spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းအာယုတောင်ဌာနေပြည်သူ့စစ်တို့ကို လက်နက်တပ်ဆင်ပေးပြီးနောက် ငွေကြေးတောင်းခံမှုဆိုးရွာလာ

    အာယုတောင်ဌာနေပြည်သူ့စစ်တို့ကို လက်နက်တပ်ဆင်ပေးပြီးနောက် ငွေကြေးတောင်းခံမှုဆိုးရွာလာ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း အာယုတောင်ကျေးရွာရှိ လင်းဦးအဖွဲ့ဦးစီးသည့် အာယုတောင် ဌာနေပြည်သူ့စစ်အဖွဲ့ကို စစ်ကောင်စီမှလက်နက်တပ်ဆင်ပေးပြီးနောက် ဂိတ်နှစ်ခုဖွင့်လှစ်ကာ ငွေကြေးတောင်းခံမှု ဆိုးရွားစွာ လုပ်ဆောင်လာသည်ဟု ဒေသခံတို့က ဆိုသည်။

    အဆိုပါဌာနေပြည်သူ့စစ်အဖွဲ့တို့သည် အာယုတောင်ကျေးရွာလမ်းထိပ်အပြင် တောင်ဘုံကျေးရွာနှင့် အာယုတောင်ကျေးရွာချင်းဆက်လမ်းပိုင်းတို့တွင်ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးအပတ်အတွင်း ဂိတ် တစ်ခုထပ်မံ ဖွင့်လှစ်ကာငွေကြေးတောင်းခံနေသည်ဟု အာယုတောင်ဒေသခံတို့ထံမှ သိရသည်။

    ဂိတ်အသစ်ထပ်မံဖွင့်လှစ်ထားသည့်နောက် လမ်းသွားလမ်းလာဒေသခံတို့ကို စစ်ဆေးမေးမြန်းနေသည့်အပြင် ယင်းတို့ထိန်းချုပ်ရာ နယ်မြေအတွင်း သွားလာရာတွင်လည်း ဒေသခံတို့ကို ရှောင်တစ်ခင် စစ်ဆေးမေးမြန်းခြင်း၊ လက်ကိုင်ဖုန်းစစ်ဆေးခြင်းတို့ကို လုပ်ဆောင်နေသည်ဟု အာယုတောင်ဒေသခံ တစ်ဦးက ပြောသည်။

    “အခုအာယုတောင်လမ်းဝမှာနဲ့ ဒီတပတ်ကျော်အတွင်းမှာပဲ အာယုတောင်နဲ့တောင်ဘုံရွာကိုသွားတဲ့ လမ်းမှာ သူတို့ဂိတ်တစ်ခုထပ်ဖွင့်ထားတယ်။ ကားအပေါ် မူတည်ပြီးငွေကြေးကောက်ခံတာတွေ လုပ်နေတယ်၊ သောင်းအထက်ပေးရတာလည်းရှိတယ်။ကုန်တင်ကားဆို ၃သောင်းအထက်ပေးရတယ်။ ဖုန်းအကောင်းစားတွေ VPN ချိတ်ထားတဲ့ဖုန်းဆိုရင် သူတို့ယူသွားတာရှိတယ်”ဟု ၎င်းကပြောသည်။

    အာယုတောင်ဌာနေပြည်သူ့စစ်အဖွဲ့ထဲတွင် တခြားဒေသမှလာသည့် ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းများနှင့် ရွှေ့ပြောင်းလုပ်သားတို့ပါဝင်ပြီး၊ အဖွဲ့ဝင် ၄၀ ခန့်ဖြင့် နှင်းစုံ၊ စုံနံ့သာ၊ ချောင်းတောင်းတံတားတစ်ဝိုက်တွင် သွားလာလှုပ်ရှားနေသည်ဟု သိရသည်။

    “ဒီတလောသူတို့လက်နက်ရတော့လှုပ်ရှားတာများသွားတာပေါ့၊ သူတို့သွားလာစဉ်မှာတော့တွေ့ရင် သူတို့မထင်ရင်မထင်သလိုစစ်တယ်။ ပြည်သူ့စစ်တွေ တော်တော်များများကရွှေ့ပြောင်းလုပ်သားတွေပဲ” ဟု ၎င်းဒေသခံကပြောသည်။

    ပြီးခဲ့သည့်ဇူလိုင်လ ၂၄ ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ အာယုတောင်ရှိဌာနေပြည်သူ့စစ် အဖွဲ့ဝင် ၂၅ ဦးခန့်ကို လက်နက်တပ်ဆင်ပေးခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်တို့ထံမှ သိရသည်။

    ယခင်က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တို့ကို ကင်းစောင့်စေခြင်း၊ အခွန်ကောက်ခံခြင်းနှင့် စစ်သားစုဆောင်းရေးလုပ်ငန်းစဉ်တို့တွင် စေခိုင်းနေသည့်အပြင် လက်နက်တပ်ဆင်ပေးသည့်နောက် ပစ်ခတ်တိုက်ခိုက်မှုတို့တွင် စစ်သားအသွင်ဆောင်စေပြီး စစ်ကူအင်အားအနေဖြင့်အသုံးပြုလာနိုင်သည်ဟုလည်း ဒေသခံတို့က ပြောဆိုလျှက်ရှိသည်။

    လက်ရှိ စစ်ကောင်စီအဖွဲ့တို့သည် နိုင်ငံအနှံ့အပြားတွင် စစ်သင်တန်းများ ပေးနေသည့်အပြင် ပြည်သူ့စစ်အဖွဲ့တို့ကိုလည်း လက်နက်တပ်ဆင်ပေးမှု ပိုမိုလုပ်ဆောင်နေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks