spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းရေဘေးသင့်နေဆဲဖြစ်သည့် ပဲခူးမြို့ခံထောင်နှင့်ချီ စားနပ်ရိက္ခာအကူအညီလိုအပ်

    ရေဘေးသင့်နေဆဲဖြစ်သည့် ပဲခူးမြို့ခံထောင်နှင့်ချီ စားနပ်ရိက္ခာအကူအညီလိုအပ်

    -

    ပဲခူးတိုင်းဒေသကြီးတွင် ယနေ့ဇူလိုင် ၃၁ ရက်နေ့အထိ ပဲခူးမြစ်ရေစိုးရိမ်ရေအမှတ်ထက် ဆက်လက်မြင့်တက်နေဆဲဖြစ်သဖြင့် ရေဘေးသင့်နေသည့် အနိမ့်ပိုင်းရပ်ကွက်မှ ပဲခူးမြို့ခံတို့အပြင် ကယ်ဆယ်ရေးစခန်းတွင်ရောက်ရှိနေသည့် ရေဘေးသင့်ပြည်သူတို့ စားနပ်ရိက္ခာအကူအညီ လိုအပ်လာသည်ဟု မြို့ခံရေဘေးကူညီကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

    ပဲခူးမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့မှစ၍ ကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများ ထောင်နှင့်ချီရှိလာပြီး ထပ်တိုးရောက်ရှိသူတို့လည်းရှိနေခြင်းကြောင့် စားနပ်ရိက္ခာမလောက်ငှမှုနှင့် ရင်ဆိုင်နေရသည်။

    “အခက်အခဲကတော့ စာရေးသောက်ရေးပေါ့၊ ဒီနှစ်က အလှူရှင်လည်းနည်းတယ်ဆိုတော့လေ။ ပညာမွန်ကျောင်းမှာဆိုရင် တစ်နပ်ကို ဆန်သုံးအိတ်လောက်ချက်ရတယ်။ အစိုးရအဖွဲ့ကနေပြီးတော့ မနေ့က ကြက်ဥနဲ့ ခေါက်ဆွဲခြောက်ရယ် ဆန် ၆ အိတ်လားမသိဘူး လာပေးတာ။ အဲ့ဒါကို တစ်ရက်တည်းနဲ့ကုန်သွားတယ်၊ တစ်နပ်ကို ၃ အိတ် ချက်ရတယ်ဆိုတော့လေ။ အဲ့ဒါတွေက သိတဲ့နေရာလောက်ပေါ့နော်” မြို့ခံရေဘေးအကူအညီပေးနေသူတစ်ဦးက ဆိုသည်။

    လက်ရှိအချိန်အထိ ကယ်ဆယ်ရေးစခန်းသို့ မပြောင်းရွှေ့နိုင်သည့် အနိမ့်ပိုင်းကျေးရွာ/ရပ်ကွက်အချို့မှ ဒေသခံနှင့် အလှူရှင်မရောက်ရှိနိုင်သည့် ကျေးရွာမှ ရေဘေးသင့်ပြည်သူများအနေဖြင့်လည်း စားနပ်ရိက္ခာနှင့်ဆေးဝါး အကူအညီလိုအပ်နေသည်ဟု သူကဆက်ပြောသည်။

    ဇူလိုင်လ ၂၆ ရက်နေ့မှစ၍ ပဲခူးမြို့အတွင်းရှိ ဘုန်းကြီးကျောင်းနှင့် အမြင့်ပိုင်းရပ်ကွက်တို့တွင် ယာယီကယ်ဆယ်ရေးစခန်း ၂၂ ခုထက်မနည်း ဖွင့်လှစ်ထားပြီး စခန်းတစ်ခုလျှင် ရေဘေးသင့်ပြည်သူ အနည်းဆုံး ၇၀၀ ဦးခန့် ထားရှိထားပြီး ထပ်တိုးရောက်ရှိနေသူတို့လည်း ရှိနေသည်ဟု သိရသည်။

    “ခန့်မှန်းရခက်နေတယ်။ လူဦးရေကတိုးပြီးတိုးနေတယ်။ ကယ်ဆယ်ရေးစခန်းက ၂၂ နေရာလောက်ရှိတယ်။ စာရင်းတော့အသေအချာမရှိနိုင်ဘူး။ ရေမြှုပ်တဲ့နေရာတွေလည်း တော်တော်များတာကိုး။ ရေတွေကလည်း တစ်နေ့တစ်နေ့ တိုးပြီးတိုးလာနေတော့ ပစ္စည်းတွေသိမ်း နေလို့မရတော့ဘူး။ လှေတွေရှာ၊ လှေတွေတောင်း။ ကယ်ဆယ်ရေးစခန်းတစ်နေရာ မှာဆို ၁၁၀၀၊ ၁၅၀၀၊ ၇၀၀ အများကြီးပေါ့၊ ထောင်ချီတယ်” ဟု အထက်ပါသူက ဆိုသည်။

    ထောင်နှင့်ချီရှိသည့်ရေဘေးသင့်ပြည်သူတို့၏ စားနပ်ရိက္ခာကိစ္စကို ပဲခူးမြို့အတွင်းပရဟိအဖွဲ့ ၊ တစ်နိုင်တစ်ပိုင်အလှူရှင်များနှင့် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တို့မှ ကူညီဆောင်ရွက်ပေးနေသည်ဟု သိရသည်။

    ပဲခူးမြို့တောင်ဘက်ရှိ ရေလှောင်ဆည်ကို မနေ့ညနေပိုင်းတွင် ေဖာက်ထားသည့်နောက် ပဲခူးမြို့ပေါ်ရပ်ကွက်တို့တွင် ရေအနည်းငယ် ကျဆင်းသွားသော်လည်း ပဲခူးမြို့အပြင်ဘက်ရှိ လယ်နေရာနှင့်အနိမ့်ပိုင်းနေရာတို့ ရေလွှမ်းမိုးနေဆဲဖြစ်သည်။

    ရေကြီးရေလျှံမှုကြောင့် ပဲခူးတိုင်းအတွင်းရှိ သနပ်ပင်မြို့နယ်အပါအဝင် ကလိ၊ တပ်ကလေး၊ ရွာသစ်၊ ဈေးကြီး၊ ဇိုင်းတောင်၊ ပုဏ္ဏစုစသည့်ရပ်ကွက်အပြင် အနိမ့်ပိုင်းကျေးရွာမှ ထောင်နှင့်ချီသည့် ရေဘေးသင့်ပြည်သူ့တို့ကို ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ထားသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks