spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းမီးဖိုချောင်သုံး Gas တို့ ဈေးနှုန်းကြီးမြင့်ပြီး ဆိုင်အများစုတွင် ပစ္စည်းပြတ်လပ်နေ

    မီးဖိုချောင်သုံး Gas တို့ ဈေးနှုန်းကြီးမြင့်ပြီး ဆိုင်အများစုတွင် ပစ္စည်းပြတ်လပ်နေ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ၂၃ ဇူလိုင် ၂၀၂၄။

    မွန်ပြည်နယ်တွင်  မီးဖိုချောင်သုံး Gas တို့  ပြီးခဲ့သည့် ဇွန်လမှစ၍ ပြည်ပမှတင်သွင်းမှု နည်းလာခြင်းကြောင့် ဈေးနှုန်းမြင့်တက်လာသည့်အပြင် ဆိုင်အများစုတွင် Gas  ပြတ်လပ်လျှက်ရှိနေသည်ဟု ဝယ်ယူသုံးစွဲနေသူတို့မှ သိရသည်။

    လက်ရှိ Gas ဖြည့်သွင်း ရောင်းချပေးနေသည့် ဆိုင်တို့တွင် အကန့်အသတ်ဖြင့်သာရောင်းချနေပြီး အများဆုံး ၁၀ kg ခန့်သာ ရောင်းချပေးနေသည်ဟု သိရသည်။

    LPG gas တင်သွင်းသူတို့နှင့် တစ်နိုင်တစ်ပိုင် ပြန်ရောင်းသူတို့ကြား မှာယူရရှိမှုခက်ခဲနေပြီး ပစ္စည်းပြတ်လပ်နေခြင်းကြောင့် လက်ကျန်ရှိနေသည့်ဆိုင်တို့ ဈေးနှုန်းမြှင့်တင်ရောင်းချလျှက်ရှိသည်ဟု တစ်နိုင်တစ်ပိုင် Gas‌ ရောင်းဝယ်နေသူတစ်ဦးက ဆိုသည်။

    “အခု ဆို Gas အိုးသေး ၄ ပိဿာ (4 kg) ကဆို ၃၂၀၀၀ ၊ အပိုဝန်ဆောင်ခအပါအဝင်ဆိုရင် ၃၄၀၀၀ ဖြစ်သွားမယ်။ အိုးကသုံးမျိုးရှိတယ် အလယ်အလတ်အိုးက ၁၂ kgပေါ့၊ ၁၂ kg က ကျွန်တော်တို့ ၁၀ kg ပဲဖြည့်ပေးလို့ရမယ်၊ ဈေးကတော့ ၈၀၀၀၀ ေလာက်ကျမယ်။ အိုးကြီးကတော့ ၁၆ kg၊ ၁၆ kg ဆို ၁၁၀၀၀၀ ကျမှာ၊ အရင်က ၁၆ kg အိုးဆို ၅၂၀၀၀ ဒါမှမဟုတ် ၅၅၀၀၀ လောက်ပဲရှိမှာ” ဟု ဆိုသည်။

    သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် မီးဖိုချောင်သုံး gas တို့ လုံးဝပြတ်လတ်နေသည့်အခြေအနေတို့ကြောင့် လက်လီဆိုင်အများစုပိတ်သိမ်းထားသည်ဟုလည်း သိရသည်။

    တစ်ရက်လျှင် လျှပ်စစ်မီရရှိချိန်အများဆုံး ၄ နာရီခန့်သာရရှိသည့် မွန်ပြည်အတွင်း  မီးဖိုချောင်သုံး လောင်စာအဖြစ် gas ကို ပိုမိုသုံးစွဲနေရပြီး လက်ရှိတွင် အိမ်ရှင်မတို့ခက်ခဲလျှက်ရှိသည်ဟု သိရသည်။

    ” Gas က ဘယ်မှာမှ ဝယ်မရနေတာ၊ သူများအိမ်တွေ အကုန်ကုန်နေတာ ဖြည့်လို့လည်းမရ၊ ကျမတို့အိမ်တစ်အိမ်ပဲ နည်းနည်းကျန်တဲ့ဟာနဲ့ သုံးနေတာ၊ လိုက်ဖြည့်လို့လည်းမရဘူးကွယ် ဘာဖြစ်နေလဲမသိဘူး မီးသွေးနဲ့ ထင်းနဲ့ပဲသုံးနေရတာ" ဟု သံဖြူဇရပ်မှ အိမ်ရှင်မတစ်ဦးက ဆိုသည်။

    မီးဖိုချောင်သုံး gas တို့ကို ထိုင်းနိုင်ငံမှ တင်သွင်းရောင်းချရခြင်းဖြစ်ပြီး  ဆိပ်ကမ်းမှတင်ပို့မှု အခက်အခဲကြောင့် ယခုကဲ့သို့ ဈေးကွက်အတွင်း ပြတ်လပ်နေရသည်ဟုလည်း ရောင်းဝယ်နေသူတို့က ဆိုသည်။

    စစ်ကောင်စီ၏ အခွန်စနစ်နှင့် ဒေါ်လာပေးချေမှု ကန့်သတ်ချက်တို့ကြောင့် LPG သဘာဝဓါတ်ငွေ့တင် သဘောင်္တို့ ဝင်ရောက်နည်းလာသည့်အပြင် နယ်စပ်လမ်းကြောင်းမှတစ်ဆင့် ဝန်ရောက်ရန်လည်း တိုက်ပွဲအခြေအနေတို့ကြောင့် လမ်းခရီးကြန့်ကြာနေကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks