spot_img
Saturday, February 14, 2026
More
    spot_img
    Homeမေးမြန်းချက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယာယီသမ္မတရာထူးနေရာ လွှဲပြောင်းရယူလိုက်သည့်အပေါ် မွန်တော်လှန်ရေးခေါင်းဆောင်တို့က အခုလို သုံးသပ်ပြောဆို

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယာယီသမ္မတရာထူးနေရာ လွှဲပြောင်းရယူလိုက်သည့်အပေါ် မွန်တော်လှန်ရေးခေါင်းဆောင်တို့က အခုလို သုံးသပ်ပြောဆို

    -

    စစ်တပ် အာဏာသိမ်းပြီးနောက် ရွေးချယ်ခန့်အပ်ထားသည့် ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေကို အကြောင်းပြကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ဥက္ကဋ္ဌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတရာထူးနေရာကို ဇူလိုင်လ ၂၂ ရက်နေ့က လွှဲပြောင်းရယူလိုက်ကြောင်းကို စစ်ကောင်စီက ကြေညာခဲ့သည်။

    ယာယီသမ္မတတာဝန်ဝတ္တရားများ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တာဝန်များလွှဲအပ်ကြောင်းကို ယာယီသမ္မတရုံးက စာပို့လာသည့်အတွက် ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် လက်မှတ်ရေးထိုး လက်ခံခဲ့ခြင်းဖြစ်သည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယာယီသမ္မတရာထူးနေရာ လွှဲပြောင်းရယူလိုက်သည့်အပေါ် မွန်တော်လှန်ရေးခေါင်းဆောင်တို့က အခုလို သုံးသပ်ပြောဆိုထားသည်။

    နိုင်မွန်စိုင်း (မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ဥက္ကဌ)

    တကယ်တမ်းက မင်းအောင်လှိုင်က သမ္မတအာဏာပြန်သိမ်းလိုက်ပြီး သမ္မတဝင်လုပ်တာလို့ ယေဘုယျအားဖြင့် ပြောလို့ရတယ်။ ဒီနေ့အခြေအနေမှာကတော့ မင်းအောင်လှိုင်ဆောင်ရွက်နေတာနဲ့ပတ်သက်ပြီး အများစုက သဘောမတွေ့ကြဘူး။ သဘောမတွေ့ကြလို့ပဲ သူ့အပေါ် အယုံအကြည်မရှိကြတော့ဘူး။ အဲ့ဒါတွေကြောင့် ရှိသမျှအာဏာတွေကို အကုန်သိမ်းယူနေတာ။ ဒီလိုဖြစ်လာပြီးဆိုရင် စစ်အာဏာရှင်ရဲ့ဥပဒေတွေဟာ ပိုပြီးခိုင်မာလာတယ်။ ဒီလိုခိုင်မာအောင်လည်း သူကပြုပြင်ဖန်တီးနေတယ်။ ဒီပြောင်းလဲမှုတွေကြောင့် နိုင်ငံပဋိပက္ခတွေက ပိုပြီးရှုပ်ထွေးလာမယ်။ နိုင်ငံတကာလည်း သူ့ကို လက်မခံနိုင်တာတွေ ဖြစ်လာမယ်။

    တရုတ်နိုင်ငံကအစ နိုင်ငံတကာအဆုံး သူ့ကိုလက်မခံနိုင်လာကြတော့ သူ့ဘာသူ ဖြစ်သလိုဆောင်ရွက်ရတယ်။ သူ့အခြေအနေအားလုံးလိုလိုကလည်း ပိုပြီးဆိုးလာမယ်။ သူက စစ်အာဏာရှင်တွေ သူ့ရဲ့ ဩဇာအာဏာတွေကို မြှင့်တင်ချင်နေတယ်လို့ပဲ မြင်တယ်

    နိုင်ဗညာမွန် (မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ပြောရေးဆိုခွင့်ရှိသူ)

    ဥပဒေအရတော့ ဖြစ်စဉ်ကျကျ လွှဲပြောင်းယူတာတော့ မဟုတ်ဘူး။ မတရားလွှဲပြောင်းယူတာပဲပေါ့။ အဓိကကလေ သူတို့သက်တမ်းတိုးထားတဲ့ ၆ လက သက်တမ်းပြည့်ရင် ထပ်တိုးကိုတိုးရတယ်။ လုပ်ငန်းအစီအစဉ်နဲ့တွက်မယ်ဆိုရင် သက်တမ်းတိုးရင် သမ္မတရှိရတယ်။ သက်တမ်းမတိုးခင်မှာ လုပ်ငန်းအစီအစဉ်တွေ အဆင်ပြေအောင် ပြင်ဆင်ထားတယ်ဆိုတာ ပြောလို့ရတယ်။ ဒီဇူလိုင်လကုန် ဩဂုတ်လအစ သက်တမ်းတိုးမယ့်ခါကြရင် သမ္မတအနေနဲ့ ပြောခွင့်ပြုတယ်။ အဓိပ္ပာယ်က ဥပဒေတွေအသက်ပြန်ဝင်အောင် လမ်းကြောင်းသွင်းတာပေါ့။ ဘာပဲဖြစ်ဖြစ် အကုန်လုံးက မတရားလုပ်ယူနေတာပဲ။ အခုတောင် သူဖြစ်ချင်သလို သူလုပ်ချင်သလိုပဲ လုပ်ယူနေတာဆိုတော့ ဒီအတိုင်းပဲရှေ့ဆက်သွားမှာပဲ။ သူလက်မှာ အာဏာတွေကို သူကြိုက်သလို တင်းကြပ်ချင်နေတာ

    ဒေါက်တာသီရိမွန်ချမ်း (မွန်ပြည်ကာကွယ်ရေးတပ် MSDF ပြောရေးဆိုခွင့်ရှိသူ)

    မင်းအောင်လှိုင်ကလေ ဘာနည်းနဲ့ဖြစ်ဖြစ် သူ့အာဏာတွေတက်လာအောင် လုပ်လာတာအမြဲပဲ။ သက်တမ်းတိုးလာတာ ၆ လတစ်ခါကအစပေါ့။ နောက်တစ်ခုက အရင်သမ္မတကို မကျန်းမာတာအကြောင်းပြုပြီး သူက ယာယီသမ္မတနေရာလွှဲယူတာက ဘာမဟုတ်ဘူး။ အဓိကက သူ့အာဏာတွေ ဒီထက်ပိုပြီးတက်လာရင် သူလုပ်ချင်တာ သူလုပ်လို့ရမှာလေ။ သူက ဝန်ကြီးဖြစ်ဖြစ် သမ္မတပဲဖြစ်ဖြစ် အာဏာတွေက ပြည်သူတွေအပေါ်မှာ နိုင်ငံရေးအခြေအနေတွေအပေါ်မှာပဲ မူတည်တာ။ စကစကနေပြီးတော့ ဘာပြောင်းလဲမှုပဲလုပ်လုပ် နိုင်ငံရေးအခြေအနေတွေ မထိန်းနိုင်ရင် ရေရှည်သွားလို့မရဘူး။ ဒါမေမဲ့ သူတို့က အာဏာကို ရူးသွပ်နေတဲ့သူတွေဆိုတော့ အာဏာရနေရင်တော့ တစ်နည်းမဟုတ်တစ်နည်း လှုပ်ရှားနေမှာပဲ။ ရွေးကောက်ပွဲလုပ်တာတွေဘာတွေပေါ့။ သူတို့ကဘယ်လိုပဲကြိုးစားလုပ်လုပ် ကျွန်တော်တို့အတွက်တော့ ဘာမထူးဘူး

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks