး နားလည်မှုစာချွန်လွှာမှုကြမ်းတစ်ရပ်ကို ထုတ်ပြန်နိုင်ခဲ့သည်ဟု သိရသည်။

    အဆိုပါစာချွန်လွှာမူကြမ်းတွင် မွန်အမျိုးသားကောလိပ်မှ ကျောင်းသူ၊ ကျောင်းသားများ မဟာချူလာလောင်ကွန်းတက္ကသိုလ်တွင် ပညာဆက်လက်လေ့လာဆည်းပူနိုင်ရေး၊ ကျောင်းနှစ်ကျောင်းကြား ဆရာဆရာမများသာမက ကျောင်းသားများအချင်းချင်း အတွေ့အကြုံ ဖလှယ်မှုပြုလုပ်နိုင်ရေး၊ Dual Degree စနစ်တစ်ခု အကောင်အထည်ဖော်နိုင်ရေး၊ သုတေသနပြုလုပ်ခြင်းဆိုင်ရာတို့အပြင် မဟာချူလာနှင့်ညှိနှိုင်းပြီး ကောလိပ်၏ curriculum အချို့ ပြုပြင်ရန် စသည့်အချက်တို့ ပါဝင်သည်ဟု မဟာချူလာလောင်ကွန်း မွန်ရဟန်းကျောင်းသားအဖွဲ့မှ ဥက္ကဌဖြစ်သည့် ဆရာတော်တစ်ပါးမှ မိန့်ကြားသည်။

    “ ဒီ MOUက ဖြစ်မလား မဖြစ်ဘူးလားကိုတော့ အခုကဆုံးဖြတ်မချရသေးဘူး။ ဒါပေမဲ့ ဒါကို ဒီဇင်ဘာလဆိုရင် ပြီးရမယ်လို့ နှစ်ဖက်စလုံးက ရည်ရွယ်ထားတယ်။ ဒီရည်ရွယ်ချက်ကိုလည်း အောင်မြင်ရမယ်လို့ ဆုံးဖြတ်ချက်ချပြီး လုပ်ဆောင်သွားမယ်။ အကယ်လို့ MCU တက္ကသိုလ်နဲ့ မွန်အမျိုးသားကောလိပ်တို့ MOU လက်မှတ်ထိုးဖြစ်ရင် မွန်အမျိုးသားတွေအတွက် အင်အားများစွာဖြစ်စေပြီး အခွင့်အလမ်းတွေများစွာ ပေါလာမယ်” ဟု မိန့်ကြားသည်။

    ၎င်းအပြင် ကျောင်းနှစ်ကျောင်းကြား (MOU) လက်မှတ်ထိုးနိုင်သည့်အဆင့်အထိ လျှောက်လှမ်းနိုင်ရန် နိုင်ဥူထိုင်မနီ(ထိုင်းနိုင်ငံရောက် မွန်တစ်ဦး)က ပေါင်းကူးတံတားသဖွယ် တာဝန်ယူ ချိတ်ဆက်ပေးနေသည်ဟု သိရသည်။

    မွန်အမျိုးသားကောလိပ်အနေဖြင့် လက်ရှိသင်ကြားနေသည့် ဘာသာရပ်အားလုံးတို့တွင် အားနည်းချက်ရှိနေသေးသည့်အပြင် ကျောင်းသားကျောင်းသူတို့ကို ဝိဇ္ဇာဘွဲ့အထိ ချီးမြှင့်နိုင်ရန် လိုအပ်နေသေးသည်ဟုလည်း မွန်အမျိုးသားကောလိပ် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “ ကောလိပ်ဘက်မှာ လိုအပ်ချက်တွေရှိသေးတယ်။ ဥပမာ လူမှုရေးဘာသာရပ်မှာကိုပဲကြည့် အခြားနိုင်ငံတွေရဲ့ သုတေသနတွေကိုပဲ သင်ယူလေ့လာနေရတယ် ကျွန်တော်တို့လူမျိုးတွေရဲ့ သုတေသနတွေကိုတော့ သင်ယူဖို့ ရှိမနေဘူးလေ။ ကျွန်တော်တို့ လူမျိုးရဲ့ သုတေသနစာတမ်းတွေကို ပြန်လည်း စုဆောင်မြင့်တင်နိုင်ဖို့ ရည်ရွယ်ထားတာကတစ်ဖက်။ ပြီးတော့ ကျွန်တော်တို့ ကောလိပ်မှာဆိုရင် ဝိဇ္ဇာဘွဲ့အဆင့်တော့မပေနိုင်သေးဘူ။ အဲကြောင့် Associate degree အဆင့်နဲ့ပဲ မရပ်သွားဖို့ ကျောင်းသားတွေ ပညာဆက်သင်ယူနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ MOU ထိုးဖို့ သဘောတူညီမှုတွေ လုပ်ခဲ့တယ်” ဟု မွန်အမျိုးသားကောလိပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

    မွန်အမျိုးသားကောလိပ်ကို မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ ညီသာစခန်းတွင် ၂၀၂၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး Associate Degree အတွက် ဘာသာရပ် (၇) ခု သင်ကြားပေးနေသည့်အပြင် သူနာပြုသိပ္ပံဆေးဘာသာရပ်အထူးပြုသင်ယူနေသူတို့ကိုလည်း ဝိဇ္ဇာဘွဲ့ပေးအပ်နေကြောင်း သိရသည်။

    မွန်အမျိုးသားကောလိပ်(MNC)သည် ယခုနှစ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ Payap တက္ကသိုလ်နှင့် နားလည်မှုစာချွန်လွှာ MOU စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။

    မွန်လူငယ်များ နိုင်ငံတကာအဆင့်မြင့်ပညာရေးကျောင်းများတွင် လွယ်ကူချောမွေ့စွာ ချိတ်ဆက်သင်ကြားနိုင်ရန် မွန်အမျိုးသားကောလိပ်အနေဖြင့် နိုင်ငံရပ်ခြားရှိတက္ကသိုလ်များနှင့် ပူးပေါင်းချိတ်ဆက်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks