spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းမိုးကုတ်တိုက်ပွဲအတွင်း ကလေး ၉ ဦးအပါ အရပ်သား ၃၁ ဦးသေ၊ ၆၀ နီးပါး ဒဏ်ရာရ

    မိုးကုတ်တိုက်ပွဲအတွင်း ကလေး ၉ ဦးအပါ အရပ်သား ၃၁ ဦးသေ၊ ၆၀ နီးပါး ဒဏ်ရာရ

    -

    ရှမ်းပြည်မြောက်ပိုင်း၊ မိုးကုတ်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အရပ်သားဦးတည်တိုက်ခိုက်မှုကြောင့် ကလေး ၉ ဦး၊ အမျိုးသမီး ၈ ဦး၊ အမျိုးသား ၁၄ ဦး သေဆုံးကာ ၅၉ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်သည်။

    ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အနေဖြင့် မိုးကုတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ဇွန်လ ၂၅ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီ သီတင်းပတ် ၄ ပတ်အကြာ ဇူလိုင်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီ လပခ၊ ခလရ (၇၈၊ ၈၈၊ ၁၄၈) ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးကို TNLA က ရှင်းလင်းချေမှုန်း သိမ်းပိုက်ခဲ့သည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အရပ်သားဦးတည်တိုက်ခိုက်မှုကြောင့် မိုးကုတ်ဒေသခံ ကျား ၁၄ ဦး၊ မ ၈ ဦး၊ ကလေး ၉ ဦး သေဆုံးပြီး၊ ၅၉ ဦး ဒဏ်ရာရရှိသည်ဟု ဆိုသည်။

    ၎င်းပြင် စစ်ကောၚ်စီ လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း ၄ ကျောင်း ပျက်စီးပြီး လူနေအိမ် ၂၉ လုံး မီးလောင်ပျက်စီးခဲ့သည်။

    မိုးကုတ်မြို့ စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီ အတွဲလိုက်ပစ်ဒုံးအပါအဝင် လက်နက်မျိုးစုံ ၂၀၀ ကျော်၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင်ပစည်းများ သိမ်းဆည်းရမိခဲ့သည့်အပြင် စစ်သုံးပန့် ၃၀ ကျော်လည်း ဖမ်းဆီးရမိသည်ဟု TNLA က ထုတ်ပြန်ထားသည်။

    မိုးကုတ်အနောက်ပိုင်းရှိ စစ်ကောင်စီတပ်စန်းများဖြစ်ကြသည့်ရွှေမျက်၀န်း၊ အေးစေတီးကုန်း၊ အာကာမိုး၊ ဒေါ်နန်းကြည်တောင်၊ ဗျူဟာကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း တပ်စခန်းတို့ကို ဇွန်လ ၃၀ ရက်နေ့က TNLA က သိမ်းပိုက်ခဲ့သည်။

    ယင်းနောက် မိုးကုတ်အရှေ့ပိုင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မန်တိုင်(၅)တပ်၊ ငရမ်းအင်စခန်း၊ ရေကန်တောင်စခန်း၊ တာဝါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ပန်းမထိပ်ရွာ၊ အကျဉ်းထောင်နှင့် ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများကိုလည်း TNLA က သိမ်းပိုက်ရရှိခဲ့သည်။

    မိုးကုတ်မြို့သည် စစ်ကောင်စီ လပခ လက်အောက်ခံ တပ်ဖြစ်သည့် ခလရ-၇၈၊ ၈၈ နှင့် ခလရ-၁၄၈ တို့ လာရောက်ထိုးစစ်ဆင်စခန်းချသည့် မြို့ဖြစ်ပြီး TNLA က ဒုတိယ သိမ်းပိုက်ရရှိသည့် မြို့ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks