spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းအာယုတောင်ရှိ ဌာနေပြည်သူ့စစ်များကို လက်နက်တပ်ဆင်ပေးပြီးနောက် စစ်သားအသွင်ဆောင်လာစေနိုင်

    အာယုတောင်ရှိ ဌာနေပြည်သူ့စစ်များကို လက်နက်တပ်ဆင်ပေးပြီးနောက် စစ်သားအသွင်ဆောင်လာစေနိုင်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အာယုတောင်ကျေးရွာအတွင်းရှိ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့မှ လက်နက်တပ်ဆင်ပေးနောက် စစ်သားအသွင်ဆောင်လာစေနိုင်သည်ဟု အာယုတောင်ဒေသခံတို့ ပြောဆိုလျှက်ရှိသည်။

    ယမန်နေ့ဇူလိုင်လ ၂၄ ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ အာယုတောင်ရှိ ဌာနေပြည်သူ့စစ်အဖွဲ့ဝင် ၂၅ ဦးခန့်ကို လက်နက်တပ်ဆင်ပေးခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်တို့မှ သိရသည်။

    ယခင်က စစ်တပ်လက်အောက်ခံပြည်သူ့စစ်များကို ကင်းစောင့်ခိုင်းစေခြင်း၊ အခွန်ကောက်ခံခြင်းနှင့် စစ်သားစုဆောင်းရေးလုပ်ငန်းစဉ်တို့တွင် စေခိုင်းနေပြီး ယခုကဲ့သို့ လက်နက်တပ်ဆင်ပေးထားသည့်နောက် ပစ်ခတ်တိုက်ခိုက်ဖြစ်ပွားရာတွင် စစ်ကူအင်အားအနေဖြင့် အသုံးပြုလာနိုင်သည်ဟု အာယုတောင် ဒေသခံတစ်ဦးက ဆိုသည်။

    “၂၅ လက်လောက်တော့လက်နက်တွေ ပေးထားတယ်၊ ရွာခံပြည်သူ့စစ်တွေက သုံးလေး ယောက်လောက်ပဲရှိတယ်။ကျန်တာက ဗမာတွေပဲ လင်းဦးအဖွဲ့တွေပေ့ါ။ အဖွဲ့ဝင်တွေက ၃၀ ကျော်လောက်ရှိတယ်။ သူတို့တပ်ပေးတာက ကင်းစောင့် တာကအစ အခွန်ကောက်တာတွေ ပြည်သူ့စစ်ကိုပဲခိုင်းတော့မှာတဲ့သူတို့တပ်ထဲက ပစ်ခတ်မှုတွေဖြစ်ရင်လည်း တပ်ထဲကစစ်သားကိုမထုတ်ဘဲ ပြည်သူ့စစ်ကိုခိုင်းမယ့်သဘောပဲ ” ဟု ၎င်းကဆိုသည်။

    အာယုတောင်လမ်းဝတွင် စခန်းချထားသည့် (ဌာနေ) ပြည်သူ့စစ်အဖွဲ့ဝင် ၃၀ နီးပါးရှိနေပြီး၊ နှင်းစုံ၊ ချောင်းတောင်တံတားတစ်ဝိုက်တွင် သွားလာလှုပ်ရှားနေသည့်အပြင် စစ်ဆေးဂိတ်ဖွင့်လှစ်ကာ ငွေကြေးကောက်ခံမှု လုပ်ဆောင်နေသည်ဟုလည်း ဒေသခံတို့မှ သိရသည်။

    “ရွာလမ်းဝမှာ သူတို့(ပြည်သူ့စစ်)ခန်းအနေနဲ့အထိုင်ချနေနေတာ၊ အာယုတောင် ဥက္ကဌအရင်က ခလရ ၃၄၃ ကစစ်ဗိုလ်ပဲ ဆိုတော့၊ ရွာမှာက စစ်သားတွေမလှည့်တော့ဘူး။ သူတို့ အဖွဲ့ပဲဝင်ထွက်နေတယ်။ အာယုတောင် ပြည်သူ့စစ်တွေ၊ သောင်ပြင်၊ ဒီမော့ကနင်တွေကိုလှည့်လည်နေတယ်။ စစ်သားတွေနဲ့အတူတူသွား လာနေတာက ၃ ကားလောက် ပေ့ါ ”ဟု ၎င်းကဆက်ပြောသည်။

    ရေးမြို့နယ်အတွင်း အာယုတောင်ဌာနေပြည်သူ့စစ်အဖွဲ့နှင့် တော်လှန်ပူးပေါင်းတပ်ဖွဲ့တို့်အကြား မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားလေ့ရှိပြီး၊ တော်လှန်ရေးအဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အာယုတောင် ပြည်သူ့စစ်အဖွဲ့ဝင် ၇ ဦးထက်မနည်းသေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

    မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်အဖွဲ့ဝင်များကို စစ်ကောင်စီတပ်မှ လက်နက်တပ်ဆင်ပေးခြင်းများ လုပ်ဆောင်နေသည့်အပြင် ရပ်ကွက်နှင့်ကျေးရွာတို့တွင်ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းထားရန် ဖိအားပေးမှုများရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks