spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် ရွှေဈေးကွက်အတွင်း တစ်ရက်လျှင် တစ်သိန်းကျပ်နှုန်းဖြင့် နေ့စဉ်ဈေးတက်နေ

    မွန်ပြည်နယ် ရွှေဈေးကွက်အတွင်း တစ်ရက်လျှင် တစ်သိန်းကျပ်နှုန်းဖြင့် နေ့စဉ်ဈေးတက်နေ

    -

    နိုင်ငံတစ်ဝှမ်း ရွှေဈေးနှင့် ငွေဈေးနေ့စဉ်မြင့်တက်နေသည့်ကာလတွင် မွန်ပြည်နယ်ရွှေဈေးကွက်အတွင်း တစ်ရက်လျှင် တစ်သိန်းကျပ်နှုန်းဖြင့် နေ့စဉ် ဈေးမြင့်တက်လျှက်ရှိသည်ဟု သိရသည်။

    မွန်ပြည်နယ် မြို့နယ်အသီးသီးရှိ ရွှေဆိုင်တို့တွင် သြဂုတ် ၁၀ ရက်နေ့ ပြင်ပရွှေဈေးနှုန်းအရ တစ်ကျပ်သားလျှင် ၇၅ သိန်းဖြင့် အရောင်းအဝယ်ရှိရာမှ ယနေ့တွင် ၇၇ သိန်း ၅ သောင်းကျပ်ဖြင့် စံချိန်တင်ပေါက်ဈေးရှိနေပြီး ၃ ရက်အတွင်း တစ်သိန်းကျပ်နှုန်းဖြင့် ဆက်တိုက်မြင့်တက်လျှက်ရှိသည်ဟု သိရသည်။

    “ဒေါ်လာဈေးကတက်တယ် ရွှေဈေးကလဲ ဖြည်းဖြည်းချင်းလိုက်တက်တယ် အဲဒီတော့ ဈေးတွေကလည်းနေ့တိုင်းပြောင်းလဲနေတယ်။ ဥပမာ ရွှေဖြူဈေးတို့လိုဆိုရင် နေ့တိုင်းပြောင်းလဲနေတယ်လေ။ ဝယ်သူတွေက ဒီနေ့လာမေးတော့တစ်မျိုး နောက်နေ့လာမေးတော့ ဈေးတစ်မျိုး နောက်နေ့တစ်မျိုးပြောင်းသွားတယ်။ အဲဒီတော့ တခါတလေ ကျွန်မတို့ကိုယ်တိုင်ဈေးမြင့်တင်နေတယ်လို့ သူတို့သံသယဖြစ်တယ်” ဟု ရေးမြို့ပေါ်ရွှေရောင်းနေသူတစ်ဦးက ပြောသည်။

    နေစဉ်ပြောင်းလဲနေသည့် ရွှေဈေးတို့ကြောင့် ဝယ်သူနှင့်ရောင်းသူတို့ကြား ခက်ခဲလျှက်ရှိသည်ဟု ဆက်ပြောသည်။

    ဩဂုတ်လ ပထမပတ်အတွင်း ပြင်ပပေါက်ဈေးတွင် အခေါက်ရွှေဈေး ၆၉ သိန်းကျော်၊ အမေရိကာန်တစ်ဒေါ်လာ ၅၅၀၀ ကျပ်ဈေးဖြင့် စံချိန်တင်မြင့်တက်ခဲ့သည်။

    စစ်ကောင်စီ၏ နိုင်ငံရေး၊ စစ်ရေးနှင့် ငွေကြေးစီမံရေးမူဝါဒအမှားတို့ကြောင့် ကျပ်ငွေတည်ငြိမ်မှုကို လှုပ်ခတ်စေပြီး ငွေကြေးထက်ပိုမိုခိုင်မာသည့် အိမ်ခြံမြေ၊ အမေရိကန်ဒေါ်လာနှင့် ရွှေတို့ ဝယ်ယူမှုမြင့်မားလာသည့်နောက် ဈေးနှုန်းစံချိန်တင်မြင့်တက်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks