spot_img
Saturday, July 12, 2025
More
    spot_img
    Homeသတင်းမိုးကုတ်တိုက်ပွဲအတွင်း ကလေး ၉ ဦးအပါ အရပ်သား ၃၁ ဦးသေ၊ ၆၀ နီးပါး ဒဏ်ရာရ

    မိုးကုတ်တိုက်ပွဲအတွင်း ကလေး ၉ ဦးအပါ အရပ်သား ၃၁ ဦးသေ၊ ၆၀ နီးပါး ဒဏ်ရာရ

    -

    ရှမ်းပြည်မြောက်ပိုင်း၊ မိုးကုတ်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အရပ်သားဦးတည်တိုက်ခိုက်မှုကြောင့် ကလေး ၉ ဦး၊ အမျိုးသမီး ၈ ဦး၊ အမျိုးသား ၁၄ ဦး သေဆုံးကာ ၅၉ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်သည်။

    ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အနေဖြင့် မိုးကုတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ဇွန်လ ၂၅ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီ သီတင်းပတ် ၄ ပတ်အကြာ ဇူလိုင်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီ လပခ၊ ခလရ (၇၈၊ ၈၈၊ ၁၄၈) ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးကို TNLA က ရှင်းလင်းချေမှုန်း သိမ်းပိုက်ခဲ့သည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အရပ်သားဦးတည်တိုက်ခိုက်မှုကြောင့် မိုးကုတ်ဒေသခံ ကျား ၁၄ ဦး၊ မ ၈ ဦး၊ ကလေး ၉ ဦး သေဆုံးပြီး၊ ၅၉ ဦး ဒဏ်ရာရရှိသည်ဟု ဆိုသည်။

    ၎င်းပြင် စစ်ကောၚ်စီ လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း ၄ ကျောင်း ပျက်စီးပြီး လူနေအိမ် ၂၉ လုံး မီးလောင်ပျက်စီးခဲ့သည်။

    မိုးကုတ်မြို့ စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီ အတွဲလိုက်ပစ်ဒုံးအပါအဝင် လက်နက်မျိုးစုံ ၂၀၀ ကျော်၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင်ပစည်းများ သိမ်းဆည်းရမိခဲ့သည့်အပြင် စစ်သုံးပန့် ၃၀ ကျော်လည်း ဖမ်းဆီးရမိသည်ဟု TNLA က ထုတ်ပြန်ထားသည်။

    မိုးကုတ်အနောက်ပိုင်းရှိ စစ်ကောင်စီတပ်စန်းများဖြစ်ကြသည့်ရွှေမျက်၀န်း၊ အေးစေတီးကုန်း၊ အာကာမိုး၊ ဒေါ်နန်းကြည်တောင်၊ ဗျူဟာကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း တပ်စခန်းတို့ကို ဇွန်လ ၃၀ ရက်နေ့က TNLA က သိမ်းပိုက်ခဲ့သည်။

    ယင်းနောက် မိုးကုတ်အရှေ့ပိုင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မန်တိုင်(၅)တပ်၊ ငရမ်းအင်စခန်း၊ ရေကန်တောင်စခန်း၊ တာဝါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ပန်းမထိပ်ရွာ၊ အကျဉ်းထောင်နှင့် ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများကိုလည်း TNLA က သိမ်းပိုက်ရရှိခဲ့သည်။

    မိုးကုတ်မြို့သည် စစ်ကောင်စီ လပခ လက်အောက်ခံ တပ်ဖြစ်သည့် ခလရ-၇၈၊ ၈၈ နှင့် ခလရ-၁၄၈ တို့ လာရောက်ထိုးစစ်ဆင်စခန်းချသည့် မြို့ဖြစ်ပြီး TNLA က ဒုတိယ သိမ်းပိုက်ရရှိသည့် မြို့ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,700SubscribersSubscribe
    spot_img

    Latest posts