spot_img
Tuesday, January 7, 2025
More
    spot_img
    Homeသတင်းရွေးကောက်ပွဲအလွန်ကာလတွင် ပြည်တွင်းစစ်မီး ပိုကြီးထွားလာနိုင်မည်ဟုဆို

    ရွေးကောက်ပွဲအလွန်ကာလတွင် ပြည်တွင်းစစ်မီး ပိုကြီးထွားလာနိုင်မည်ဟုဆို

    -

    စစ်ကောင်စီက အရေးပေါ်ကာလကို သက်တမ်းထပ်တိုးပြီး ရွေးကောက်ပွဲကျင်းပနိုင်သော်လည်း ရွေးကောက်ပွဲအလွန်ကာလတွင် ပြည်တွင်းစစ်မီး ပိုမိုကြီးထွားလာနိုင်သည်ဟု မွန်တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တို့က ပြောသည်။

    လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခကို မဖြေရှင်းနိုင်ဘဲ ရွေးကောက်ပွဲကျင်းပခြင်းသည် သွေးထိုးသံယိုများ ဖြစ်ပေါ်စေပြီး ရွေးကောက်ပွဲအလွန်ကာလတွင်လည်း ပြည်တွင်းစစ်မီး ပိုမိုကြီးထွားလာနိုင်သည်ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ပြောသည်။

    “သူတို့(စစ်ကောင်စီ) က အာဏာကို ရေရှည်ထိန်းသွားဖို့အတွက် ရွေးကောက်ပွဲကျင်းပမှာ ဖြစ်တယ်။ တရုတ်နိုင်ငံကလည်း နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲမြန်မြန်လုပ်ဖို့ ဖိအားပေးနေတယ်။ ဒါပေမဲ့ စစ်ကောင်စီရွေးကောက်ပွဲက ပြည်သူလူထုတွေလည်း မထောက်ခံဘူး။ ရွေးကောက်ပွဲက ကျင်းပနိုင်သည်ဖြစ်စေ၊ အစိုးရတစ်ခု တည်ဆောက်နိုင်သည်ဖြစ်စေ၊ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခကို အရင်မဖြေရှင်းဘဲနဲ့ ရွေးကောက်ပွဲကျင်းပဖို့အရေးကိုသာ ကြိုးစားနေတာဟာ ရွေးကောက်ပွဲနောက်ပိုင်းမှာလည်း ပဋိပက္ခတွေက ပိုပြီးကြီးထွားလာမယ်။ သွေးထွက်သံယိုတွေလည်း ပိုပြီး များလာမယ်” ဟု NMSP-AD ဒု-အဖွဲ့ခေါင်းဆောင် နိုင်ဗညားလယ်က ပြောသည်။

    စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲသည် အကောင်းထက် ဆိုးသည့်ကိစ္စများသာ ပိုများလာနိုင်သည်ဟု တော်လှန်ရေးအင်အားစုတို့က ဆိုသည်။

    မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကလည်း “ရွေးကောက်ပွဲအလွန် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းမယ်ဆိုရင်လည်း အဲဒီအစိုးရက ဒီမိုကရေစီလမ်းကြောင်းကို သွားပါ့မလား၊ ပြည်သူတွေတောင်းဆိုတဲ့ အခွင့်အရေးတွေကို သူတို့ပေးနိုင်မလာပေါ့။ သူတို့ကတော့ ပေးမှာမဟုတ်ဘူး။ ဒါ့ကြောင့် တော်လှန်ရေးအဖွဲ့တွေကတော့ ဆက်ပြီး တိုက်ပွဲဝင်နေကြမှာပဲလေ။ အဲတော့ စစ်ရေးပဋိပက္ခတွေက လျော့ကျသွားတာ မရှိဘူး။ ပိုပြီး ကြီးထွားလာဖို့ပဲ ဖြစ်နိုင်တယ်။ ပြည်တွင်း စစ်ရေးပဋိပက္ခတောင် မပြောနဲ့၊ စစ်ကောင်စီ ရွေးကောက်ပွဲမှာ ပါဝင်ထားတဲ့လူတွေလည်း သတ်ဖြတ်ခံရမှုတွေ အရင်ကထက် ပိုများလာမှာ” ဟု ပြောသည်။

    နိုင်ငံတစ်ဝန်း စစ်ရေးအရှိန်မြင့်တက်နေချိန်တွင် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ခပ်စိပ်စိပ် ပြောဆိုလာပြီး ပြင်ဆင်မှုတွေလည်း လုပ်ဆောင်လာသည်။ စစ်ကောင်စီက ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်အတွင်း ကျင်းပသွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,700SubscribersSubscribe
    spot_img

    Latest posts