Thursday, March 12, 2026
More
    spot_img
    Homeသတင်းရေး၊ မြို့ဟောင်းရွာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆ ဦး သေဆုံး

    ရေး၊ မြို့ဟောင်းရွာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆ ဦး သေဆုံး

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မြို့ဟောင်းကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၆ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရသည်ဟု မွန်ပြည်သစ်ပါတီ (NMSP-AD) က ထုတ်ပြန်သည်။

    သြဂုတ်လ ၈ ရက်နေ့က မော့ကနင်အခြေစိုက် ခလရ ၁၀၆ နှင့် ခမရ ၅၈၈ တို့မှ အင်အား ၁၂၀ ခန့်ရှိ စစ်ကောင်စီတပ်တို့က မြို့ဟောင်းကျေးရွာဘက် ဝင်ရောက်လာစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

    “ဒီနေ့ (သြဂုတ် ၉) ညနေ ၂ နာရီကလည်း တိုက်ပွဲ ထပ်ဖြစ်သေးတယ်။ ပြီးတော့ ကနင်းကမော့ဘက်ကနေလည်း စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တို့သည် မြို့ဟောင်းကျေးရွာမှ အရပ်သား ၁၀ ဦးခန့်ကို ဖမ်းဆီးသွားခဲ့ပြီး လူနေအိမ်နှင့် ဈေးဆိုင်အချို့ကို ဖောက်ထွင်းမွှေနှောက်ပြီး ပစ္စည်းများခိုးယူသွားသည်ဟု ဆိုသည်။

    “မြို့ဟောင်းရွာက မွန်အမျိုးသားကျောင်းမှာ ထားထားတဲ့ ကားတစ်စီးကိုလည်း သူတို့(စစ်ကောင်စီ) မီးရှိုးသွားခဲ့တယ်။ အဲကျောင်းထဲက ပစ္စည်းတွေကိုလည်း ရစရာမရှိအောင် အကုန်မွှေနှောက်ထားတာ။ ရွာမှာရှိတဲ့ အိမ်တွေ၊ ဈေးဆိုင်တွေက ပစ္စည်းတွေလည်း မွှေနှောက်ခိုးယူခဲ့တယ်။ ပြီးတော့ မြို့ဟောင်းရွာက အရပ်သား ၁၀ ယောက်လောက်ကိုလည်း ဖမ်းဆီးသွားခဲ့တယ်။ အခုချိန်ထိ သတင်းအစန မရသေးဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

    မြို့ဟောင်းရွာတိုက်ပွဲအတွင်း အထိအခိုက်ကျဆုံးမှုများခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် မြို့ဟောင်းကျေးရွာမှ ပြန်လည်ဆုတ်ခွာသော်လည်း နှစ်ဖက်စစ်ရေးတင်းမားနေသည့်အနေအထား ရှိနေသည်။

    လက်ရှိတွင် ရေး-သံဖြူဇရပ်-ထားဝယ် လမ်းပိုင်းတလျှောက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာနေပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းတို့ကို တော်လှန်ရေးတပ်ပူးပေါင်းတို့က ကြားဖြတ်တိုက်ခိုက်ခြင်း၊ သွားရောက်တိုက်ခိုက် နေခြင်းတို့ကြောင့် တိုက်ပွဲပြင်းထန်လာခဲ့သည်။

    စစ်ကောင်စီဘက်ကလည်း ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ထိန်းချုပ် နိုင်ရန် ကြိုးစားနေသည့်အတွက် အဆိုပါလမ်းပိုင်းတလျှောက်ရှိ ကုန်းမြင့်နေရာများတွင် တပ်စွဲထားသည့်အပြင် တော်လှန်ရေးအင်အားစုများ လှုပ်ရှားရာနေရာများကိုလည်း အင်အားအလုံအရင်းဖြင့် စစ်ကြောင်းထိုးနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks