spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းနှစ်ကရင် စက်သုံးဆီဆိုင်မှ အလုပ်သမားတစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးထား

    နှစ်ကရင် စက်သုံးဆီဆိုင်မှ အလုပ်သမားတစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးထား

    -

    ရေးမြို့နယ် နှစ်ကရင်ရွာ မုဒ်ဝရှေ့ရှိ လွီရာမညစက်သုံးဆီဆိုင်မှ အလုပ်သမားတစ်ဦး၏ဖုန်းတွင် မသင်္ကာဖွယ်အကြောင်းအရာတို့ကိုတွေ့ရှိခဲ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့တွင် စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ထားသည်ဟု ဒေသခံတို့မှ သိရသည်။

    ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့က စစ်ကောင်စီအဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ အဆိုပါရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် လွီရာမညစက်သုံးဆီဆိုင်ရှိ အလုပ်သမားနှစ်ဦးကို ကားနှစ်စီးဖြင့်အကြိုအပို့လုပ်ဆောင်ရန် အကူအညီတောင်းခံခဲ့သည့်နောက် ၎င်းတို့၏ဖုန်းများကို စစ်ဆေးခဲ့သည်ဟု သိရသည်။

    တော်လှန်ရေးအဖွဲ့တို့နှင့် အဆက်သွယ်ရှိနေသည်ဟုဆိုကာ အလုပ်သမားတစ်ဦးကို ယနေ့ ဇူလိုင် ၃၁ ရက်နေ့အထိစစ်ဆေးမေးမြန်းနေဆဲဖြစ်ပြီး ကျန်တစ်ဦးကို ဇူလိုင် ၂၉ ရက်နေ့တွင်ပင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု ရေးဒေသခံတစ်ဦးကဆိုသည်။

    “ မသင်္ကာစရာတွေ့လို့ ဆိုပြီးသူ ထိန်းချူပ်လိုက်တာ။ စစ်ဆေးခံနေရတယ်ပေါ့၊ ဒီနေ့မနက်က ဖုန်းဆက်ကြည့်လိုက်တော့ သူတို့ပြောတာစစ်လို့မပြီးသေးဘူး။ ကျန်နေတဲ့တစ်ယောက်က ဘယ်လိုခြေနေရှိလဲတော့ မသိသေးဘူ။ သူတို့က တစ်ယောက်မှလဲ မပေးတွေ့ဘူး။ ဖုန်းလဲ မပေးဆက်ဘူး။ ဖုန်းလဲ ပိတ်ထားတယ်။ စစ်ဆေးမေးမြန်ပြီးရင် ဖုန်းဖွင့်ပေးမယ်လို့ သူတို့ပြောတယ်” ဟု ပြောသည်။

    အဆိုပါအလုပ်သမား၏ အလုပ်ရှင်အပါအဝင် မိသားစုဝင်တို့နှင့် အဆက်သွယ်ပြတ်တောက်လျှက်ရှိပြီး အကြိုပို့လုပ်ဆောင်ခဲ့သည့် ကားတို့ကိုလည်း သိမ်းဆည်းထားသည်ဟု သိရသည်။

    ၎င်းအပြင် ရေး- သံဖြူဇရပ် အမှတ် (၈) လမ်းမပေါ်တွင် နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ ယမန်နေ့က နှစ်ကရင်ရွာရှိ ကားလမ်းများကို အဝင်အထွက် မပြုလုပ်ရန်လည်း တားမြစ်ထားသည့်အပြင် ဆိုင်ကယ်၊ ခရီးသည်တင်ယာဉ်နှင့် ခရီးသွားလာသူတို့၏ လက်ကိုင်ဖုန်းကိုလည်း ရှာဖွေစစ်ဆေးမှု ပိုမိုလုပ်ဆောင်နေသည်ဟု ဒေသခံတို့က ဆိုသည်။

    “နှစ်ကရင်ကားလမ်းဆို ကားအဝင်အထွက် တစ်စီးမှ မပေးလုပ်ဘူး။ နောက်ပြီး မနေ့က မော့ကနင်း ကုန်းပေါ်မာလဲ ၂ နာရီ ကနေ ၆ နာရီထိ စစ်ဆေးမှုတွေ လုပ်နေတယ်။ တိုက်ပွဲက တစ်နေ့ထပ်တစ်နေ့ ပိုပြင်းထန်းလာ‌တော့။ စစ်ဆေးရေးတွေကလဲ ပိုတင်းကြပ်လာတယ်။ သူတို့တွေ့တဲ့ သူတိုင်းကို လိုက်စစ်နေတယ်။ ဟိုဘက်အဖွဲ့နဲ့ ထောက်ပို့နေသလား ဆိုပြီး ဖုန်းတွေပိုပြီး စစ်နေတယ်” ဟု ၎င်းက ဆက်ပြောသည်။

    ယနေ့ ဇူလိုင် ၃၁ ရက်နေ့ နံနက် ၈ နာရီတွင် စစ်ကောင်စီအမြှောက်တပ် ၃၁၇ မှ လိမ္မော်ခြံရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

    အဆိုပါရေး- သံဖြူဇရပ်လမ်းပိုင်းတွင် စစ်ကောင်စီအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ ( AD )အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယခုဇူလိုင်လအတွင်း တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks