Thursday, March 12, 2026
More
    spot_img
    Homeသတင်းရက်ရှည်ကြာသည်အထိ စက်သုံးဆီဝယ်ယူရရှိမှု ခက်ခဲနေခြင်းကြောင့် ပြင်ပဈေးကွက်တွင် တစ်လီတာ ၆၀၀၀ ကျော်ပေါက်ဈေးရှိလာ

    ရက်ရှည်ကြာသည်အထိ စက်သုံးဆီဝယ်ယူရရှိမှု ခက်ခဲနေခြင်းကြောင့် ပြင်ပဈေးကွက်တွင် တစ်လီတာ ၆၀၀၀ ကျော်ပေါက်ဈေးရှိလာ

    -

    မွန်ပြည်နယ်၊ မော်လမြိုင် စက်သုံးဆီအရောင်းဆိုင်တို့တွင် ဇူလိုင်နောက်ဆုံးအပတ်မှစ၍ စက်သုံးဆီအကန့်အသတ်ဖြင့်ရောင်းချနေပြီး တန်းစီဝယ်ယူချိန်ကြာမြင့်နေခြင်းကြောင့် ပြင်ပဈေးကွက်တွင် တစ်လီတာ ကျပ် ၆၀၀၀ ကျော် ပေါက်ဈေးရှိလာသည်ဟု သိရသည်။

    စက်သုံးဆီဆိုင်ကြီးတို့တွင် ပုံမှန်ဈေးဖြင့်ရောင်းချနေသော်လည်း အချိန်ပေးဝယ်ယူရန် ခက်ခဲသည့်ပြည်သူတို့အနေဖြင့် ပြင်ပဆိုင်တွင်သာ ဝယ်ယူနေရပြီး တစ်လီတာလျှင် ကျပ် ၅၀၀၀ မှ ၆၅၀၀ ကြား ပေါက်ဈေးဖြင့် ရောင်းချနေသည်ဟု သိရသည်။

    “မနက်ပိုင်းမှာ တန်းစီပြီး ဆီဝယ်ဖို့ကလည်း အချိန်မရှိဘူးလေ။ အလုပ်သွားရမယ်။ဓာတ်ဆီဆိုင်တွေလည် ညနေ့ပိုင်းလောက်ဆိုပိတ်ကုန်ပြီး။ အကြီးရော အလတ်ရော ဘယ်ဆိုင်မှ ဆီမရှိတော့ဘူး။ ဆီဆိုင်တွေကို လိုက်ရှာနေတာ ဆိုင်ကယ်ထဲမှာရှိတဲ့ဆီတွေတောင် ကုန်သွားတော့မယ်။ အဲကြောင့် ပြင်ပဈေးကွက်ကနေဝယ်လာတာ ဈေးတော့နှစ်ဆပေးရတယ်ပေါ့။ သူတို့ဈေးအမြင့်တင်ပြီးရောင်းပေးတယ်။ အလုပ်သွားဖို့က ဆိုင်ကယ်လိုတယ်လေ၊ ဆိုင်ကယ်ဆီရှိမှ သွားလို့ရတာပေါ့” ဟု မော်လမြိုင်မြို့ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

    ယနေ့ သြဂုတ် ၉ ရက်နေ့ မော်လမြိုင်မြို့တွင်းရောင်းချနေသည့် စက်သုံးဆီဆိုင်ကြီးတို့တွင် ယာဉ်တန်းအစီးရေ ၅၀ ထက်မနည်း ရှိနေပြီး ဓါတ်ဆီများကို စီတန်းဝယ်ယူကာ စီးပွားအဖြစ် ပြန်လည်ရောင်းချမှုရှိနေသည်ဟုလည်း မြို့ခံတို့က ဆိုသည်။

    မြို့ပေါ်ဆိုင်ကြီးတို့မှတစ်ဆင့် ခွဲဝေးရောင်းချမှုနည်းပါးခြင်းကြောင်း ကျေးလက်တို့တွင် စက်သုံးဆီဝယ်ယူရရှိမှုခက်ခဲနေပြီး အရေးပေါ်အခြေအနေများတွင် သွားလာရေးအခက်အခဲနှင့် ရင်ဆိုင်နေရသည့်အပြင် အငှားယာဉ်မောင်းလုပ်ငန်းအချို့ လုပ်ကိုင်သူတို့ ရပ်နားထားရသည်။

    “ အခုက စက်သုံးဆီတွေ ဝယ်ယူရတာ ခက်တယ်။ ကိုယ်က ခရီးသည် ပိုဆောင်နေသူဆိုတော့ ဓာတ်ဆီမရှိရင် ဆိုင်ကယ်နဲ့ ခရီးသည်တွေကို ပိုဆောင်လို့မရဘူးပေါ့။ စက်သုံးဆီရှိမှ အလုပ်လုပ်လို့ရတယ်လေ၊ မရှိတော့ အလုပ်ကို ရပ်ထားရတယ် ” ဟု Taxi ယာဉ်မောင်းတစ်ဦးက ဆိုသည်။

    နိုင်ငံတစ်ဝှမ်း စက်သုံးဆီဝယ်ယူမှုခက်ခဲနေပြီး ရန်ကုန်နှင့် မန္တလေးမြို့ကြီးတို့တွင်လည်း ဓါတ်ဆီပြင်ပဈေးကွက် ၁၀၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေပြီး ယခုရက်ပိုင်းအတွင်း ဝယ်ယူရရှိမှု အနည်းငယ်လွယ်ကူလာသည်ဟုလည်း ရန်ကုန်အခြေစိုက်သတင်းစာမျက်နှာတို့တွင် ရေးသားဖော်ပြထားသည်။

    မော်လမြိုင်ဓါတ်ဆီဆိုင်မှ ဈေးနှုန်းဖော်ပြချက်အရ ၉၂ တစ်လီတာ ၂၈၃၅ ကျပ်၊ ၉၅ တစ်လီတာ ၂၉၇၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၃၀၃၀ ကျပ်နှင့် ပရီမီယန်ဒီဇယ်တစ်လီတာ ၂၅၃၅ ပေါက်ဈေးရှိနေသည်။

    စစ်ကောင်စီမှ စက်သုံးဆီမပြတ်လပ်ရန် ဆောင်ရွက်နေကြောင်း သြဂုတ် ၁ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။

    ဇူလိုင်လလယ်ပိုင်းမှစ၍ နိုင်ငံအနှံ့ရေကြီးမှုကြောင့် စက်သုံးဆီဖြန့်ဖြူးမှု နှောင့်နှေးကြန့်ကြာခဲ့သော်လည်း သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီသိုလှောင်ရာနေရာတွင် သြဂုတ်လ ဒုတိယအပတ်အထိ စက်သုံးဆီ အလုံအလောက်ရှိနေသည်ဟုလည်း စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုထားသည်။

    ပြည်တွင်း နိုင်ငံရေးမတည်ငြိမ်မှု၊ ပုဂ္ဂလိကဘဏ်တို့တွင် ဘဏ်အကောင့်အမျိုးအစားအားလုံးကို ငွေသားပမာဏ အကန့်အသတ်ဖြင့်သာ ထုတ်ပေးခဲ့သည့်အပြင် ဝန်ထမ်းနှင့် ပင်စင်လစာ တိုးမြှင့်ပေးမည်ဟု ထုတ်ပြန်လာပြီးနောက် တစ်ချိန်တည်းတွင် ရွှေနှင့်ဒေါ်လာဈေး ထိုးတက်လာသည့်အပြင် စက်သုံးဆီပြတ်လပ်မှုပါ ဖြစ်လာသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks