spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းဘီးလင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် မော်လမြိုင်-ရန်ကုန်ကားလမ်းပိုင်း ယာယီပိတ်ထား

    ဘီးလင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် မော်လမြိုင်-ရန်ကုန်ကားလမ်းပိုင်း ယာယီပိတ်ထား

    -

    မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဘီးလင်းမြစ်ရေသည် ဇူလိုင်လ ၂၆ ရက်နေ့၊ ယနေ့မနက်ပိုင်းတွင် စိုးရိမ်ရေအမှတ်သို့ ကျော်လွန်ကာ ၁၁၀၇ စင်တီမီတာအထိ ရောက်ရှိနေခြင်းကြောင့် ရန်ကုန်- မော်လမြိုင်ကားလမ်းပိုင်းကို ယာယီပိတ်ထားရသည်ဟု နယ်မြေခံကူညီကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

    ဘီးလင်းမြို့နယ်၊ မော်လမြိုင်-ရန်ကုန်ကားလမ်းပိုင်းရှိ ဘိုးလှကြီးရပ်ကွက် သကြားစက်ရုံနှင့် အရက်ချက်စက်ရုံအနီးတွင်တစ်နေရာ တောင်ကလေးကျေးရွာနှင့် အဝန်းကြီးကျေးရွာအကြားတစ်နေရာနှင့် ကျုံးအိတ်တံတားနှင့် မစောတံတားကြားနေရာတွင်လည်း ရေဆက်လက်မြင့်တက်နေသည်ဟု သိရသည်။

    ထို့ကြောင့် ရန်ကုန်- မော်လမြိုင်ကားလမ်းပိုင်းအပြင် ဘီးလင်းနှင့် ကျိုက္ကော်လမ်းပိုင်းတွင်လည်း မည်သည့်ယာဉ်ကြီး၊ ယာဉ်ငယ်တို့မှ ဖြတ်သန်းသွားလာခွင့်မပြုနေကြောင်း ဘီးလင်းမြို့အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

    “ကားလမ်းက ခုထိပိတ်ထားတုန်းပဲ။ ကားတွေလည်းဖြတ်လို့မရသေးဘူး ရေမှမကျသေးတာလေ။ ရေရဲ့အတိုင်းအတာကိုတော့ ကျွန်တော်တို့လည်း ပြောပြမတတ်ဘူး။ ကားတွေလုံးဝဖြတ်လို့မရဘူး။ ကားလမ်းပေါ်မှာ ရေတအားကျော်နေတယ်။ လောလောဆယ်တော့ သွားလို့ရတဲ့လမ်းမရှိဘူး” ဟု သူကပြောသည်။

    လက်ရှိ မွန်းလွှဲပိုင်းအချိန်အထိ ရန်ကုန်- မော်လမြိုင်လမ်းပိုင်း နှစ်ဖက်ဖြတ်သန်းခွင့် ပိတ်ထားဆဲဖြစ်ပြီး ရေကျော်နေသည့်အခြေအနေတို့ကြောင့် မည်သည့် လမ်းလွှဲမှ ဖြတ်သန်းသွားနိုင်ခြင်းမရှိကြောင်းလည်း သိရသည်။

    ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် ဘီးလင်းမြစ်ရေဆက်လက်မြင့်တက်နေသည့်အပြင် ချောင်းဖျားရေစီးဆင်းမှုကြောင့် ဘီးလင်းမြို့ရှိ အိမ်ခြေ ၆၈ လုံး နစ်မြှုပ်သွားသည်ဟု အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့တို့ ပြောကြားချက်အရ သိရသည်။

    မွန်ပြည်နယ်တွင် လာမည့်ဇူလိုင် ၂၈ ရက်နေ့အထိ မိုဆက်လက်ရွာသွန်းနိုင်ခြင်းကြောင့် မြစ်ကမ်းအနီးနှင့် မြေအနိမ့်ပိုင်းနေထိုင်သူတို့အနေဖြင့် အထူးသတိပြုနေထိုင်ရန် မိုးလေဝဿနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks