spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းရေး-သံဖြူဇရပ်လမ်းပိုင်းတွင် ခရီးသွားလာသူတို့ လုံခြုံရေးဆိုင်ရာဆိုးရွားလာ

    ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် ခရီးသွားလာသူတို့ လုံခြုံရေးဆိုင်ရာဆိုးရွားလာ

    -

    မွန်ပြည်နယ်၊ ရေး- သံဖြူဇရပ် အမှတ် (၈) လမ်းမပေါ်တွင် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ကြား နေ့စဉ်နီးပါး တိုတ်ပွဲပြင်းထန်နေခြင်းကြောင့် ခရီးသွားလာသူတို့ လုံခြုံရေးဆိုင်ရာ ပိုမိုဆိုးရွားနေသည်ဟု ခရီးသွားလာသူတို့မှ သိရသည်။

    ရေး – သံဖြူဇရပ်လမ်းကြားရှိ အောင်သာယာရွာတွင် ယမန်နေ့ ဇူလိုင် ၂၉ ရက်နေ့ နံနက် ၈ နာရီတွင် စစ်ကောင်စီနှင့် မွန်ပြည်သစ်ပါတီ (AD)၊ တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့ကြားတိုက်ပွဲဖြစ်ခဲ့ပြီး ခရီးသည်တင်ယာဉ်တို့ ခေတ္တရပ်နားခဲ့ရသည်ဟု သိရသည်။

    အဆိုပါလမ်းပိုင်းတွင် နေ့စဉ်နီးပါးဖြစ်ပွားနေသည့် တိုက်ပွဲတို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ ဆိုင်ကယ်၊ ခရီးသည်တင်ယာဉ်နှင့် ခရီးသွားလာသူတို့ကို လက်ကိုင်ဖုန်းမှအစ ရှာဖွေစစ်ဆေးမေးမြန်းမှုလုပ်ဆောင်နေသည့်အပြင် မသင်္ကာသူတို့ကို ဖမ်းဆီးခေါ်ဆောင်နေသည်ဟု ရေးဒေသခံတစ်ဦးကဆိုသည်။

    “ ဒီတစ်ရက်နှစ်ရက်မှာဆို တိုက်ပွဲက ၂ ခါတောင်ဖြစ်ခဲ့တယ်ပေါ့ ၊စစ်ဆေးမေးမြန်းမှုက ပိုပြီးဆိုးနေတယ်ပေါ့၊ အထူးသဖြင့် ခြံသမားတွေဆို စစ်တပ်တွေက ဟိုဘက်အဖွဲ့တွေနဲ့ ထောက်ပို့လုပ်နေလာ ဘာလားဆိုပြီး ပိုပြီး စစ်ဆေးနေတယ်ပေါ့၊ သွားလာလို့ရနေသေးတယ်ဆိုပေမဲ့ ဖုန်းတွေစစ်တဲ့အထိဆိုတော့ ပိုပြီးခက်နေတာပေါ့" ဟု ဆိုသည်။

    လက်ရှိ ရေးဒေသခံတို့ အရေးပေါ်တစ်စုံတစ်ရာ ဖြစ်ပွားပါက လူနာတင်ယာဉ်အပြင် ခရီးသည်တင်ယာဉ်များ လမ်းလွှဲမှ မောင်းနှင်သွားလာနေရပြီး လမ်းစရိတ် နှစ်ဆပေးဆောင်နေရသည်ဟုလည်း ဒေသခံအမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

    “ကိုယ့်ရဲ့ အစ်မက နေမကောင်းလို့ မော်လမြိုင်ဆေခန်းကို သွားပြတယ်။ မော့ကနင်းရောက်တဲ့အချိန်မှာ ထိတိုက် တိုက်ပွဲတွေ ဖြစ်နေတယ်။ အဲကြောင့် ကားဆရာက ဆက်မသွားရဲဘဲ အိမ်ကိုပဲ ပြန်လာခဲ့တယ်” ဟု သောင်ပြင်သူတစ်ဦးကပြောသည်။

    စစ်ကောင်စီအဖွဲ့တို့မှ ရေး- ထားဝယ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခြင်းကြောင့် လက်ရှိတွင် မော့ကနင်လမ်းဝမှ ရေး-ထားဝယ်နယ်နိမိတ်အထိ အင်အားတိုးချဲ့ထားသည်ဟု သိရသည်။

    ထို့ကြောင့် ရေးဒေသခံတို့အနေဖြင့် အခြားမြို့ပေါ်သို့ အသွားအလာမလုပ်နိုင်မည်ကို စိုးရိမ်လျှက်ရှိသည်။

    ယခု ဇူလိုင်လအတွင်း မွန်ပြည်သစ်ပါတီ (AD)၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား ရေး – သံဖြူဇရပ်လမ်းပိုင်းတွင် တိုက်ပွဲအရှိုန်မြင့်တင်လျက်ရှိပြီး အဆိုပါ မော့ကနင်းရွာအနီးတွင် တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီအဖွဲ့မှ ရေးဒေသခံ ကားသမားနှစ်ဦးကို အကြိုအပို့လုပ်ဆောင်စေပြီး ၎င်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကာ ယနေ့အထိ ပြန်လည်လွတ်မြောက်သေးခြင်းမရှိကြောင်းလည်း သိရသည်။

    ၎င်းကြောင့် ဒေသခံတို့အနေဖြင့် အရေးကြီးကိစ္စမှလွဲ၍ ခရီးသွားလာခြင်းမပြုရန် တော်လှန်ရေး မဟာမိတ်အဖွဲ့တို့မှ တိုက်တွန်းပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks