spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းတောင်ကျရေနှင့်ချောင်းရေတို့ကြောင့် မတော်တဆထိခိုက်သေဆုံးမှု သတိရှိရန် လူမှုကယ်ဆယ်ရေးအဖွဲ့တို့တိုက်တွန်း

    တောင်ကျရေနှင့်ချောင်းရေတို့ကြောင့် မတော်တဆထိခိုက်သေဆုံးမှု သတိရှိရန် လူမှုကယ်ဆယ်ရေးအဖွဲ့တို့တိုက်တွန်း

    -

    မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် မိုးရာသီအတွင်း တောင်ကျရေ၊ ချောင်းရေအန္တရာယ်ကြောင့် နှစ်စဉ်လူသေဆုံးမှုများပြားလျှက်ရှိပြီး ယခုနှစ်တွင် ထိခိုက်သေဆုံးမှုနည်းရန် သတိရှိစေလိုကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွင် လှုပ်ရှားနေသူတို့က တိုက်တွန်းပြောဆိုထားသည်။

    အထူးသဖြင့် အားလပ်ရက်၊ ရုံးပိတ်ရက်တို့တွင် လည်ပတ်သူ ထောင်နှင့်ချီရှိနေသည့် ပေါင်မြို့နယ် ဇင်းကျိုက်နှင့် ဆင်ရွာရေတံခွန်တို့တွင် အမြင့်နေရာမှ ဓါတ်ပုံရိုက်ခြင်း၊ ရေကူးခြင်းမပြုရန်နှင့် အန္တရာယ်ကင်းသည့် နေရာမှသွားလာရန်လိုအပ်သည်ဟု မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းကဆိုသည်။

    "ဒီအချိန်မှာ မိုးတွင်းက ရေစီးကသန်နေတာဖြစ်တဲ့အတွက် တစ်ခုခုခြေချော်သွားတာနဲ့ ရေစီးထဲမျောပါသွားနိုင်တယ်ပေါ့၊ ဟိုနေ့က ဆင်ရွာရေတံခွန်က ဖြစ်စဉ်မှာဆိုရင် တော်တော်ခက်ခက်ခဲခဲလေးကို ကယ်ဆယ်ရတာ ကံကောင်းလို့ Body ပြန်ရတာ မဟုတ်ရင် ကျောက်ခွဲရမဲ့ အနေအထားထိတောင်ဖြစ်နိုင်တယ်၊ ဒါကြောင့်မို့ အပျော်ကနေ အပျက်မဖြစ်အောင် မိမိကိုယ်ကို သတိရှိကြပါ”ဟု ဆိုသည်။

    ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့က ပေါင်မြို့နယ် ဆင်ရွာရေတံခွန်တွင် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ရေထဲပြုတ်ကျ သေဆုံးခဲ့သေးကြောင်း သိရသည်။

    ၎င်းကြောင်း မွန်ပြည်နယ်အတွင်း လူသွားလူလာများသည့် ရေတံခွန်နှင့် မြစ်ချောင်းနေရာတို့တွင် အန္တရာယ်ကင်းရှင်းရန် နယ်မြေခံတို့မှ လုံခြုံရေးကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့ ဖွဲ့စည်းထားသင့်ပြီး အန္တရာယ်ရှိနိုင်မည့်ဧရိယာတို့တွင် ကန့်သတ် တားမြစ်ထားရန်လိုအပ်သည်ဟုလည်း ဆက်ပြောသည်။

    နယ်မြေခံလူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ ရေဘေးနှင့် ရေမတော်တဆဖြစ်စဉ်တို့အတွက် အမြန်ဆုံး ကူညီကယ်ဆယ်ရန် စောင့်ကြည့်နေသော်လည်း ဒေသခံပြည်သူတို့ကိုယ်တိုင် စည်ကမ်းလိုက်နာရန် လိုအပ်သည်ဟုလည်း ရေးမြို့ပရဟိတ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

    "ကျောင်းပိတ်ရက်တွေမှာဆိုရင် ချောင်းတွေမှာ လုံခြုံရေးတင်းကြပ်ထားရတဲ့နေ့တွေပေါ့၊ ရေနက်တဲ့နေရာတွေမသွားဖို့လည်း ကျနော်တို့ထပ်ခါထပ်ခါသတိပေးတာမျိုးတွေလုပ်တယ်၊ လော်စပီကာနဲ့ အော်ပြောရတာမျိုးတွေလည်း ရှိတယ်ပေါ့၊ ဒါပေမဲ့ မလိုက်နာတော့ မဖြစ်သင့်တာတွေ ဖြစ်သွားတတ်တာမျိုးတွေရှိတယ်" ဟု ဆိုသည်။

    မွန်ပြည်နယ်အတွင်း ရေတံခွန်နှင့် အပန်းဖြေစခန်း ၁၀ ခုထက်မနည်းရှိပြီး နှစ်စဉ်ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ရေကြီးရေလျှံမှုနှင့် မတော်တဆမှုကြောင့် လူသေဆုံးမှုများလျှက်ရှိသည်ဟု သိရသည်။

    ဇင်းကျိုက်ရေတံခွန်တွင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်း လူငယ် ၄ ဦး အစုလိုက်သေဆုံးမှု ဖြစ်စဉ် ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

    လက်ရှိ ဘီးလင်းမြစ်ရေနှင့် သံလွင်မြစ်ရေသည် မိုးလေဿနှင့် ဇလဗေဒမှ ဇူလိုင် ၂၃ ရက်နေ့တိုင်းတာချက်အရ စိုးရိမ်ရေအမှတ် နီးပါးသို့ရောက်ရှိနေပြီး ပင်လယ်ငါးဖမ်းယာဉ်နှင့် ကမ်းရိုးတန်းဒေသနေထိုင်သူတို့ကို သတိပေးတားမြစ်ထားသေးကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks