spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းလေကြောင်းဖြင့်ထပ်မံတိုက်ခိုက်ခံရမည်ကို ငပုအင်းဒေသခံတို့ စိုးရိမ်နေ

    လေကြောင်းဖြင့်ထပ်မံတိုက်ခိုက်ခံရမည်ကို ငပုအင်းဒေသခံတို့ စိုးရိမ်နေ

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ငပုအင်းရွာသစ်ဘုန်းကြီးကျောင်းနှင့် လွှစင်ကုန်လမ်းဆုံဘက်သို့ စစ်ကောင်စီမှ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ သွားလာလှုပ်ရှားမှုရှိနေဆဲဖြစ်ပြီး ထပ်မံဗုံးကြဲတိုက်ခိုက်ခံရမည်ကို ဒေသခံတို့ စိုးရိမ်လျှက်ရှိသည်ဟု သိရသည်။

    အဆိုပါ ဒေသတွင် စစ်ကောင်စီအဖွဲ့မှ စစ်ကြောင်းထိုးဝင်ရောက်မှုမရှိသော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ DKBA၊
    တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့တို့ သွားလာလှုပ်ရှားနေသည်ဟု သိရသည်။

    ထို့ကြောင့် လက်ရှိတွင် ငပုအင်းဒေသခံ၊ ငပြဲမ၊ လွှစင်ကုန်နှင့် အနီးအနားရွာရှိဒေသခံတို့ အနီးနားရှိဥယျာဉ်ခြံအတွင်း တိမ်းရှောင်နေသူတို့ရှိသကဲ့သို့ မြို့ပေါ်သို့ ပြောင်းရွေ့သွားသူတို့လည်းရှိနေသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

    “စစ်သားတွေကိုကြောက်လို့တိမ်းရှောင်ကြသူတွေကသိပ်မများဘူးလေနော်၊ အဲ့ဒေသကတော့ သူတို့လှုပ်ရှားရာပဲ ဆိုတော့ ကရင်စစ်သားတွေပဲ ထိန်းချုပ်ထားတာ၊ ကရင်ဒေသခံတွေ အချင်းချင်းပဲ သွားလာနေတယ်ဆိုတာ သိပ်တော့အစစ်ဆေးမများပေမဲ့ ဟိုကနေထပ်ကြဲချလာမှာ ကိုစိုးရိမ်နေရတယ်။ လေကြောင်းနဲ့ပဲလာရင်လာနိုင်တယ်။စစ်သားတွေက ကျမတို့ဘက်မရှိဘူး၊တောင်ကလေးနဲ့ချောင်းနှစ်ခွမှာပဲရှိတယ်"ဟု ၎င်းကဆိုသည်။

    ထို့အပြင် ငပုအင်းနှင့် လွှစင်ကုန်ကျေးရွာရှိ စာသင်ကျောင်းတို့ကို ဗုံးကြဲတိုက်ခိုက်ခံရသည့် ဇူလိုင် ၁၉ ရက်နေ့နောက်ပိုင်း လုံခြုံရေးအရ ပိတ်ထားဆဲဖြစ်ကြောင်း ယင်းဒေသရှိ ကျောင်းဆရာတစ်ဦးကပြောသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် ငပုအင်းရွာဘုန်းကြီးကျောင်းနှင့် လွှစင်ကုန်းလမ်းဆုံလေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ကလေးငယ်အပါအဝင်အရပ်သား အမျိုးသား၊ အမျိုးသမီး ၁၀ ဦးထက်မနည်း သေဆုံးသွားခဲ့ပြီး၊ တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ၁၀ ဦးကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူလည်း ၂၀ ဦး ထက်မနည်းရှိခဲ့သည်ဟု သိရသည်။

    ကျိုက်မရောမြို့နယ်အတွင်း စစ်ကောင်စီတပ်တို့ စစ်ကြောင်းထိုးဝင်ရောက်မည်ဟု သတင်းထွက်ပေါ်နေသည့်အပြင် လတ်တလောတွင်MCLဘိလပ်မြေစက်ရုံးဘက်နှင့် ကော့သပ်၊ ကော့ပနော့ဘက်တွင် ကရင်လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တို့ လှုပ်ရှားသွားလာနေသဖြင့် တိုက်ပွဲထပ်မံဖြစ်ပွားမည်ကိုလည်း စိုးရိမ်နေရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

    “လွန်ခဲ့တဲ့နှစ်ရက်လောက်တုန်းကလေယာဉ်လှည့်လာနေတယ်ဆိုတော့၊ ကရင်စစ်သားတွေကတော့ သူတို့သတိအနေထားနဲ့နေနေရတယ်။ ကုန်လမ်းကနေလာမလား၊ ဟိုနေ့ကဖြစ်ဖျက်သွားတဲ့ကိစ္စက အလောင်းတွေ လည်းဘယ်သူဘယ်ဝါဆိုတာက သူ့အသုံးအဆောင်ပစ္စည်းတွေကိုကြည့်ရတာ ” ဟု ဆိုသည်။

    တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခံရသည့်ဒေသတွင် စောအယ်စေးဝါးတပ်ဖွဲ့၊ ကျားဖြူစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း၊ ဒေါနစစ်ကြောင်း ၊ မွန်ပြည်လွတ်မြောက်ရေးတပ် M.L.Aနှင့်မြစန္ဒီစစ်ကြောင်းတို့လှုပ်ရှားရာဒေသဖြစ်ကြောင်း တော်လှန်အင်အားစုထံမှသိရသည်။

    မွန်ပြည်နယ်အတွင်း ကျိုက်မရောမြို့နယ်သည်လေကြောင်းတိုက်ခိုက်ခံရမှုအများဆုံးဖြစ်ပြီး၊ရေးမြို့နယ်သည် ဒုတိယလေကြောင်းတိုက်ခိုက်ခံရမှုအများဆုံးဖြစ်သည်ဟုလည်းသိရသည်။

    ၂၀၂၄ ခုနှစ် ၆ လတာကာလအတွင်းစစ်ကောင်စီတပ်မှလ လေကြောင်းတိုက်ခိုက်မှုအပါ အင်အားကြီးလက်နက် အသုံးပြုတိုက်ခိုက်မှုကြောင့် ကလေးနှင့် အမျိုးသမီးများအပါအဝင် သေဆုံးသူ ၇၀ ကျော်ရှိနေပြီး ထိခိုက်ဒဏ်ရာ ရသူ ၁၂၀ ကျော်ရှိသည်ဟု လဂွန်းအိမ်စာစဉ်အချက်အလက်များအရသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks